နေရာတနေရာအတွက် တိုက်ပွဲဝင်ဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အလာဗက်စ်အသင်းဆီကိုပဲ ထပ်မံအဌားသွားကစားတဲ့ ပယ်လစ္စထရီ 

မန်ယူနိုက်တက်အသင်းရဲ့ ဥရုဂွေးကြယ်ပွင့်တောင်ပံကစားသမား ပယ်လစ္စထရီက

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အလာဗက်စ်အသင်းဆီ အဌားထွက်

ကစားဖြစ်ခဲ့တာဟာ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ကြောင့် ဖြစ်တယ်ဆိုတဲ့

သဘောမျိုးသက်ရောက်တဲ့ စကားကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၀ နွေရာသီအပြောင်းအရွှေ့မှာ

ဥရုဂွေးကလပ် Peñarol အသင်းကနေ ယူရို ၁၀ သန်း နဲ့ ခေါ်ယူခဲ့ရတဲ့

ပယ်လစ္စထရီ ကို စရောက်တဲ့နှစ်မှာပဲ စပိန်ကလပ် အလာဗက်စ်

အသင်းဆီကို တရာသီအဌားချခဲ့ပါတယ်။ အဌားစာချုပ်ပြည့်လို့

မန်ယူနိုက်တက်အသင်းဆီ ပယ်လစ္စထရီ ပြန်ရောက်လာချိန်မှာ

နေရာတနေရာအတွက် တိုက်ပွဲဝင်ဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့

အလာဗက်စ်အသင်းဆီကိုပဲ ထပ်မံအဌားသွားကစားဖြစ်ခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ခဲ့တဲ့အပေါ် ပယ်လစ္စထရီ က “ ယူနိုက်တက် စီနီယာ

အသင်းကြီးမှာ ကစားဖို့အတွက် ကြံ့ခိုင်မှုရှိတယ်လို့ ကျွန်တော်ခံစားခဲ့ရပါတယ်။

ဒါဘီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ စီနီယာအသင်းကြီးအတွက်

ကျွန်တော်ဂိုးသွင်းနိုင်ခဲ့တယ်။ အဲဒီရာသီကြိုကာလကတော့ အတော်လေး

ခက်ခဲပင်ပန်းတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကြုံတွေ့ဖူးသမျှထဲမှာ

အပြင်းထန်ဆုံးရာသီကြိုကာလလို့ ပြောလို့ရတယ်။ ကျွန်တော်ကစားနေကျ

နေရာမှာ ကစားတဲ့ ကစားသမားသစ်အပါအဝင် တခြားကစားသမားသစ်တွေ

ထပ်ရောက်လာတော့ နောက်တကြိမ်အဌားထွက်ကစားတာက

အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တွေးခဲ့မိတယ်။ ကစားသမား

တယောက်အတွက် အကောင်းဆုံးအရာက ဘောလုံးကစားခွင့်ရနေဖို့ပါ။

လူငယ်ကစားသမားတွေအတွက်ဆိုရင်တော့ အတွေ့အကြုံရဖို့လည်း

လိုပါတယ် “ လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပယ်လစ္စထရီ ကို အလာဗက်စ်အသင်းဆီ

ဒုတိယအကြိမ်မြောက် အဌားချခဲ့ရာမှာ ဒီဇင်ဘာလမတိုင်ခင် ပယ်လစ္စထရီကို

မိနစ်ပေါင်း ၁၀၀၀ အထိ ကစားခွင့်ပေးရ

မယ်ဆိုတဲ့ အချက်တချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ရောက်ဖို့ တလကျော်သာလိုတော့တဲ့ အချိန်မှာ ပယ်လစ္စထရီ အနေနဲ့

မိနစ်ပေါင်း ၁၉၅ မိနစ်သာ ကစားခွင့်ရသေးတာကြောင့် မန်ယူနိုက်တက်အသင်းက

အဌားစာချုပ်ကို ဖျက်သိမ်းဖို့ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

အလာဗက်စ်အသင်းဆီကနေ ပယ်လစ္စထရီ ကို ပြန်ခေါ်ပြီးသွားရင်တော့

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဥရောပအခြေစိုက် တခြားအသင်းတသင်းဆီကို

ထပ်မံအဌားချဦးမယ်လို့ သိရပါတယ်။

zawgyi

ေနရာတေနရာအတြက္ တိုက္ပြဲဝင္ဖို႔ စီစဥ္ခဲ့ေပမဲ့ ေနာက္ဆုံးမွာေတာ့ အလာဗက္စ္အသင္းဆီကိုပဲ ထပ္မံအဌားသြားကစားတဲ့ ပယ္လစၥထရီ

