နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ဂျာမနီနည်းပြ ဟန်ဆီဖလစ်

စပိန် အသင်းနဲ့ တစ်ဂိုးစီ သရေကျပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်ဖို့အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်က လက်ထဲမှာ မရှိတော့ပေမဲ့လည်း ဂျာမနီနည်းပြ

ဟန်ဆီဖလစ်က နောက်ဆုံး မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ အဖွင့်ပွဲစဉ်မှာ ဂျပန်ကို ရှုံးခဲ့တဲ့အပြင် စပိန်နဲ့ ထပ်ပြီးသရေကျခဲ့တာကြောင့် ဂျာမနီဟာ ကော်စတာရီကာနဲ့

နောက်ဆုံးပွဲစဉ်ကို မဖြစ်မနေ အနိုင်ရဖို့လိုအပ်ပြီး တစ်ဖက်မှာ ဂျပန်ကလည်း စပိန်ကို ရှုံးမှသာ ဂျာမနီဟာ နောက် တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမှတ်တူနေတဲ့ ကိစ္စ မျိုးတွေ

ရှိလာရင်တော့ ဂိုးကွာခြားချက်နဲ့ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မျှော်လင့်ချက် ငွေ့ငွေ့လေးရှိနေဆဲဖြစ်တဲ့အတွက် နည်းပြ ဟန်ဆီ ဖလစ်ကတော့ အကောင်းမြင်ခဲ့ပြီး စပိန်နဲ့ပွဲမှာ အသင်းအတွက်

အဖိုးတန် သရေတစ်မှတ်ရအောင် ဂိုးသွင်းပေးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဝါဒါဘရီမင် တိုက်စစ်မှူး ဖူးခရုဂ်ကို ချီးမွမ်း စကားဆိုခဲ့ပါတယ်။ ‘’သူက မဖြစ်မနေ လုပ်ပြ မယ်ဆိုတဲ့စိတ်ကို ပြသခဲ့တာကြောင့်

ကျွန်တော် ကျေနပ်တယ်။ ဂိုးကို ဘယ် လို သွင်းပြလိုက်မယ်ဆိုတာကို ပြခဲ့တဲ့အတွက် ကျေနပ်တယ်။ သူက အသင်း ကို အများကြီး ကူညီပေးခဲ့တာပါ။ ဂိုးသွင်းရုံတင် မဟုတ်ပါဘူးဗျာ။ သူက

ကစားသမားကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ နှလုံးသားလှတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လူမှန်နေရာမှန်ကို ရောက်လာပါပြီ။ သူရှိနေတဲ့အတွက် ကျွန်တော်တို့ ကျေနပ်ရတယ်’’ လို့

ဟန်ဆီဖလစ်က စပိန်နဲ့ ပွဲစဉ် အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို ရောက်အောင်လည်း ကြိုးစားမှာ ဖြစ်တယ်လို့ ဘိုင်ယန်နည်းပြ ဟောင်းက ဆိုပါတယ်။

‘’ခံစစ်ပိုင်းမှာ ကျွန်တော်တို့ တိုးတက်ဖို့ရာ လိုအပ်နေ ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ရေးရာက ကောင်းပါတယ်။ စပိန်ဟာ အမှတ်လို ချင်နေတယ်ဆိုတာကို ပြသခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရှိခဲ့တယ်။

ဒါဟာ ပွဲတစ်ပွဲ သက်သက်ပါပဲ။ ဒါဟာ ပထမခြေလှမ်း ဖြစ်တယ်ဆိုတာကို ကျွန် တော်တို့ သိထားတယ်။ ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်တဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ဖန်တီးချင်ပါတယ်’’ လို့

ဟန်ဆီဖလစ်က အကောင်းမြင်တဲ့ဘက်ကနေပြီး ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ကို ဆုပ္ကိုင္ထားဆဲျဖစ္တဲ့ ဂ်ာမနီနည္းျပ ဟန္ဆီဖလစ္

စပိန္ အသင္းနဲ႔ တစ္ဂိုးစီ သေရက်ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ၁၆ သင္း အဆင့္ကို တက္ေရာက္ဖို႔အတြက္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္က လက္ထဲမွာ မရွိေတာ့ေပမဲ့လည္း ဂ်ာမနီနည္းျပ ဟန္ဆီဖလစ္က ေနာက္ဆုံး

