နေ့လယ်ခင်း ပွဲကစားသူတွေအတွက် j လိဂ် စပြီ

အသက် ၂၀ သာ ရှိသေးတဲ့ အင်ဒိုနီးရှားလက်ရွေးစင် ဘယ်အစွန်ခံစစ်မှုး

“ပရာတာမာအာဟန်” ဟာ အင်ဒိုးနီးရှားက လပ် PSIS Semarang ကနေ

ဂျပန် ဂျေ-၂ ကလပ် တိုကျိုဗာဒီကို ပြောင်းရွေ့လိုက်ပါပြီ။

ပရာတာမာအာဟန်ဟာ အင်ဒိုနီးရှားလက်ရွေးစင်အဖြစ်

၁၆ ပွဲကစားပြီး ၃ ဂိုးသွင်းထားပါတယ်။

ပြင်းထန်တဲ့ ကန်ချက်တွေ၊ ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းနိုင်စွမ်းရှိသူဖြစ်ပြီး

သူဟာ တိုကျိုဗာဒီမှာ ကျောနံပါတ် ၃၈ ဝတ်ဆင်မှာပါ။

သူရဲ့ ပြောင်းရွေ့ကြေးကို ထုတ်ပြန်ခြင်းမရှိပေမယ့် ၂ နှစ်စာချုပ်နဲ့

ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံက အဆင့်အမြင့်ဆုံးဖြစ်တဲ့ J ဂျေလိဂ်ကတော့

ဒီညနေမှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဂျေ-၂ ပြိုင်ပွဲကိုတော့ မနက်ဖြန်၊ စနေနေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။

ဂျေလိဂ်နဲ့ ဂျေ-၂ လိဂ်ပြိုင်ပွဲတွေဟာ မနက်ပိုင်း ၁၀း၃၀၊ ၁၁း၃၀ နာရီအချိန်တွေမှာ

ကစားကြလို့ နေ့လယ်ခင်းတွေမှာ ရွေးချယ်စရာပြိုင်ပွဲတစ်ခု

ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။

ထို့အတူ တောင်ကိုရီးယားက ထိပ်သီးလိဂ်တစ်ခုဖြစ်တဲ့ K လိဂ်ကလည်း

မနက်ဖြန်၊ ဖေဖော်ဝါရီ ၁၉၊ နံနက် ၁၁း၃၀ အချိန်မှာ

လက်ရှိချန်ပီယံ ဂျောင်ဘတ်ဟွန်ဒိုင်း-ဆူဝမ် ပွဲနဲ့ စတင်တော့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား K လိဂ်ကလည်း မနက် ၁၁း၃၀၊ မွန်းလွဲ ၂ နာရီအချိန်တွေမှာ

ကစားကြတာမို့ မနက်ခင်း၊ နေ့လယ်ခင်းတွေမှာလည်း

ရွေးချယ်စရာတွေ ပိုများလာတာဖြစ်ပါတယ်။

zawgyi

ေန႔လယ္ခင္း ပြဲကစားသူေတြအတြက္ j လိဂ္ စၿပီ

အသက္ ၂၀ သာ ရွိေသးတဲ့ အင္ဒိုနီးရွားလက္ေ႐ြးစင္ ဘယ္အစြန္ခံစစ္မႈး

“ပရာတာမာအာဟန္” ဟာ အင္ဒိုးနီးရွားက လပ္ PSIS Semarang ကေန

ဂ်ပန္ ေဂ်-၂ ကလပ္ တိုက်ိဳဗာဒီကို ေျပာင္းေ႐ြ႕လိုက္ပါၿပီ။

ပရာတာမာအာဟန္ဟာ အင္ဒိုနီးရွားလက္ေ႐ြးစင္အျဖစ္

၁၆ ပြဲကစားၿပီး ၃ ဂိုးသြင္းထားပါတယ္။

ျပင္းထန္တဲ့ ကန္ခ်က္ေတြ၊ ျပစ္ဒဏ္ေဘာကေန ဂိုးသြင္းႏိုင္စြမ္းရွိသူျဖစ္ၿပီး

သူဟာ တိုက်ိဳဗာဒီမွာ ေက်ာနံပါတ္ ၃၈ ဝတ္ဆင္မွာပါ။

သူရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို ထုတ္ျပန္ျခင္းမရွိေပမယ့္ ၂ ႏွစ္စာခ်ဳပ္နဲ႔

ေခၚယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ပန္ႏိုင္ငံက အဆင့္အျမင့္ဆုံးျဖစ္တဲ့ J ေဂ်လိဂ္ကေတာ့

ဒီညေနမွာ စတင္က်င္းပေနၿပီျဖစ္ပါတယ္။

ေဂ်-၂ ၿပိဳင္ပြဲကိုေတာ့ မနက္ျဖန္၊ စေနေန႔မွာ စတင္က်င္းပမွာျဖစ္ပါတယ္။

ေဂ်လိဂ္နဲ႔ ေဂ်-၂ လိဂ္ၿပိဳင္ပြဲေတြဟာ မနက္ပိုင္း ၁၀း၃၀၊ ၁၁း၃၀ နာရီအခ်ိန္ေတြမွာ

ကစားၾကလို႔ ေန႔လယ္ခင္းေတြမွာ ေ႐ြးခ်ယ္စရာၿပိဳင္ပြဲတစ္ခု

ထပ္တိုးလာတာလည္း ျဖစ္ပါတယ္။

ထို႔အတူ ေတာင္ကိုရီးယားက ထိပ္သီးလိဂ္တစ္ခုျဖစ္တဲ့ K လိဂ္ကလည္း

မနက္ျဖန္၊ ေဖေဖာ္ဝါရီ ၁၉၊ နံနက္ ၁၁း၃၀ အခ်ိန္မွာ

လက္ရွိခ်န္ပီယံ ေဂ်ာင္ဘတ္ဟြန္ဒိုင္း-ဆူဝမ္ ပြဲနဲ႔ စတင္ေတာ့မွာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယား K လိဂ္ကလည္း မနက္ ၁၁း၃၀၊ မြန္းလြဲ ၂ နာရီအခ်ိန္ေတြမွာ

ကစားၾကတာမို႔ မနက္ခင္း၊ ေန႔လယ္ခင္းေတြမွာလည္း

ေ႐ြးခ်ယ္စရာေတြ ပိုမ်ားလာတာျဖစ္ပါတယ္။