မန္ယူႏိုက္တက္အသင္းရဲ႕ ဥ႐ုေဂြးၾကယ္ပြင့္ေတာင္ပံကစားသမား ပယ္လစၥထရီက

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အလာဗက္စ္အသင္းဆီ အဌားထြက္

ကစားျဖစ္ခဲ့တာဟာ အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ိဳ ေၾကာင့္ ျဖစ္တယ္ဆိုတဲ့

သေဘာမ်ိဳးသက္ေရာက္တဲ့ စကားကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ ၂၀၂၀ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

ဥ႐ုေဂြးကလပ္ Peñarol အသင္းကေန ယူ႐ို ၁၀ သန္း နဲ႔ ေခၚယူခဲ့ရတဲ့

ပယ္လစၥထရီ ကို စေရာက္တဲ့ႏွစ္မွာပဲ စပိန္ကလပ္ အလာဗက္စ္

အသင္းဆီကို တရာသီအဌားခ်ခဲ့ပါတယ္။ အဌားစာခ်ဳပ္ျပည့္လို႔

မန္ယူႏိုက္တက္အသင္းဆီ ပယ္လစၥထရီ ျပန္ေရာက္လာခ်ိန္မွာ

ေနရာတေနရာအတြက္ တိုက္ပြဲဝင္ဖို႔ စီစဥ္ခဲ့ေပမဲ့ ေနာက္ဆုံးမွာေတာ့

အလာဗက္စ္အသင္းဆီကိုပဲ ထပ္မံအဌားသြားကစားျဖစ္ခဲ့ပါတယ္။

ဒီလိုဆုံးျဖတ္ခဲ့တဲ့အေပၚ ပယ္လစၥထရီ က “ ယူႏိုက္တက္ စီနီယာ

အသင္းႀကီးမွာ ကစားဖို႔အတြက္ ႀကံ့ခိုင္မႈရွိတယ္လို႔ ကြၽန္ေတာ္ခံစားခဲ့ရပါတယ္။

ဒါဘီအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ စီနီယာအသင္းႀကီးအတြက္

ကြၽန္ေတာ္ဂိုးသြင္းႏိုင္ခဲ့တယ္။ အဲဒီရာသီႀကိဳကာလကေတာ့ အေတာ္ေလး

ခက္ခဲပင္ပန္းတဲ့ အခ်ိန္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ႀကဳံေတြ႕ဖူးသမွ်ထဲမွာ

အျပင္းထန္ဆုံးရာသီႀကိဳကာလလို႔ ေျပာလို႔ရတယ္။ ကြၽန္ေတာ္ကစားေနက်

ေနရာမွာ ကစားတဲ့ ကစားသမားသစ္အပါအဝင္ တျခားကစားသမားသစ္ေတြ

ထပ္ေရာက္လာေတာ့ ေနာက္တႀကိမ္အဌားထြက္ကစားတာက

အေကာင္းဆုံးျဖစ္မယ္လို႔ ကြၽန္ေတာ္ေတြးခဲ့မိတယ္။ ကစားသမား

တေယာက္အတြက္ အေကာင္းဆုံးအရာက ေဘာလုံးကစားခြင့္ရေနဖို႔ပါ။

လူငယ္ကစားသမားေတြအတြက္ဆိုရင္ေတာ့ အေတြ႕အႀကဳံရဖို႔လည္း

လိုပါတယ္ “ လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ မန္ယူႏိုက္တက္အသင္းဟာ

ပယ္လစၥထရီ ကို အလာဗက္စ္အသင္းဆီ ဒုတိယအႀကိမ္ေျမာက္ အဌားခ်ခဲ့ရာမွာ

ဒီဇင္ဘာလမတိုင္ခင္ ပယ္လစၥထရီ ကို မိနစ္ေပါင္း ၁၀၀၀ အထိ ကစားခြင့္ေပးရ

မယ္ဆိုတဲ့ အခ်က္တခ်က္ကို စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

ဒီဇင္ဘာလ ေရာက္ဖို႔ တလေက်ာ္သာလိုေတာ့တဲ့ အခ်ိန္မွာ ပယ္လစၥထရီ အေနနဲ႔

မိနစ္ေပါင္း ၁၉၅ မိနစ္သာ ကစားခြင့္ရေသးတာေၾကာင့္ မန္ယူႏိုက္တက္အသင္းက

အဌားစာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ ေဆာင္႐ြက္ေနၿပီလို႔ သိရပါတယ္။

အလာဗက္စ္အသင္းဆီကေန ပယ္လစၥထရီ ကို ျပန္ေခၚၿပီးသြားရင္ေတာ့

လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ဥေရာပအေျခစိုက္ တျခားအသင္းတသင္းဆီကို

ထပ္မံအဌားခ်ဦးမယ္လို႔ သိရပါတယ္။