နော်ဝစ်ချ်အသင်းကို ၇ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ စနေညအစောဆုံးပွဲစဉ်မှာ နော်ဝစ်ချ်အသင်းကို ၇ဂိုးပြတ်အနိုင်ယူပြီး

ဇယားထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အမှတ်ပေးဇ ယားအောက်ဆုံးက

နော်ဝစ်ချ်အသင်းဟာ အိမ်ရှင်အသင်းကိုဘယ်လိုမှမယှဉ်နိုင် ဘဲ ပထမပိုင်းမှာ ၃ဂိုး၊

ဒုတိယပိုင်းမှာ ၄ဂိုးပေးရပြီး အရှက်တကွဲရှုံးနိမ့်ခဲ့တာပါ။ ပွဲစတယ်ဆိုကတည်းက

တိုက်စစ်ဖွင့်ကစားခဲ့တဲ့ချဲလ်ဆီးဟာ ပွဲချိန် ၈မိနစ်မှာပဲအဖွင့်ဂိုးရခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့

ဖန်တီးပေးမှုကနေ မေဆင်မောင့်ကသွင်းပေးခဲ့တာပါ။

မေဆင်မောင့်ဟာ ပွဲချိန်နှောင်းပိုင်းမှာလည်း ၂ဂိုးဆက်သွင်းခဲ့တာကြောင့် ဟက်ထရစ်ရခဲ့သလို

ရီဆီဂျိမ်းစ်ရဲ့ဂိုးကိုလည်းဖန်တီးပေးခဲ့တာမို့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု

ဆွတ်ခူးခဲ့ပါတယ်။ မေဆင်မောင့်အတွက် ပြီးခဲ့တဲ့မေ ၅ရက်နောက်ပိုင်း ကလပ်နဲ့နိုင်ငံ

ပြိုင်ပွဲစုံ ၂၅ပွဲဆက်(အချိန်ကာလအားဖြင့် ၅လကျော်)ဂိုးပေါက်ပျောက်ခဲ့တာကို

ဟက်ထရစ်သွင်းပြီး အကောင်းဆုံးအဆုံး သတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်

ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက်ဟက် ထရစ်သွင်းနိုင်တဲ့အယောက် ၂၀မြောက်

ကစားသမားအဖြစ်လည်းမှတ်တမ်းဝင် ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ

ချဲလ်ဆီးထက် မတူညီတဲ့ဟက်ထရစ်ဂိုးသွင်းရှင်ပိုများတဲ့အသင်းက အာဆင်နယ် (၂၁ဦး)သာရှိတာပါ။

ကျန်ဂိုးတွေကိုတော့ ဟက်ဆန်အိုဒွိုင်း၊ ရီဆီဂျိမ်းစ်နဲ့ ဘန်ချီဝဲလ်တို့ကသွင်းပေးခဲ့ပြီး

နော်ဝစ်ချ်နောက်ခံလူ ဂျိမ်းစ်အာရွန်ကလည်း ကိုယ့်ဂိုးကိုယ်သွင်းပြီး ပါဝင်အားဖြည့်ခဲ့ပါတယ်။

ပွဲချိန် ၆၅မိနစ်မှာ နောက်ခံလူ ဂစ်ဘ်ဆင်အထုတ်ခံရတာမို့

နော်ဝစ်ချ်အတွက် ကံဆိုးမသွားရာမိုးလိုက်လို့ရွာသလိုဖြစ်ခဲ့ရပါတယ်။ ချဲလ်ဆီးဟာ

တစ်ပွဲလုံး တစ်ဖက်သတ်ဖိကစားသွားတာဖြစ်ပြီး ဂိုးသွင်းခွင့် ၂၃ကြိမ်ရခဲ့ရာမှာ

၁၃ကြိမ်ဂိုးပေါက်တည့်၊ ၇ဂိုးရခဲ့တာပါ။ ကူကယ်ရာမဲ့နေတဲ့ နော်ဝစ်ချ်ကို

သနားညှာတာမှုကင်းမဲ့စွာကစားသွားခဲ့တာလည်းဖြစ်ပြီး ချဲလ်ဆီးရဲ့စွမ်းဆောင်မှုကို

Daily Mail က magnificent SEVEN ဆိုပြီးတင်စားချီးကျူးခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲ၆ဂိုးနဲ့အထက်သွင်းနိုင်တဲ့ပွဲအများ ဆုံး

ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး အခုပွဲနဲ့ဆိုရင် ၁၈ကြိမ်ရှိပါပြီ။

၄ဂိုးမောက်သွင်းခဲ့တဲ့ ဘန်ချီဝဲလ်ကလည်း ဖရန့်လမ်းပတ် (၂၀၁၃ ဖေဖော်ဝါရီ)

နောက်ပိုင်း ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၄ပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံး

အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

zawgyi

ေနာ္ဝစ္ခ်္အသင္းကို ၇ဂိုးျပတ္အႏိုင္ယူၿပီး ဇယားထိပ္ဆုံးမွာဆက္လက္ရပ္တည္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ စေနညအေစာဆုံးပြဲစဥ္မွာ ေနာ္ဝစ္ခ်္အသင္းကို ၇ဂိုးျပတ္အႏိုင္ယူၿပီး

