
စီးရီးအေဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ ဆာလာနီတာနာကို
၅-၀ နဲ့ အနိုင်ရခ့့ဲ့တဲ့ပွဲမှာ အင်တာမီလန်တိုက်စ်မှုး ၂ ဦး ဖြစ်တဲ့
လူတာရိုမာတီနက်ဇ်နဲ့ ဂျက်ကိုတို့ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။
အာဂျင်တီးနားတိုက်စစ်မှုး မာတီနက်ဇ်က ဟတ်ထရစ်ရခဲ့သလို
ဂျက်ကိုက ကျန် ၂ ဂိုးကို သွင်းနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ ကစားရမယ့်
ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲမတိုင်မီ အင်တာမီလန်တိုက်စစ်အတွက်လည်း
ယုံကြည်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။
အင်တာမီလန်ဟာ လီဗာပူးကို ဆန်စီရို်မှာ ၀-၂ နဲ့ ရှုံးခဲ့တဲ့
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဥ္ကစပြီး
ဆက်ဆူအိုလို၊ ဂျီနိုအာ၊ အေစီ်မီလန် နောက်ဆုံး ၄ ပွဲဆက်တိုက်
ဂိုးပေါက်ပျောက်ခဲ့ရာက ဆာလာနီတာနာပွဲမှာ ဂိုးမိုးပြန်ရွာနိုင်ခဲ့တာပါ။
ပွဲချိန် ၂၂ မိနစ််မှာ မာတီနက်ဇ်က အဖွင့်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး
အင်တာမီလန်အတွက် ပြိုင်ပွဲစုံ ၄၂၅ မိနစ်ကြာ ဂိုးပေါက်ပျောက်နေမှုကို
အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူ့ရဲ့ဒုတိယသွင်းဂိုးဟာ မာတီနက်ဇ်အတွက် စီးရီးအေဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပြီး
ဟတ်ထရစ်ဂိုးကိုတော့ ဂျက်ကိုရဲ့ ဖန်တီးပေးမှုကနေ ရရှိခဲ့တာပါ။
ဂျက်ကိုကတော့ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း ၂ ဂိုးသွင်းခဲ့တာပါ။
မာတီနက်ဇ်ရဲ့ ပထမဆုံး၂ ဂိုးကို ဘာရယ်လာက ဖန်တီးပေးခဲ့တာဖြစ်ပြီး
လီဗာပူးပွဲမတိုင်မီ အင်တာအကောင်းဆုံးတိုက်စစ်ကို ပြန်လည်ရရှိလာတာပါ။
အင်တာဟာ ဒီနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးကို တက်လာပါတယ်။
ဆာလာနီတာနာကို ပထမအကျော့တုန်းကလည်း ၀-၅ နဲ့ အနိုင်ရခဲ့လို့
၁၉၅၈-၅၉ ရာသီက တိုရီနိုကို ၂ ကျော့ပေါင်း ၁၀-၀ နဲ့ နိုင်ခဲ့တဲ့
ဖီအိုရင်တီးနားပြီးနောက် ၆၃ နှစ်အတွင်း ပြိုင်ဘက်ကို
စီးရီးအေ တစ်ရာသီအတွင်း ၁၀ ဂိုးသွင်းပြီး
ဂိုးမပေးရတဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့ပါတယ်။
zawgyi
ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့ရာက ဂိုးမိုးျပန္႐ြာႏိုင္ခဲ့တဲ့အင္တာမီလန္
စီးရီးေအဇယားေအာက္ဆုံးမွာ ရပ္တည္ေနတဲ့ ဆာလာနီတာနာကို
၅-၀ နဲ႔ အႏိုင္ရခ့့ဲ့တဲ့ပြဲမွာ အင္တာမီလန္တိုက္စ္မႈး ၂ ဦး ျဖစ္တဲ့
လူတာ႐ိုမာတီနက္ဇ္နဲ႔ ဂ်က္ကိုတို႔ ဂိုးသြင္းႏိုင္ခဲ့ၾကပါတယ္။
အာဂ်င္တီးနားတိုက္စစ္မႈး မာတီနက္ဇ္က ဟတ္ထရစ္ရခဲ့သလို
ဂ်က္ကိုက က်န္ ၂ ဂိုးကို သြင္းႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးနဲ႔ ကစားရမယ့္
ခ်န္ပီယံလိဂ္အဆုံးအျဖတ္ပြဲမတိုင္မီ အင္တာမီလန္တိုက္စစ္အတြက္လည္း
ယုံၾကည္မႈေတြ ျမင့္တက္လာေစခဲ့ပါတယ္။
အင္တာမီလန္ဟာ လီဗာပူးကို ဆန္စီ႐ို္မွာ ၀-၂ နဲ႔ ရႈံးခဲ့တဲ့
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစၪၠစၿပီး
ဆက္ဆူအိုလို၊ ဂ်ီႏိုအာ၊ ေအစီ္မီလန္ ေနာက္ဆုံး ၄ ပြဲဆက္တိုက္
ဂိုးေပါက္ေပ်ာက္ခဲ့ရာက ဆာလာနီတာနာပြဲမွာ ဂိုးမိုးျပန္႐ြာႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၂၂ မိနစ္္မွာ မာတီနက္ဇ္က အဖြင့္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး
အင္တာမီလန္အတြက္ ၿပိဳင္ပြဲစုံ ၄၂၅ မိနစ္ၾကာ ဂိုးေပါက္ေပ်ာက္ေနမႈကို
အဆုံးသတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
သူ႔ရဲ႕ဒုတိယသြင္းဂိုးဟာ မာတီနက္ဇ္အတြက္ စီးရီးေအဂိုး ၅၀ ျပည့္ခဲ့တာျဖစ္ၿပီး
ဟတ္ထရစ္ဂိုးကိုေတာ့ ဂ်က္ကိုရဲ႕ ဖန္တီးေပးမႈကေန ရရွိခဲ့တာပါ။
ဂ်က္ကိုကေတာ့ ၁ ဂိုးဖန္တီးေပးႏိုင္ခဲ့သလို ကိုယ္တိုင္လည္း ၂ ဂိုးသြင္းခဲ့တာပါ။
မာတီနက္ဇ္ရဲ႕ ပထမဆုံး၂ ဂိုးကို ဘာရယ္လာက ဖန္တီးေပးခဲ့တာျဖစ္ၿပီး
လီဗာပူးပြဲမတိုင္မီ အင္တာအေကာင္းဆုံးတိုက္စစ္ကို ျပန္လည္ရရွိလာတာပါ။
အင္တာဟာ ဒီႏိုင္ပြဲေၾကာင့္ ဇယားထိပ္ဆုံးကို တက္လာပါတယ္။
ဆာလာနီတာနာကို ပထမအေက်ာ့တုန္းကလည္း ၀-၅ နဲ႔ အႏိုင္ရခဲ့လို႔
၁၉၅၈-၅၉ ရာသီက တိုရီႏိုကို ၂ ေက်ာ့ေပါင္း ၁၀-၀ နဲ႔ ႏိုင္ခဲ့တဲ့
ဖီအိုရင္တီးနားၿပီးေနာက္ ၆၃ ႏွစ္အတြင္း ၿပိဳင္ဘက္ကို
စီးရီးေအ တစ္ရာသီအတြင္း ၁၀ ဂိုးသြင္းၿပီး
ဂိုးမေပးရတဲ့ ပထမဆုံးအသင္းလည္း ျဖစ္လာခဲ့ပါတယ္။