နောက်ဆုံးမှာ တောင်းပန်လိုက်ရတဲ့ ဂျင်းမဲကြီး

ပြီးခဲ့တဲ့တပတ်က Sky Sport Italy နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ

သူ့ရဲ့အငြင်းပွားဖွယ် စကားတွေအတွက် ချဲလ်ဆီးတိုက်စစ်မှုးလူကာကူဟာ

ပရိသတ်တွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

လူကာကူဟာ သူ့ရဲ့ အင်တာဗျူးမှာ လက်ရှိကလပ်မှာ မပျော်ရွှင်မှုနဲ့

ရီးရဲလ်နဲ့ ဘာစီလိုနာတို့လိုအသင်းတွေကို ချီးကျူးမှုလုပ်ခဲ့ပြီး

အသင်းဟောင်း အင်တာကို ပြန်သွားချင်တဲ့အကြောင်း ဖြေဆိုထားခဲ့တာကြောင့်

အသင်းအတွင်းမှာ စိတ်ဝမ်းကွဲစေတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် နည်းပြတူချယ်က ဒေါသထွက်ခဲ့သလို ချဲလ်ဆီးပရိသတ်တွေကလည်း

ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြလို့ လူကာကူဟာ သူ့ရဲ့ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့

တွစ်တာအကောင့်ကိုလည်း ဖျက်ထားခဲ့ရပါတယ်။ နည်းပြတူချယ်လ်ကလည်း

လီဗာပူးနဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာဆိုရင်

သူ့ကို အသင်းလူစာရင်းကနေပါ ချန်လှပ်ထားခဲ့တဲ့အထိ အပြစ်ပေးခဲ့ ပါတယ်။

သူ့ရဲ့ ရှေ့နောက်မဆင်ခြင်တဲ့ အဲဒီအင်တာဗျူးကြောင့်

ဇန်နဝါရီအပြောင်းအရွှေ့သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

အခုတော့ တူချယ်နဲ့ အပေါင်းလက္ခဏာဆန်တဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးမှုလုပ်ခဲ့ပြီး

ကလပ်အသင်းဝက်ဘ်ဆိုဒ်မှာ သူပြောခဲ့တာတွေနဲ့ပတ်သက်ပြီး

တောင်းပန်တဲ့ဗီဒီယိုအင်တာဗျူလုပ်ခဲ့ပါတယ်။ Daily Mail သတင်းစာမှာလည်း

ချယ်ဆီးအသင်းကို လူကာကူက သူ့ရဲ့ပြောဆိုမှုအမှားတွေအတွက်

တောင်းပန်ခဲ့တယ်လို့ တူချယ်လ်က အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပေါင် ၉၇သန်းနဲ့ ချယ်လ်ဆီးကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့

လူကာကူရဲ့တောင်းပန်မှု စကားတွေကတော့

”ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ ကျွန်တော်ပေးချင်တဲ့မက်ဆေ့ချ်ကို

အများကြီးရှင်းရှင်းလင်းလင်းရှိသင့်တာပါ။

ဒီအင်တာဗျူးက အင်တာပရိသတ်တွေကို နှုတ်ဆက်တဲ့အကြောင်းဖြစ်ပြီး

ချဲလ်ဆီးနဲ့ပတ်သက်တဲ့ ပရိသတ်တွေ၊ အသင်းဖော်တွေ၊

ပိုင်ရှင်နဲ့ နည်းပြတို့ကို မလေးစားတာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဒီကိုပြန်လာနိုင်အောင်

သူတို့အများကြီးအားထုတ်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း

ပြန်လာချင်ခဲ့တာပါ”လို့ လူကာကူက ပြောကြားခဲ့ပါတယ်။

တစ်နေ့မှာ အင်တာအတွက် ထပ်ကစားပေးချင်တယ်လို့ ပြောခဲ့တာကြောင့်

ချဲလ်ဆီးပရိသတ်တွေအနေနဲ့ သူ့အားထုတ်မှုကို မေးခွန်းထုတ်ဖို့

လိုအပ်သလားလို့ မေးမြန်းတော့ လူကာကူ”သူတို့ မေးခွန်းထုတ်စရာမလိုပါဘူး။

အောင်မြင်ဖို့ ဒီလိုပြန်လာချင်တယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။

ဒါကြောင့်လည်း ကျွန်တော် ၅ နှစ်စာချုပ်ချုပ်ခဲ့တာပါ။ ဒီအသင်းအတွက်

ကျွန်တော့်မှာ အထူးစိတ်အားထက်သန်မှုရှိပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

zawgyi

ေနာက္ဆုံးမွာ ေတာင္းပန္လိုက္ရတဲ့ ဂ်င္းမဲႀကီး

ၿပီးခဲ့တဲ့တပတ္က Sky Sport Italy နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ

သူ႔ရဲ႕အျငင္းပြားဖြယ္ စကားေတြအတြက္ ခ်ဲလ္ဆီးတိုက္စစ္မႈးလူကာကူဟာ

ပရိသတ္ေတြကို ျပန္လည္ေတာင္းပန္လိုက္ပါတယ္။

လူကာကူဟာ သူ႔ရဲ႕ အင္တာဗ်ဴးမွာ လက္ရွိကလပ္မွာ မေပ်ာ္႐ႊင္မႈနဲ႔

ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔လိုအသင္းေတြကို ခ်ီးက်ဴးမႈလုပ္ခဲ့ၿပီး

အသင္းေဟာင္း အင္တာကို ျပန္သြားခ်င္တဲ့အေၾကာင္း ေျဖဆိုထားခဲ့တာေၾကာင့္

အသင္းအတြင္းမွာ စိတ္ဝမ္းကြဲေစတဲ့ ကိစၥေတြ ျဖစ္ေပၚလာခဲ့ပါတယ္။

ဒါေၾကာင့္ နည္းျပတူခ်ယ္က ေဒါသထြက္ခဲ့သလို ခ်ဲလ္ဆီးပရိသတ္ေတြကလည္း

ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့ၾကလို႔ လူကာကူဟာ သူ႔ရဲ႕ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့

တြစ္တာအေကာင့္ကိုလည္း ဖ်က္ထားခဲ့ရပါတယ္။ နည္းျပတူခ်ယ္လ္ကလည္း

လီဗာပူးနဲ႔သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာဆိုရင္

သူ႔ကို အသင္းလူစာရင္းကေနပါ ခ်န္လွပ္ထားခဲ့တဲ့အထိ အျပစ္ေပးခဲ့ ပါတယ္။

သူ႔ရဲ႕ ေရွ႕ေနာက္မဆင္ျခင္တဲ့ အဲဒီအင္တာဗ်ဴးေၾကာင့္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕သတင္းေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

အခုေတာ့ တူခ်ယ္နဲ႔ အေပါင္းလကၡဏာဆန္တဲ့ မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးမႈလုပ္ခဲ့ၿပီး

ကလပ္အသင္းဝက္ဘ္ဆိုဒ္မွာ သူေျပာခဲ့တာေတြနဲ႔ပတ္သက္ၿပီး

ေတာင္းပန္တဲ့ဗီဒီယိုအင္တာဗ်ဴလုပ္ခဲ့ပါတယ္။ Daily Mail သတင္းစာမွာလည္း

ခ်ယ္ဆီးအသင္းကို လူကာကူက သူ႔ရဲ႕ေျပာဆိုမႈအမွားေတြအတြက္

ေတာင္းပန္ခဲ့တယ္လို႔ တူခ်ယ္လ္က အတည္ျပဳခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ေပါင္ ၉၇သန္းနဲ႔ ခ်ယ္လ္ဆီးကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့တဲ့

လူကာကူရဲ႕ေတာင္းပန္မႈ စကားေတြကေတာ့

”ကြၽန္ေတာ္ အျပည့္အဝနားလည္ပါတယ္။ ကြၽန္ေတာ္ေပးခ်င္တဲ့မက္ေဆ့ခ်္ကို

အမ်ားႀကီးရွင္းရွင္းလင္းလင္းရွိသင့္တာပါ။

ဒီအင္တာဗ်ဴးက အင္တာပရိသတ္ေတြကို ႏႈတ္ဆက္တဲ့အေၾကာင္းျဖစ္ၿပီး

ခ်ဲလ္ဆီးနဲ႔ပတ္သက္တဲ့ ပရိသတ္ေတြ၊ အသင္းေဖာ္ေတြ၊

ပိုင္ရွင္နဲ႔ နည္းျပတို႔ကို မေလးစားတာ မဟုတ္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ဒီကိုျပန္လာႏိုင္ေအာင္

သူတို႔အမ်ားႀကီးအားထုတ္ခဲ့သလို ကြၽန္ေတာ္ကိုယ္တိုင္လည္း

ျပန္လာခ်င္ခဲ့တာပါ”လို႔ လူကာကူက ေျပာၾကားခဲ့ပါတယ္။

တစ္ေန႔မွာ အင္တာအတြက္ ထပ္ကစားေပးခ်င္တယ္လို႔ ေျပာခဲ့တာေၾကာင့္

ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ သူ႔အားထုတ္မႈကို ေမးခြန္းထုတ္ဖို႔

လိုအပ္သလားလို႔ ေမးျမန္းေတာ့ လူကာကူ”သူတို႔ ေမးခြန္းထုတ္စရာမလိုပါဘူး။

ေအာင္ျမင္ဖို႔ ဒီလိုျပန္လာခ်င္တယ္လို႔ ကြၽန္ေတာ္အၿမဲေျပာခဲ့ပါတယ္။

ဒါေၾကာင့္လည္း ကြၽန္ေတာ္ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။ ဒီအသင္းအတြက္

ကြၽန္ေတာ့္မွာ အထူးစိတ္အားထက္သန္မႈရွိပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့တာပါ။