ဇယားထိပ္ဆုံးမွာဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ အမွတ္ေပးဇ ယားေအာက္ဆုံးက

ေနာ္ဝစ္ခ်္အသင္းဟာ အိမ္ရွင္အသင္းကိုဘယ္လိုမွမယွဥ္ႏိုင္ ဘဲ ပထမပိုင္းမွာ ၃ဂိုး၊

ဒုတိယပိုင္းမွာ ၄ဂိုးေပးရၿပီး အရွက္တကြဲရႈံးနိမ့္ခဲ့တာပါ။ ပြဲစတယ္ဆိုကတည္းက

တိုက္စစ္ဖြင့္ကစားခဲ့တဲ့ခ်ဲလ္ဆီးဟာ ပြဲခ်ိန္ ၈မိနစ္မွာပဲအဖြင့္ဂိုးရခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုရဲ႕

ဖန္တီးေပးမႈကေန ေမဆင္ေမာင့္ကသြင္းေပးခဲ့တာပါ။ ေမဆင္ေမာင့္ဟာ

ပြဲခ်ိန္ေႏွာင္းပိုင္းမွာလည္း ၂ဂိုးဆက္သြင္းခဲ့တာေၾကာင့္ ဟက္ထရစ္ရခဲ့သလို

ရီဆီဂ်ိမ္းစ္ရဲ႕ဂိုးကိုလည္းဖန္တီးေပးခဲ့တာမို႔ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆု

ဆြတ္ခူးခဲ့ပါတယ္။ ေမဆင္ေမာင့္အတြက္ ၿပီးခဲ့တဲ့ေမ ၅ရက္ေနာက္ပိုင္း ကလပ္နဲ႔ႏိုင္ငံ

ၿပိဳင္ပြဲစုံ ၂၅ပြဲဆက္(အခ်ိန္ကာလအားျဖင့္ ၅လေက်ာ္)ဂိုးေပါက္ေပ်ာက္ခဲ့တာကို

ဟက္ထရစ္သြင္းၿပီး အေကာင္းဆုံးအဆုံး သတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္

ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအတြက္ဟက္ ထရစ္သြင္းႏိုင္တဲ့အေယာက္ ၂၀ေျမာက္

ကစားသမားအျဖစ္လည္းမွတ္တမ္းဝင္ ခဲ့ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ

ခ်ဲလ္ဆီးထက္ မတူညီတဲ့ဟက္ထရစ္ဂိုးသြင္းရွင္ပိုမ်ားတဲ့အသင္းက အာဆင္နယ္ (၂၁ဦး)သာရွိတာပါ။

က်န္ဂိုးေတြကိုေတာ့ ဟက္ဆန္အိုဒြိဳင္း၊ ရီဆီဂ်ိမ္းစ္နဲ႔ ဘန္ခ်ီဝဲလ္တို႔ကသြင္းေပးခဲ့ၿပီး

ေနာ္ဝစ္ခ်္ေနာက္ခံလူ ဂ်ိမ္းစ္အာ႐ြန္ကလည္း ကိုယ့္ဂိုးကိုယ္သြင္းၿပီး

ပါဝင္အားျဖည့္ခဲ့ပါတယ္။ ပြဲခ်ိန္ ၆၅မိနစ္မွာ ေနာက္ခံလူ ဂစ္ဘ္ဆင္အထုတ္ခံရတာမို႔

ေနာ္ဝစ္ခ်္အတြက္ ကံဆိုးမသြားရာမိုးလိုက္လို႔႐ြာသလိုျဖစ္ခဲ့ရပါတယ္။ ခ်ဲလ္ဆီးဟာ

တစ္ပြဲလုံး တစ္ဖက္သတ္ဖိကစားသြားတာျဖစ္ၿပီး ဂိုးသြင္းခြင့္ ၂၃ႀကိမ္ရခဲ့ရာမွာ

၁၃ႀကိမ္ဂိုးေပါက္တည့္၊ ၇ဂိုးရခဲ့တာပါ။ ကူကယ္ရာမဲ့ေနတဲ့ ေနာ္ဝစ္ခ်္ကို

သနားညႇာတာမႈကင္းမဲ့စြာကစားသြားခဲ့တာလည္းျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕စြမ္းေဆာင္မႈကို

Daily Mail က magnificent SEVEN ဆိုၿပီးတင္စားခ်ီးက်ဴးခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ပြဲ၆ဂိုးနဲ႔အထက္သြင္းႏိုင္တဲ့ပြဲအမ်ား ဆုံး

ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ၿပီး အခုပြဲနဲ႔ဆိုရင္ ၁၈ႀကိမ္ရွိပါၿပီ။

၄ဂိုးေမာက္သြင္းခဲ့တဲ့ ဘန္ခ်ီဝဲလ္ကလည္း ဖရန႔္လမ္းပတ္ (၂၀၁၃ ေဖေဖာ္ဝါရီ)

ေနာက္ပိုင္း ခ်ဲလ္ဆီးအတြက္ ပရီးမီးယားလိဂ္ ၄ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံး

အဂၤလိပ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။