နောက်ဆုံးမှာ ကလပ်လက်မဲ့ဘဝကို အဆုံးသတ်နိုင်ခဲ့တဲ့ ဝီလ်ရှီးယား

နောက်ဆုံးမှာ ကလပ်လက်မဲ့ဘဝကို အဆုံးသတ်နိုင်ခဲ့တဲ့ ဝီလ်ရှီးယား

တစ်ချိန်က အာဆင်နယ်နဲ့အင်္ဂလန်မှာ အထွန်းတောက်ဆုံးကစားသမားဖြစ်ခဲ့ဖူးတဲ့

ဝီလ်ရှီးယားဟာ ကစားသမားဘဝအနိမ့်ဆုံးအချိန်ကို ဖြတ်သန်းနေရပေမယ့်

အခုတော့ အသင်းသစ်ရှာနိုင်ခဲ့ပါပြီ။ သူဟာ ဒိန်းမတ်ကလပ်အာဟက်စ်ကို

ရာသီကုန်အထိ အလွတ်ပြောင်းရွှေ့နိုင်ခဲ့တာပါ။

အဲဒီအာဆင်နယ်နဲ့ဝက်စ်ဟမ်းကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ

ချန်ပီယံရှစ်ကလပ်ဘုန်းမောက်ကနေ ထွက်ခွာလာပြီးကတည်းက

အသင်းလက်မဲ့ဖြစ်နေတာ ၈ လတောင်ရှိနေပါပြီ။

ဝီလ်ရှီးယားဟာ အခုရာသီအစတုန်းက အီတလီအောက်တန်းအသင်းတစ်သင်းဖြစ်တဲ့

ကိုမိုမှာ သွားရောက်လေ့ကျင့်ခဲ့ပေမယ့် အဲဒီအချိန်မှာ အီးယူပတ်စ်ပို့မရှိလို့

စာချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒါကြောင့် ဝီလ်ရှီးယားဟာ အသင်းလက်မဲ့ဖြစ်နေချိန် ကြံ့ခိုင်မှုအပြည့်အဝရဖို့အတွက်

အသင်းဟောင်းအာဆင်နယ်ကို ပြန်သွားပြီး လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။

အဲဒီလန်ဒန်ကလပ်ကလည်း သူတို့ရဲ့ကြယ်ပွင့်ဟောင်းကို စာချုပ်မချုပ်ပေမယ့်

လာရောက်လေ့ကျင့်ခန်းဆင်းခွင့်ပြုခဲ့တာပါ။ အာဆင်နယ်ဟာ ဆယ်စုနှစ်တစ်ခုကြာ

သူကစားခဲ့တဲ့အသင်းဖြစ်ပြီး အဲဒီမြောက်လန်ဒန်ကလပ်အတွက် ၁၉၈ ပွဲကစားပေးခဲ့တာပါ။

အသက် ၃၀ အရွယ် ဝီလ်ရှီးယားဟာ အာဆင်နယ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ်လည်းရခဲ့ဖူးပြီး

ဒဏ်ရာပြသနာတွေကြောင့် သူ့ကစားသမားဘဝဟာ ရောက်သင့်သလောက်မရောက်ခဲ့ပါဘူး။

သူဟာ ဘုန်းမောက်ကို မပြောင်းခင် ဝက်စ်ဟမ်းမှာလည်း ကစားခဲ့ဖူးပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ဘုန်းမောက်မှာတုန်းက တစ်ပတ် ၁၀၀၀၀ ကျော်ရခဲ့တဲ့

ဝီလ်ရှီးယားဟာ ဒိန်းမတ်ကလပ်မှာတော့ တစ်ပတ် ပေါင် ၅၀၀၀ ပဲရရှိမှာပါ။

Zawgyi

ေနာက္ဆုံးမွာ ကလပ္လက္မဲ့ဘဝကို အဆုံးသတ္ႏိုင္ခဲ့တဲ့ ဝီလ္ရွီးယား

တစ္ခ်ိန္က အာဆင္နယ္နဲ႔အဂၤလန္မွာ အထြန္းေတာက္ဆုံးကစားသမားျဖစ္ခဲ့ဖူးတဲ့

ဝီလ္ရွီးယားဟာ ကစားသမားဘဝအနိမ့္ဆုံးအခ်ိန္ကို ျဖတ္သန္းေနရေပမယ့္

အခုေတာ့ အသင္းသစ္ရွာႏိုင္ခဲ့ပါၿပီ။ သူဟာ ဒိန္းမတ္ကလပ္အာဟက္စ္ကို

ရာသီကုန္အထိ အလြတ္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာပါ။

အဲဒီအာဆင္နယ္နဲ႔ဝက္စ္ဟမ္းကြင္းလယ္လူေဟာင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ

ခ်န္ပီယံရွစ္ကလပ္ဘုန္းေမာက္ကေန ထြက္ခြာလာၿပီးကတည္းက

အသင္းလက္မဲ့ျဖစ္ေနတာ ၈ လေတာင္ရွိေနပါၿပီ။

ဝီလ္ရွီးယားဟာ အခုရာသီအစတုန္းက အီတလီေအာက္တန္းအသင္းတစ္သင္းျဖစ္တဲ့

ကိုမိုမွာ သြားေရာက္ေလ့က်င့္ခဲ့ေပမယ့္ အဲဒီအခ်ိန္မွာ အီးယူပတ္စ္ပို႔မရွိလို႔

စာခ်ဳပ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။

အဲဒါေၾကာင့္ ဝီလ္ရွီးယားဟာ အသင္းလက္မဲ့ျဖစ္ေနခ်ိန္ ႀကံ့ခိုင္မႈအျပည့္အဝရဖို႔အတြက္

အသင္းေဟာင္းအာဆင္နယ္ကို ျပန္သြားၿပီး ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။

အဲဒီလန္ဒန္ကလပ္ကလည္း သူတို႔ရဲ႕ၾကယ္ပြင့္ေဟာင္းကို စာခ်ဳပ္မခ်ဳပ္ေပမယ့္

လာေရာက္ေလ့က်င့္ခန္းဆင္းခြင့္ျပဳခဲ့တာပါ။ အာဆင္နယ္ဟာ ဆယ္စုႏွစ္တစ္ခုၾကာ

သူကစားခဲ့တဲ့အသင္းျဖစ္ၿပီး အဲဒီေျမာက္လန္ဒန္ကလပ္အတြက္ ၁၉၈ ပြဲကစားေပးခဲ့တာပါ။

အသက္ ၃၀ အ႐ြယ္ ဝီလ္ရွီးယားဟာ အာဆင္နယ္နဲ႔ အက္ဖ္ေအဖလား ၂ ႀကိမ္လည္းရခဲ့ဖူးၿပီး

ဒဏ္ရာျပသနာေတြေၾကာင့္ သူ႔ကစားသမားဘဝဟာ ေရာက္သင့္သေလာက္မေရာက္ခဲ့ပါဘူး။

သူဟာ ဘုန္းေမာက္ကို မေျပာင္းခင္ ဝက္စ္ဟမ္းမွာလည္း ကစားခဲ့ဖူးပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ဘုန္းေမာက္မွာတုန္းက တစ္ပတ္ ၁၀၀၀၀ ေက်ာ္ရခဲ့တဲ့

ဝီလ္ရွီးယားဟာ ဒိန္းမတ္ကလပ္မွာေတာ့ တစ္ပတ္ ေပါင္ ၅၀၀၀ ပဲရရွိမွာပါ။