
ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ နော်တင်ဟမ်နဲ့ပွဲစဉ်က





ဒုတိယအနိုင်ဂိုးကို စတင်လမ်းခင်းပေးခဲ့သူဖြစ်ပြီး လက်ရွေးစင်အသင်းဖော်ဟောင်း
ကွာရက်စ်မာ ကလှုံ့ဆော်မှုပေးတဲ့ပုံစံနဲ့ပေးပို့သွားခဲ့တာဖြစ်တယ်။





ဖာနန်ဒက်စ်ဟာ ညာတောင်ပံကနေ ဧရိယာထဲမှာရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဆီကို
အပြင်ဆိုက်နဲ့ပေးပို့ခဲ့တာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ရဲ့ထပ်ဆင့်ပေးပို့မှုကို
ဖရက်ဒ်က သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာတော့ သူ့ရဲ့မယုံနိုင်လောက်စရာ





ပေးပို့မှုပုံစံမျိုးကို ပေါ်တူဂီအိုင်ကွန်တစ်ယောက်ဖြစ်တဲ့ ကွာရက်စ်မာဆီကနေ
သင်ယူခဲ့တာဖြစ်တယ်လို့ ဘရူနိုဖာနန်ဒက်စ်က ဖွင့်ဟသွားခဲ့ပါတယ်။





သူတို့နှစ်ယောက်ဟာ ၂၀၁၇နဲ့ ၂၀၁၈ အတွင်းမှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ
ခဏတာတွေ့ဆုံခဲ့ကြပေမဲ့ ဖာနန်ဒက်စ်ကတော့ ကွာရက်စ်မာရဲ့ ဆရာကျတဲ့ပေးပို့မှုပုံစံကို
အနီးကပ်လေ့လာခဲ့တာဖြစ်တယ်။ “ကျွန်တော် ကွာရက်စ်မာဆီက





သင်ယူခဲ့တာဖြစ်ပြီး ပေါ်တူဂီမှာတော့ ထိပ်တန်းပရော်ဖက်ဆာတစ်ယောက်ဖြစ်သလို
မင်းအနေနဲ့ ဒီလိုကစားသမားဆီက သင်ယူရမယ်။ သူတို့ရဲ့လှည့်ကွက်တွေကို





လေ့လာပြီး အသုံးချတတ်ဖို့လိုပါတယ်” လို့ ပွဲအပြီးမှာ ဖာနန်ဒက်စ်က
ပြောဆိုခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ နော်တင်ဟမ်နဲ့ ကာရာဘောင်းဖလား
ဒုတိယအကျော့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ man of the match အဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်တယ်။





zawgyi
ေနာ္တင္ဟမ္နဲ႔ပြဲစဥ္က အျပင္ဆိုက္ေပးပို႔မႈပုံစံကို ေပၚတူဂီ ပေရာ္ဖက္ဆာတစ္ေယာက္ဆီက သင္ယူခဲ့တာလို႔ ဘ႐ူႏိုဖာနန္ဒက္စ္ ဖြင့္ဟ





ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေနာ္တင္ဟမ္နဲ႔ပြဲစဥ္က
ဒုတိယအႏိုင္ဂိုးကို စတင္လမ္းခင္းေပးခဲ့သူျဖစ္ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္း
ကြာရက္စ္မာ ကလႈံ႕ေဆာ္မႈေပးတဲ့ပုံစံနဲ႔ေပးပို႔သြားခဲ့တာျဖစ္တယ္။





ဖာနန္ဒက္စ္ဟာ ညာေတာင္ပံကေန ဧရိယာထဲမွာရွိေနတဲ့ ရက္ရွ္ဖို႔ဒ္ဆီကို
အျပင္ဆိုက္နဲ႔ေပးပို႔ခဲ့တာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ရဲ႕ထပ္ဆင့္ေပးပို႔မႈကို





ဖရက္ဒ္က သြင္းယူခဲ့တာပါ။ ပြဲအၿပီးမွာေတာ့ သူ႔ရဲ႕မယုံႏိုင္ေလာက္စရာ
ေပးပို႔မႈပုံစံမ်ိဳးကို ေပၚတူဂီအိုင္ကြန္တစ္ေယာက္ျဖစ္တဲ့ ကြာရက္စ္မာဆီကေန
သင္ယူခဲ့တာျဖစ္တယ္လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ဖြင့္ဟသြားခဲ့ပါတယ္။





သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၇နဲ႔ ၂၀၁၈ အတြင္းမွာ ေပၚတူဂီလက္ေ႐ြးစင္အသင္းနဲ႔အတူ
ခဏတာေတြ႕ဆုံခဲ့ၾကေပမဲ့ ဖာနန္ဒက္စ္ကေတာ့ ကြာရက္စ္မာရဲ႕ ဆရာက်တဲ့ေပးပို႔မႈပုံစံကို





အနီးကပ္ေလ့လာခဲ့တာျဖစ္တယ္။ “ကြၽန္ေတာ္ ကြာရက္စ္မာဆီက
သင္ယူခဲ့တာျဖစ္ၿပီး ေပၚတူဂီမွာေတာ့ ထိပ္တန္းပေရာ္ဖက္ဆာတစ္ေယာက္ျဖစ္သလို
မင္းအေနနဲ႔ ဒီလိုကစားသမားဆီက သင္ယူရမယ္။ သူတို႔ရဲ႕လွည့္ကြက္ေတြကို





ေလ့လာၿပီး အသုံးခ်တတ္ဖို႔လိုပါတယ္” လို႔ ပြဲအၿပီးမွာ ဖာနန္ဒက္စ္က
ေျပာဆိုခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ေနာ္တင္ဟမ္နဲ႔ ကာရာေဘာင္းဖလား





ဒုတိယအေက်ာ့ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမဲ့ man of the match အျဖစ္သတ္မွတ္ခံခဲ့ရသူျဖစ္တယ္။