နောက်ဆုံးတော့ ရော်နယ်ဒိုကို လက်စားချေနိုင်သွားပြီဖြစ်တဲ့ ဆီမြွန်နီ

ချန်ပီယံလိဂ် ၁၆သင်းအဆင့်(ဒု-အကျော့)

ဒုတိယရက်သတ္တပတ်ရဲ့ ပထမနေ့ပွဲစဉ်တွေ
ကျင်းပပြီးစီးသွားပြီဖြစ်ရာ ထူးထူးခြားခြားအဖြစ်
တူညီတဲ့ရလဒ်တွေနဲ့အတူ နာမည်ကြီးအိမ်ရှင်အသင်းတွေ
အသီးသီးရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။
ယူနိုက်တက်နဲ့ အေဂျက်စ်တို့ဟာ ပ-အကျော့အဝေးကွင်းမှာ

သရေကစားခဲ့ပြီးနောက် အိမ်ကွင်းမှာ ဘယ်လိုပဲနိုင်နိုင်
နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပေမယ့် မနိုင်တဲ့အပြင်
ရှုံးတောင်ရှုံးနိမ့်သွားခဲ့ပြီး ယူနိုက်တက်က အက်သလက်ကို
ဝ-၁ဂိုး၊ အေဂျက်စ်က ဘင်ဖီကာကို ဝ-၁ ဂိုးရလဒ်တွေနဲ့ အရေးနိမ့်ခဲ့ရတာပါ။
အက်သလက်အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီအတွက်တော့

ဒီအောင်ပွဲက ပိုမိုချိုမြိန်စရာဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ
ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတိုင်း အိမ်လှည့်ပြန်ခဲ့ရတဲ့
မှတ်တမ်းဆိုးကြီးကို ဒီနှစ်မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဆီမြွန်နီဟာ ၂၀၁၃-၁၄ ရာသီက ဗိုလ်လုပွဲ၊
၂၀၁၄-၁၅ ရာသီက ကွာတားဖိုင်နယ်၊

၂၀၁၅-၁၆ ရာသီက ဗိုလ်လုပွဲ၊
၂၀၁၆-၁၇ ရာသီက ဆီမီးဖိုင်နယ်၊
၂၀၁၈-၁၀ ရာသီက ၁၆သင်းအဆင့်ပွဲတွေမှာ
ရော်နယ်ဒိုဦးဆောင်တဲ့အသင်းကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ဆီမြွန်နီဟာ

အဲဒီစံချိန်ဆိုးကို အကောင်းဆုံးချေဖျက်နိုင်ခဲ့တာဖြစ်ပြီး
အသင်းကလည်း နှစ်ကျော့စလုံး ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့ကျမှပဲ ချန်ပီယံလိဂ်မှာ ဆီမြွန်နီကို
မကျော်ဖြတ်နိုင်တော့တဲ့ ရော်နယ်ဒိုဟာ
ဒီပွဲအပြီးမှာလည်း နောက်ထပ်စံချိန်ဆိုးတစ်ခု

တင်ခဲ့ရပြီး ၂၀၁၁၊ မေလ ၃ ရက်နေ့နောက်ပိုင်း
ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ဂိုးပေါက်ကန်သွင်းချက်
မရှိတဲ့ ပထမဆုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ရတာပါ။
ရော်နယ်ဒိုဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ကလပ်အသင်းကစားသမားဘဝမှာ

ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
နောက်ထပ်ဝမ်းနည်းစရာကောင်းတာကတော့
ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT နှစ်ယောက်အဖြစ်
တင်စားခြင်းခံထားရတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ယောက်စလုံး
ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ပြိုင်တူထွက်ခဲ့ရတာ

နောက်ဆုံး ၂နှစ်ဆက်ရှိလာတာဖြစ်ပြီး မက်ဆီရဲ့ပီအက်စ်ဂျီက
ရီးရဲလ်ကို နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
ဒါ့အပြင် ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်
ပ-အကျော့မှာ သရေကျပြီးတိုင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ
နောက်ဆုံး ၄ကြိမ်ဆက် ရှိလာပြီဖြစ်ပြီး ၂၀၁၂-၁၃ ရာသီက

၁၆သင်းအဆင့်မှာ ရီးရဲလ်၊ ၂၀၁၃-၁၄ ရာသီ ကွာတားဖိုင်နယ်အဆင့်မှာ
ဘိုင်ယန်၊ ၂၀၁၇-၁၈ ရာသီ ၁၆သင်းအဆင့်မှာ ဆီဗီလာနဲ့
ဒီနှစ် ၁၆သင်းအဆင့်မှာ အက်သလက်တို့ကို အရေးနိမ့်ခဲ့တာပါ။

Zawgyi

ေနာက္ဆုံးေတာ့ ေရာ္နယ္ဒိုကို လက္စားေခ်ႏိုင္သြားၿပီျဖစ္တဲ့ ဆီႁမြန္နီ
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္(ဒု-အေက်ာ့)
ဒုတိယရက္သတၱပတ္ရဲ႕ ပထမေန႔ပြဲစဥ္ေတြ
က်င္းပၿပီးစီးသြားၿပီျဖစ္ရာ ထူးထူးျခားျခားအျဖစ္

