
နော်ဝစ်ချ်အသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲစရအပြီး
နာရီပိုင်းအကြာမှာပဲ သူတို့နည်းပြဒန်နီရယ်ဖာကီကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
နော်ဝစ်ချ်ဟာ သူတို့လိုပဲ တန်းတက်ပြိုင်ဘက်ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ
၂-၁ နဲ့အနိုင်ရခဲ့ပေမယ့် ၁၁ ပွဲမှာ ၅ မှတ်သာရခဲ့မှုနဲ့အတူ အမှတ်ပေးဇယား
အောက်ခြေမှာ ဆက်ရှိနေခဲ့ပါတယ်။ ဒန်နီရယ်ဖာကီဟာ ၂၀၁၇ ကတည်းက
နော်ဝစ်ချ်ကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင်
၂ ကြိမ်တိုင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီကလည်း နော်ဝစ်ချ်ဟာချန်ပီယံရှစ်မှာ ဗိုလ်စွဲနိုင်ခဲ့တာပါ။
ဒါပေမဲ့လည်း ပရီးမီးယားလိဂ်မှာအရင်တစ်ကြိမ်တုန်းကလိုပဲ
ရုန်းကန်ခဲ့ရကာ အခုတစ်ကြိမ်မှာတော့
ဖာကီဟာ အခွင့်အရေးပေးမခံရတော့ပါဘူး။ သူ့ရဲ့ပွဲပြီးအင်တာဗျူးမှာလည်း
ဖာကီဟာ သူအထုတ်ခံရတော့မယ်ဆိုတာကို သိပုံမရခဲ့ပါဘူး။
အဲဒီဂျာမန်သားနည်းပြဟာ နော်ဝစ်ချ်အတွက် စုစုပေါင်း ၂၀၈ ပွဲမှာ ၈၇ ပွဲအနိုင်ရစေခဲ့တာပါ။
သူဟာ ၂၀၁၇ မှာ နော်ဝစ်ချ်ကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဒုတိယမြောက်
ရာသီမှာပဲ ချန်ပီယံရှစ်မှာ ဗိုလ်စွဲစေခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ တစ်ရာသီသာခံလိုက်ပေမယ့် ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ
ချက်ချင်းပြန်ရုန်းထနိုင်ပြီး တန်းပြန်တက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဖာကီဟာ ပရီးမီးယားလိဂ် ၄၉ ပွဲမှာ ၆ ပွဲသာနိုင်ခဲ့လို့ ပွဲ ၂၀ နဲ့အထက်
ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ စတုတ္ထအဆိုးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
zawgyi
ေနာ္ဝစ္ခ်္အသင္းဟာ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲစရအၿပီး နာရီပိုင္းအၾကာမွာပဲ နည္းျပကို ရာထူးက ထုတ္ပယ္
ေနာ္ဝစ္ခ်္အသင္းဟာ ဒီရာသီမွာ သူတို႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲစရအၿပီး
နာရီပိုင္းအၾကာမွာပဲ သူတို႔နည္းျပဒန္နီရယ္ဖာကီကို ရာထူးက ထုတ္ပယ္လိုက္ပါတယ္။
ေနာ္ဝစ္ခ်္ဟာ သူတို႔လိုပဲ တန္းတက္ၿပိဳင္ဘက္ဘရန႔္ဖို႔ဒ္ကို အေဝးကြင္းမွာ
၂-၁ နဲ႔အႏိုင္ရခဲ့ေပမယ့္ ၁၁ ပြဲမွာ ၅ မွတ္သာရခဲ့မႈနဲ႔အတူ အမွတ္ေပးဇယား
ေအာက္ေျခမွာ ဆက္ရွိေနခဲ့ပါတယ္။ ဒန္နီရယ္ဖာကီဟာ ၂၀၁၇ ကတည္းက
ေနာ္ဝစ္ခ်္ကို ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းတက္ေအာင္
၂ ႀကိမ္တိုင္စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီကလည္း ေနာ္ဝစ္ခ်္ဟာ
ခ်န္ပီယံရွစ္မွာ ဗိုလ္စြဲႏိုင္ခဲ့တာပါ။ ဒါေပမဲ့လည္း ပရီးမီးယားလိဂ္မွာ
အရင္တစ္ႀကိမ္တုန္းကလိုပဲ ႐ုန္းကန္ခဲ့ရကာ အခုတစ္ႀကိမ္မွာေတာ့
ဖာကီဟာ အခြင့္အေရးေပးမခံရေတာ့ပါဘူး။ သူ႔ရဲ႕ပြဲၿပီးအင္တာဗ်ဴးမွာလည္း
ဖာကီဟာ သူအထုတ္ခံရေတာ့မယ္ဆိုတာကို သိပုံမရခဲ့ပါဘူး။
အဲဒီဂ်ာမန္သားနည္းျပဟာ ေနာ္ဝစ္ခ်္အတြက္ စုစုေပါင္း ၂၀၈ ပြဲမွာ ၈၇ ပြဲအႏိုင္ရေစခဲ့တာပါ။
သူဟာ ၂၀၁၇ မွာ ေနာ္ဝစ္ခ်္ကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဒုတိယေျမာက္
ရာသီမွာပဲ ခ်န္ပီယံရွစ္မွာ ဗိုလ္စြဲေစခဲ့တာပါ။
ပရီးမီးယားလိဂ္မွာ တစ္ရာသီသာခံလိုက္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္မွာ
ခ်က္ခ်င္းျပန္႐ုန္းထႏိုင္ၿပီး တန္းျပန္တက္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ဖာကီဟာ ပရီးမီးယားလိဂ္ ၄၉ ပြဲမွာ ၆ ပြဲသာႏိုင္ခဲ့လို႔ ပြဲ ၂၀ နဲ႔အထက္
ကိုင္တြယ္ခဲ့တဲ့ ပရီးမီးယားလိဂ္နည္းျပေတြထဲမွာ စတုတၳအဆိုးဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။