ေမွ်ာ္လင့္ခ်က္အတြက္ တိုက္ပြဲဝင္သြားဖို႔ ဆုံးျဖတ္ထားပါတယ္။ အဖြင့္ပြဲစဥ္မွာ ဂ်ပန္ကို ရႈံးခဲ့တဲ့အျပင္ စပိန္နဲ႔ ထပ္ၿပီးသေရက်ခဲ့တာေၾကာင့္ ဂ်ာမနီဟာ ေကာ္စတာရီကာနဲ႔ ေနာက္ဆုံးပြဲစဥ္ကို မျဖစ္မေန အႏိုင္ရဖို႔လိုအပ္ၿပီး

တစ္ဖက္မွာ ဂ်ပန္ကလည္း စပိန္ကို ရႈံးမွသာ ဂ်ာမနီဟာ ေနာက္ တစ္ဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အမွတ္တူေနတဲ့ ကိစၥ မ်ိဳးေတြ ရွိလာရင္ေတာ့ ဂိုးကြာျခားခ်က္နဲ႔ အဆုံးအျဖတ္ ေပးမွာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ေမွ်ာ္လင့္ခ်က္ ေငြ႕ေငြ႕ေလးရွိေနဆဲျဖစ္တဲ့အတြက္ နည္းျပ ဟန္ဆီ ဖလစ္ကေတာ့ အေကာင္းျမင္ခဲ့ၿပီး စပိန္နဲ႔ပြဲမွာ အသင္းအတြက္ အဖိုးတန္ သေရတစ္မွတ္ရေအာင္ ဂိုးသြင္းေပးခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္

ဝါဒါဘရီမင္ တိုက္စစ္မႉး ဖူးခ႐ုဂ္ကို ခ်ီးမြမ္း စကားဆိုခဲ့ပါတယ္။ ‘’သူက မျဖစ္မေန လုပ္ျပ မယ္ဆိုတဲ့စိတ္ကို ျပသခဲ့တာေၾကာင့္ ကြၽန္ေတာ္ ေက်နပ္တယ္။ ဂိုးကို ဘယ္ လို သြင္းျပလိုက္မယ္ဆိုတာကို ျပခဲ့တဲ့အတြက္

ေက်နပ္တယ္။ သူက အသင္း ကို အမ်ားႀကီး ကူညီေပးခဲ့တာပါ။ ဂိုးသြင္း႐ုံတင္ မဟုတ္ပါဘူးဗ်ာ။ သူက က စားသမားေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ႏွလုံးသားလွတဲ့

ကစားသမားတစ္ေယာက္ျဖစ္ၿပီး လူမွန္ေနရာမွန္ကို ေရာက္လာပါၿပီ။ သူရွိေန တဲ့အတြက္ ကြၽန္ေတာ္တို႔ ေက်နပ္ရတယ္’’ လို႔ ဟန္ဆီဖလစ္က စပိန္နဲ႔ ပြဲစဥ္ အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။

ေနာက္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ၁၆ သင္း အဆင့္ကို ေရာက္ေအာင္လည္း ႀကိဳးစားမွာ ျဖစ္တယ္လို႔ ဘိုင္ယန္နည္းျပ ေဟာင္းက ဆိုပါတယ္။ ‘’ခံစစ္ပိုင္းမွာ ကြၽန္ေတာ္တို႔ တိုးတက္ဖို႔ရာ

လိုအပ္ေန ပါတယ္။ ဒါေပမဲ့ စိတ္ဓာတ္ေရးရာက ေကာင္းပါတယ္။ စပိန္ဟာ အမွတ္လို ခ်င္ေနတယ္ဆိုတာကို ျပသခဲ့ၿပီး ဂိုးသြင္းခြင့္ေတြလည္း ရွိခဲ့တယ္။ ဒါဟာ ပြဲ တစ္ပြဲ သက္သက္ပါပဲ။

ဒါဟာ ပထမေျခလွမ္း ျဖစ္တယ္ဆိုတာကို ကြၽန္ ေတာ္တို႔ သိထားတယ္။ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားႏိုင္တဲ့ အေျခ အေနတစ္ခုကို ကြၽန္ေတာ္တို႔ ဖန္တီးခ်င္ပါတယ္’’ လို႔ ဟန္ဆီဖလစ္က

အ ေကာင္းျမင္တဲ့ဘက္ကေနၿပီး ေျပာဆိုသြားခဲ့ပါတယ္။