နော်တင်ဟမ်ကို ဂိုးမိုးရွာပြီး အာဆင်နယ်တို့ ပိုနေမြဲကျားနေမြဲ ရှိခဲ့တဲ့ည

အမှတ်ပေးဇယား ကြမ်းခင်းက နော်တင်ဟမ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တနင်္ဂနွေ ည အစောပိုင်းပွဲစဉ်မှာ အာဆင်နယ်ဟာ ပြိုင်ဘက်ကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး စနေညက မန်စီးတီး

သိမ်းပိုက်ခဲ့တဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန် လည်ရယူနိုင်ခဲ့ပါတယ်။ ရမှတ်လိုအပ်ချက် ရှိနေတဲ့ နော်တင်ဟမ်ဟာ ဒီပွဲမှာ ၄-၃-၃ ပုံစံကို အသုံးပြုပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမဲ့

အိမ်ရှင်အားသာ ချက်ရှိနေသလို ဗျူဟာပိုင်းအရလည်း လွှမ်းမိုးထားနိုင်ခဲ့တဲ့ အာဆင်နယ်ကို ပခုံးချင်း မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲစတယ်ဆိုရုံပဲရှိသေး၊ ဘောလုံးကို အဆုံးအရှုံးမခံလိုတဲ့

အာဆင်နယ်ရဲ့ တိုက်စစ်အောက်မှာ နော်တင်ဟမ်တို့ ခံစစ်ကိုပဲ အာရုံစိုက်ခဲ့ရပြီး ပွဲချိန် ၅ မိနစ်မှာတော့ ဆာကာရဲ့ ဖြတ်တင်ပေးမှု ကတစ်ဆင့် မာတင်နယ်လီက

ခေါင်းတိုက်သွင်းယူခဲ့လို့ အိမ်ရှင်တို့ အဖွင့်ဂိုး ရသွားခဲ့တယ်။ အဲဒီနောက် အိမ်ရှင်ကပဲ ပွဲကို ဆက်လက်ဦးဆောင်ခဲ့တာဖြစ် ပြီး ပွဲချိန် ၁၅ မိနစ်အတွင်းမှာ အာဆင်နယ်ဟာ

ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင် နှုန်းအထိ ရယူပြီး လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၉ မိနစ်မှာတော့ ရှာကာ ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် မာတင်နယ်လီ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပေမဲ့

ရီနန်လိုဒီက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရ တယ်။ နောက်ထပ် ၈ မိနစ်အကြာမှာတော့ အာဆင်နယ် တောင်ပံကစား သမား ဆာကာ ဒဏ်ရာရသွားတာကြောင့်

နယ်လ်ဆင်နဲ့ လူစားလဲခဲ့ရလို့ အိမ် ရှင်အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ် အားနည်းသလို ဖြစ်သွားခဲ့တယ်။ အဲဒီနောက်ပွဲချိန်တွေမှာ ဂန်းနားတွေ ပျက်ဘောတွေ များလာလို့ ပထမပိုင်း မှာ ၁-၀ ဂိုးနဲ့ ပဲ ပွဲပြီးခဲ့တာပါ။

ဒုတိယပိုင်းပြန်စတဲ့အချိန်မှာတော့ အာဆင်နယ် ဟာ တိုက်စစ်ကို သွက်နေအောင်ကစားခဲ့လို့ နေရာလွတ်တွေ ဖန်တီးနိုင်ခဲ့တယ်။ ပွဲချိန် ၅၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂျီးဆပ်ရဲ့ ဖန်တီးပေးမှုက

တစ်ဆင့် နယ်လ်ဆင်က ပြိုင်ဘက်ကစားသမား နှစ်ယောက်ကို ညာခြေနဲ့ ဟန်ပြ လှည့်ထွက်ပြီး ဘယ်ခြေနဲ့ ကန်သွင်းတာကို ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ ဒီအင်္ဂလန်သားကပဲ ညာခြေနဲ့ အပြင်းကန်သွင်းခဲ့လို့

