နောက်ဆုံးတော့ ကစားသမားသစ် ခွန်ဒီကို ဘာစီလိုနာ မှတ်ပုံတင်လိုက်နိုင်ပြီ

ဒီရာသီအတွက် တန်ဖိုးမြင့်ကစားသမားတွေခေါ်ယူပြီး မှတ်ပုံတင်ဖို့အကျပ်ရိုက်ခဲ့တဲ့ ဘာစီလိုနာဟာ နောက်ဆုံး တော့ စာရင်းသွင်းဖို့ တစ်ယောက်တည်းကျန်နေတဲ့ ခွန်ဒီကို ဗယ်လာဒိုးလစ်နဲ့ပွဲမတိုင်ခင်မှာ

မှတ်ပုံတင်လိုက်နိုင် ပြီဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ခွန်ဒီကို ဆီဗီလာကနေခေါ်ယူအပြီး တစ်လအကြာမှ မှတ်ပုံတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစောပိုင်းမှာ ဘာစီလိုနာအနေနဲ့ လာလီဂါရဲ့ဘဏ္ဍာရေးဆိုင်ရာ

စည်းမျဉ်းတွေနဲ့ငြိစွန်းနေတာကြောင့် ကစားသမားသစ်တွေကို မှတ်ပုံတင်ဖို့အခက်တွေ့နေခဲ့ရတာဖြစ်ပါတယ်။ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ခရစ္စတင်း ဆန်နဲ့ ကက်စ်ဆီတို့ကို ရာသီမစခင် မှတ်ပုံတင်နိုင်ဖို့အတွက်

အသင်းရဲ့ပိုင်ဆိုင်မှုတချို့တစ်ဝက်နဲ့ အနာဂတ်ရုပ်သံ ဝင်ငွေတချို့ကို ရောင်းချထားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်ကစားသမားလစာလျော့တာတွေနဲ့ အသင်းကနေ ထွက်ခွာခွင့်ပေးတာတွေကိုပါ လုပ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ နောက်ခံလူ အမ်တီတီဟာ စီးရီးအေ ကလပ် လက်ချီ ကိုအငှားနဲ့ ရောက်သွားခဲ့ပြီဖြစ်သလို အူဘာမီယန်နဲ့ ဒီပေးတို့ကိုလည်း ရောင်းချဖို့အတွက် ဆွေးနွေးမှုတွေလုပ်နေခဲ့တာပါ။

ဘာစီလိုနာဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာနဲ့ ခွန်ဒီတို့ကိုခေါ်ယူဖို့အတွက် ယူရို သန်း ၁၆၀အထိသုံးခဲ့ရတာဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းတွေအရ ဝင်ငွေထွက်ငွေ မမျှတမှုနဲ့ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

(zawgyi)

ဒီရာသီအတြက္ တန္ဖိုးျမင့္ကစားသမားေတြေခၚယူၿပီး မွတ္ပုံတင္ဖို႔အက်ပ္႐ိုက္ခဲ့တဲ့ ဘာစီလိုနာဟာ ေနာက္ဆုံး ေတာ့ စာရင္းသြင္းဖို႔ တစ္ေယာက္တည္းက်န္ေနတဲ့ ခြန္ဒီကို ဗယ္လာဒိုးလစ္နဲ႔ပြဲမတိုင္ခင္မွာ

မွတ္ပုံတင္လိုက္ႏိုင္ ၿပီျဖစ္ပါတယ္။ ဘာစီလိုနာအေနနဲ႔ ခြန္ဒီကို ဆီဗီလာကေနေခၚယူအၿပီး တစ္လအၾကာမွ မွတ္ပုံတင္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အေစာပိုင္းမွာ ဘာစီလိုနာအေနနဲ႔ လာလီဂါရဲ႕ဘ႑ာေရးဆိုင္ရာ

စည္းမ်ဥ္းေတြနဲ႔ၿငိစြန္းေနတာေၾကာင့္ ကစားသမားသစ္ေတြကို မွတ္ပုံတင္ဖို႔အခက္ေတြ႕ေနခဲ့ရတာျဖစ္ပါတယ္။ လီဝန္ေဒါစကီး၊ ရာဖင္ဟာ၊ ခရစၥတင္း ဆန္နဲ႔ ကက္စ္ဆီတို႔ကို ရာသီမစခင္

မွတ္ပုံတင္ႏိုင္ဖို႔အတြက္ အသင္းရဲ႕ပိုင္ဆိုင္မႈတခ်ိဳ႕တစ္ဝက္နဲ႔ အနာဂတ္႐ုပ္သံ ဝင္ေငြတခ်ိဳ႕ကို ေရာင္းခ်ထားခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ကစားသမားလစာေလ်ာ့တာေတြနဲ႔ အသင္းကေန ထြက္ခြာခြင့္ေပးတာေတြကိုပါ လုပ္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေနာက္ခံလူ အမ္တီတီဟာ စီးရီးေအ ကလပ္ လက္ခ်ီ ကိုအငွားနဲ႔ ေရာက္သြားခဲ့ၿပီျဖစ္သလို အူဘာမီယန္နဲ႔ ဒီေပးတို႔ကိုလည္း ေရာင္းခ်ဖို႔အတြက္ ေဆြးေႏြးမႈေတြလုပ္ေနခဲ့တာပါ။

ဘာစီလိုနာဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ လီဝန္ေဒါစကီး၊ ရာဖင္ဟာနဲ႔ ခြန္ဒီတို႔ကိုေခၚယူဖို႔အတြက္ ယူ႐ို သန္း ၁၆၀အထိသုံးခဲ့ရတာျဖစ္ၿပီး ဘ႑ာေရး စည္းမ်ဥ္းေတြအရ ဝင္ေငြထြက္ေငြ မမွ်တမႈနဲ႔ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။