တူညီတဲ့ရလဒ္ေတြနဲ႔အတူ နာမည္ႀကီးအိမ္ရွင္အသင္းေတြ
အသီးသီးရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရပါတယ္။
ယူႏိုက္တက္နဲ႔ ေအဂ်က္စ္တို႔ဟာ ပ-အေက်ာ့အေဝးကြင္းမွာ
သေရကစားခဲ့ၿပီးေနာက္ အိမ္ကြင္းမွာ ဘယ္လိုပဲႏိုင္ႏိုင္
ေနာက္တစ္ဆင့္တက္ႏိုင္မွာျဖစ္ေပမယ့္ မႏိုင္တဲ့အျပင္

ရႈံးေတာင္ရႈံးနိမ့္သြားခဲ့ၿပီး ယူႏိုက္တက္က အက္သလက္ကို
ဝ-၁ဂိုး၊ ေအဂ်က္စ္က ဘင္ဖီကာကို ဝ-၁ ဂိုးရလဒ္ေတြနဲ႔ အေရးနိမ့္ခဲ့ရတာပါ။
အက္သလက္အသင္းနည္းျပ ဒီေယဂိုဆီႁမြန္နီအတြက္ေတာ့
ဒီေအာင္ပြဲက ပိုမိုခ်ိဳၿမိန္စရာျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ
ေရာ္နယ္ဒိုနဲ႔ ရင္ဆိုင္ရတိုင္း အိမ္လွည့္ျပန္ခဲ့ရတဲ့

မွတ္တမ္းဆိုးႀကီးကို ဒီႏွစ္မွာ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ဆီႁမြန္နီဟာ ၂၀၁၃-၁၄ ရာသီက ဗိုလ္လုပြဲ၊
၂၀၁၄-၁၅ ရာသီက ကြာတားဖိုင္နယ္၊
၂၀၁၅-၁၆ ရာသီက ဗိုလ္လုပြဲ၊
၂၀၁၆-၁၇ ရာသီက ဆီမီးဖိုင္နယ္၊

၂၀၁၈-၁၀ ရာသီက ၁၆သင္းအဆင့္ပြဲေတြမွာ
ေရာ္နယ္ဒိုဦးေဆာင္တဲ့အသင္းကို အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။
ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ဆီႁမြန္နီဟာ
အဲဒီစံခ်ိန္ဆိုးကို အေကာင္းဆုံးေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး
အသင္းကလည္း ႏွစ္ေက်ာ့စလုံး ပုံစံေကာင္းျပသႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔က်မွပဲ ခ်န္ပီယံလိဂ္မွာ ဆီႁမြန္နီကို
မေက်ာ္ျဖတ္ႏိုင္ေတာ့တဲ့ ေရာ္နယ္ဒိုဟာ
ဒီပြဲအၿပီးမွာလည္း ေနာက္ထပ္စံခ်ိန္ဆိုးတစ္ခု
တင္ခဲ့ရၿပီး ၂၀၁၁၊ ေမလ ၃ ရက္ေန႔ေနာက္ပိုင္း
ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ ဂိုးေပါက္ကန္သြင္းခ်က္

မရွိတဲ့ ပထမဆုံးပြဲအျဖစ္ မွတ္တမ္းဝင္သြားခဲ့ရတာပါ။
ေရာ္နယ္ဒိုဟာ ၂၀၀၉-၁၀ ရာသီေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ကလပ္အသင္းကစားသမားဘဝမွာ
ဖလားလက္မဲ့ရာသီနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။
ေနာက္ထပ္ဝမ္းနည္းစရာေကာင္းတာကေတာ့

ကမာၻ႔ေဘာလုံးေလာကရဲ႕ GOAT ႏွစ္ေယာက္အျဖစ္
တင္စားျခင္းခံထားရတဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ႏွစ္ေယာက္စလုံး
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ကေန ၿပိဳင္တူထြက္ခဲ့ရတာ
ေနာက္ဆုံး ၂ႏွစ္ဆက္ရွိလာတာျဖစ္ၿပီး မက္ဆီရဲ႕ပီအက္စ္ဂ်ီက
ရီးရဲလ္ကို ႏွစ္ေက်ာ့ေပါင္း ၃-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတာပါ။

ဒါ့အျပင္ ယူႏိုက္တက္ကလည္း ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္
ပ-အေက်ာ့မွာ သေရက်ၿပီးတိုင္း ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာ
ေနာက္ဆုံး ၄ႀကိမ္ဆက္ ရွိလာၿပီျဖစ္ၿပီး ၂၀၁၂-၁၃ ရာသီက
၁၆သင္းအဆင့္မွာ ရီးရဲလ္၊ ၂၀၁၃-၁၄ ရာသီ ကြာတားဖိုင္နယ္အဆင့္မွာ
ဘိုင္ယန္၊ ၂၀၁၇-၁၈ ရာသီ ၁၆သင္းအဆင့္မွာ ဆီဗီလာနဲ႔

ဒီႏွစ္ ၁၆သင္းအဆင့္မွာ အက္သလက္တို႔ကို အေရးနိမ့္ခဲ့တာပါ။