အာကြီးတို့ ဒုတိယဂိုး ရသွားခဲ့တယ်။ နောက်ထပ် ၁ မိနစ် အကြာမှာပဲ အာဆင်နယ်တို့ တိုက်စစ် ဆင်လာရင်း ဧရိယာထဲမှာ ဂျီးဆပ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် နယ်လ်ဆင်ကပဲ တတိယမြောက်ဂိုး သွင်းယူခဲ့တယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ပါတေးက သူ့ရဲ့ ဝေ့ဝိုက်ကန်သွင်းဟန်အတိုင်း ပင်နယ်တီ ဧရိယာအပြင်ကနေ ကန်သွင်း နိုင်ခဲ့လို့ စတုတ္ထဂိုး ထပ်ရသွားခဲ့တယ်။ အဲဒီနောက် အာဆင်နယ်ပဲ ပွဲကို

ဖိ ကစားရင်း ပွဲချိန် ၇၈ မိနစ်မှာတော့ အသင်းခေါင်းဆောင် အိုဒီဂတ်က ဧရိယာ ထဲကနေဂိုးသွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ ပဉ္စမဂိုး ရသွားခဲ့တာပါ။ နောက် ပိုင်းပွဲချိန်တွေမှာတော့ ကစားအားချသွားတဲ့

အာဆင်နယ်ဟာ ပွဲကို ထိန်းဖို့ သာအာရုံစိုက်ခဲ့လို့ ၅-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့ တဲ့ အာဆင်နယ်ဟာ ဒုတိယနေရာက မန်စီးတီးကို ၂ မှတ်ဖြတ်ပြီး ဦးဆောင် ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။

(Zawgyi)

ေနာ္တင္ဟမ္ကို ဂိုးမိုး႐ြာၿပီး အာဆင္နယ္တို႔ ပိုေနၿမဲက်ားေနၿမဲ ရွိခဲ့တဲ့ည

အမွတ္ေပးဇယား ၾကမ္းခင္းက ေနာ္တင္ဟမ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ တနဂၤေႏြ ည အေစာပိုင္းပြဲစဥ္မွာ အာဆင္နယ္ဟာ ၿပိဳင္ဘက္ကို ၁-၀ ဂိုးနဲ႔ အႏိုင္ယူၿပီး စေနညက မန္စီးတီး သိမ္းပိုက္ခဲ့တဲ့ အမွတ္ေပးဇယား

ထိပ္ဆုံးေနရာကို ျပန္ လည္ရယူႏိုင္ခဲ့ပါတယ္။ ရမွတ္လိုအပ္ခ်က္ ရွိေနတဲ့ ေနာ္တင္ဟမ္ဟာ ဒီပြဲမွာ ၄-၃-၃ ပုံစံကို အသုံးျပဳၿပီး တိုက္စစ္ဆင္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ အိမ္ရွင္အားသာ ခ်က္ရွိေနသလို ဗ်ဴဟာပိုင္းအရလည္း

လႊမ္းမိုးထားႏိုင္ခဲ့တဲ့ အာဆင္နယ္ကို ပခုံးခ်င္း မယွဥ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ပြဲစတယ္ဆို႐ုံပဲရွိေသး၊ ေဘာလုံးကို အဆုံးအရႈံးမခံလိုတဲ့ အာဆင္နယ္ရဲ႕ တိုက္စစ္ေအာက္မွာ

ေနာ္တင္ဟမ္တို႔ ခံစစ္ကိုပဲ အာ႐ုံစိုက္ခဲ့ရၿပီး ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ဆာကာရဲ႕ ျဖတ္တင္ေပးမႈ ကတစ္ဆင့္ မာတင္နယ္လီက ေခါင္းတိုက္သြင္းယူခဲ့လို႔ အိမ္ရွင္တို႔ အဖြင့္ဂိုး ရသြားခဲ့တယ္။

