နောက်ခံလူအာနိုးကို အသင်းကနေ ထွက်သွားခိုင်းလိုက်တော့လို့ ကြိုးကြာနီပရိသတ် ပေါက်ကွဲ

မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားတွေလုပ်ခဲ့မိလို့ ဝေဖန်ခံနေရတာ နောက်ခံလူ ဗန်ဒိုက်တစ်ယောက်တည်းလို့ ထင်နေရင်တော့ မိတ်ဆွေဟာ မှားပါပြီ။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို ဦးညွှတ်ခဲ့ရတဲ့ ညက အမှားတွေလုပ် ခဲ့မိလို့

လူမှုကွန်ရက်ပေါ်မှာတင်မကဘဲ သတင်းဌာနထဲအထိပါ ဝေဖန်ခံနေရသူတွေထဲမှာ နောက်ခံလူ အလက်ဇန္ဒား အာနိုးလည်း ပါဝင်နေပါတယ်။ သရဲနီတွေနဲ့ စီးချင်းထိုးခဲ့တဲ့ ပွဲမှာ အာနိုးဟာ ပြိုင်ဘက်ကစားသမားတွေနဲ့

ထိပ်တိုက်တွေ့ချိန် နေရာ ပေါင်းစုံမှာ အမှားတွေ ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ မန်ယူက ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်ခဲ့တာကြောင့် ကြိုးကြာနီတိုက်စစ်မှူး ဆာလက်ရဲ့ ချေပဂိုးဟာ အရာမထင်ခဲ့ပါဘူး။

ဒီပွဲပြီးတဲ့နောက် အမှတ်ပေး ဇယား အဆင့် ၂၀ က မန်ယူဟာ လီဗာပူးကို ကျော်တက်သွားခဲ့ပြီး လီဗာပူး ကတော့ မန်ယူရဲ့ အောက်ကို ရောက်သွားခဲ့ပါတယ်။ အားမနာတမ်း ပြောရ မယ်ဆိုရင်တော့ နည်းပြကလော့ပ်ရဲ့

လီဗာပူးတိုက်စစ်ဓားသွားဟာ မန်ယူ ခံစစ်ကို အပိုင်းပိုင်း ပြတ်ရှသွားအောင် ပိုင်းခုတ်နိုင်လောက်တဲ့အထိ မထက် မြက်ခဲ့ပါဘူး။ ဒါ့အပြင် နောက်ခံလူ ဗန်ဒိုက်နဲ့ အာနိုးတို့ရဲ့ အမှားတွေကလည်း မန်ယူရဲ့ တိုက်စစ်ကို

အသာရသွားစေသလို ဖြစ်ခဲ့တာပါ။ ဒါကြောင့် လီဗာပူး အမာခံပရိသတ်တစ်ယောက်ကတော့ အာနိုးကို ရောင်းထုတ်ပစ်သင့်ပြီလို့ ပေါက်ကွဲပြခဲ့ပါတယ်။ ‘’အာနိုးကို မှတ်ချက်ပေးဖို့ မင်းတို့တွေ လိုချင်နေတယ်ပေါ့။

အာနိုးနဲ့ပတ်သက်ပြီး ငါပြောချင်တာကတော့ ငါ့အသင်းကနေ ထွက်သွားတော့။ သူ့ကို သွားခိုင်းလိုက်တော့။ ပေါင် သန်း ၆၀ ကနေ ၈၀ ကြား ရပြီဆိုရင် ဒိုးခိုင်းလိုက်တော့’’ ဆိုပြီး စကော်တီလို့ အမည်ရတဲ့ လီဗာပူးအမာခံပရိတ်သတ်တစ်ယောက်က Talk Sport သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

မန္ယူကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အမွားေတြလုပ္ခဲ့မိလို႔ ေဝဖန္ခံေနရတာ ေနာက္ခံလူ ဗန္ဒိုက္တစ္ေယာက္တည္းလို႔ ထင္ေနရင္ေတာ့ မိတ္ေဆြဟာ မွားပါၿပီ။ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူကို ဦးၫႊတ္ခဲ့ရတဲ့ ညက အမွားေတြလုပ္ ခဲ့မိလို႔ လူမႈကြန္ရက္ေပၚမွာတင္မကဘဲ

သတင္းဌာနထဲအထိပါ ေဝဖန္ခံေနရသူေတြထဲမွာ ေနာက္ခံလူ အလက္ဇႏၵား အာႏိုးလည္း ပါဝင္ေနပါတယ္။ သရဲနီေတြနဲ႔ စီးခ်င္းထိုးခဲ့တဲ့ ပြဲမွာ အာႏိုးဟာ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ ထိပ္တိုက္ေတြ႕ခ်ိန္ ေနရာ ေပါင္းစုံမွာ အမွားေတြ က်ဴးလြန္ခဲ့သူျဖစ္ပါတယ္။

မန္ယူက ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ပြဲကို ဦးေဆာင္ခဲ့တာေၾကာင့္ ႀကိဳးၾကာနီတိုက္စစ္မႉး ဆာလက္ရဲ႕ ေခ်ပဂိုးဟာ အရာမထင္ခဲ့ပါဘူး။ ဒီပြဲၿပီးတဲ့ေနာက္ အမွတ္ေပး ဇယား အဆင့္ ၂၀ က မန္ယူဟာ လီဗာပူးကို

ေက်ာ္တက္သြားခဲ့ၿပီး လီဗာပူး ကေတာ့ မန္ယူရဲ႕ ေအာက္ကို ေရာက္သြားခဲ့ပါတယ္။ အားမနာတမ္း ေျပာရ မယ္ဆိုရင္ေတာ့ နည္းျပကေလာ့ပ္ရဲ႕ လီဗာပူးတိုက္စစ္ဓားသြားဟာ မန္ယူ ခံစစ္ကို အပိုင္းပိုင္း ျပတ္ရွသြားေအာင္

ပိုင္းခုတ္ႏိုင္ေလာက္တဲ့အထိ မထက္ ျမက္ခဲ့ပါဘူး။ ဒါ့အျပင္ ေနာက္ခံလူ ဗန္ဒိုက္နဲ႔ အာႏိုးတို႔ရဲ႕ အမွားေတြကလည္း မန္ယူရဲ႕ တိုက္စစ္ကို အသာရသြားေစသလို ျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ လီဗာပူး အမာခံပရိသတ္တစ္ေယာက္ကေတာ့ အာႏိုးကို

ေရာင္းထုတ္ပစ္သင့္ၿပီလို႔ ေပါက္ကြဲျပခဲ့ပါတယ္။ ‘’အာႏိုးကို မွတ္ခ်က္ေပးဖို႔ မင္းတို႔ေတြ လိုခ်င္ေနတယ္ေပါ့။ အာႏိုးနဲ႔ပတ္သက္ၿပီး ငါေျပာခ်င္တာကေတာ့ ငါ့အသင္းကေန ထြက္သြားေတာ့။

သူ႔ကို သြားခိုင္းလိုက္ေတာ့။ ေပါင္ သန္း ၆၀ ကေန ၈၀ ၾကား ရၿပီဆိုရင္ ဒိုးခိုင္းလိုက္ေတာ့’’ ဆိုၿပီး စေကာ္တီလို႔ အမည္ရတဲ့ လီဗာပူးအမာခံပရိတ္သတ္တစ္ေယာက္က Talk Sport သတင္းဌာနကို ေျပာဆိုသြားခဲ့ပါတယ္။