အဲဒီေနာက္ အိမ္ရွင္ကပဲ ပြဲကို ဆက္လက္ဦးေဆာင္ခဲ့တာျဖစ္ ၿပီး ပြဲခ်ိန္ ၁၅ မိနစ္အတြင္းမွာ အာဆင္နယ္ဟာ ေဘာလုံးပိုင္ဆိုင္မႈ ၇၄ ရာခိုင္ ႏႈန္းအထိ ရယူၿပီး လႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ရွာကာ ရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ မာတင္နယ္လီ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ေပမယ့္ ရီနန္လိုဒီက ဂိုးစည္းေပၚကေန ဖ်က္ထုတ္ခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရ တယ္။

ေနာက္ထပ္ ၈ မိနစ္အၾကာမွာေတာ့ အာဆင္နယ္ ေတာင္ပံကစား သမား ဆာကာ ဒဏ္ရာရသြားတာေၾကာင့္ နယ္လ္ဆင္နဲ႔ လူစားလဲခဲ့ရလို႔ အိမ္ ရွင္အသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္ အားနည္းသလို

ျဖစ္သြားခဲ့တယ္။ အဲဒီေနာက္ပြဲခ်ိန္ေတြမွာ ဂန္းနားေတြ ပ်က္ေဘာေတြ မ်ားလာလို႔ ပထမပိုင္း မွာ ၁-၀ ဂိုးနဲ႔ ပဲ ပြဲၿပီးခဲ့တာပါ။ ဒုတိယပိုင္းျပန္စတဲ့အခ်ိန္မွာေတာ့ အာဆင္နယ္ ဟာ

တိုက္စစ္ကို သြက္ေနေအာင္ကစားခဲ့လို႔ ေနရာလြတ္ေတြ ဖန္တီးႏိုင္ခဲ့တယ္။ ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဂ်ီးဆပ္ရဲ႕ ဖန္တီးေပးမႈက တစ္ဆင့္ နယ္လ္ဆင္က ၿပိဳင္ဘက္ကစားသမား ႏွစ္ေယာက္ကို

ညာေျခနဲ႔ ဟန္ျပ လွည့္ထြက္ၿပီး ဘယ္ေျခနဲ႔ ကန္သြင္းတာကို ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ေပမဲ့ ဒီ အဂၤလန္သားကပဲ ညာေျခနဲ႔ အျပင္းကန္သြင္းခဲ့လို႔ အာႀကီးတို႔ ဒုတိယဂိုး ရသြားခဲ့တယ္။

ေနာက္ထပ္ ၁ မိနစ္ အၾကာမွာပဲ အာဆင္နယ္တို႔ တိုက္စစ္ ဆင္လာရင္း ဧရိယာထဲမွာ ဂ်ီးဆပ္ရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ နယ္လ္ဆင္ကပဲ တတိယေျမာက္ဂိုး သြင္းယူခဲ့တယ္။ ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ပါေတးက

သူ႔ရဲ႕ ေဝ့ဝိုက္ကန္သြင္းဟန္အတိုင္း ပင္နယ္တီ ဧရိယာအျပင္ကေန ကန္သြင္း ႏိုင္ခဲ့လို႔ စတုတၳဂိုး ထပ္ရသြားခဲ့တယ္။ အဲဒီေနာက္ အာဆင္နယ္ပဲ ပြဲကို ဖိ ကစားရင္း ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ အသင္းေခါင္းေဆာင္

အိုဒီဂတ္က ဧရိယာ ထဲကေနဂိုးသြင္းယူႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ပၪၥမဂိုး ရသြားခဲ့တာပါ။ ေနာက္ ပိုင္းပြဲခ်ိန္ေတြမွာေတာ့ ကစားအားခ်သြားတဲ့ အာဆင္နယ္ဟာ ပြဲကို ထိန္းဖို႔ သာအာ႐ုံစိုက္ခဲ့လို႔ ၅-၀ ဂိုးဆိုတဲ့

ရလဒ္နဲ႔ ပြဲၿပီးသြားခဲ့ပါတယ္။ ဒီပြဲကို အႏိုင္ရခဲ့ တဲ့ အာဆင္နယ္ဟာ ဒုတိယေနရာက မန္စီးတီးကို ၂ မွတ္ျဖတ္ၿပီး ဦးေဆာင္ ထားႏိုင္ဆဲပဲ ျဖစ္ပါတယ္။