နေမာ ဘာကြောင့် ယူနိုက်တက်ကို ပြောင်းချင်ရတယ်ဆိုတာ ပြောပြီ…

ယခုနွေရာသီအတွင်း ပီအက်စ်ဂျီကနေ

ထွက်ခွာဖို့ ရှိနေတဲ့ တိုက်စစ်မှူး နေမာကို
ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးက ရေပန်းအစားဆုံး
ဖြစ်နေပေမယ့် နယူးကာဆယ်နဲ့ ယူနိုကတက်တို့ကလည်း
ဘရာဇီးလက်ရွေးစင် နေမာကို
ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အသက် ၃၀ အရွယ်ရှိ နေမာဟာ
ပြီးခဲ့တဲ့နွေရာသီကမှ အသင်းနဲ့
၄နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့်
လက်ရှိအချိန်မှာတော့ အသင်းရဲ့
အဓိကအကျဆုံးကစားသမားမဟုတ်တော့ဘဲ

ပီအက်စ်ဂျီက အသင်းနဲ့ ၃နှစ်စာချုပ်သစ်
ချုပ်ဆိုခဲ့တဲ့ တိုက်စစ်မှူး ဘာပေကို
အသင်းရဲ့အဓိကကစားသမားအဖြစ်
သတ်မှတ်ထားသလို အာဂျင်တီးနားအသင်းခေါင်းဆောင်
မက်ဆီလည်း နေမာရဲ့အထက်မှာရှိနေပါတယ်။

ဒ့ါအပြင် စာချုပ်သစ်အရ
အသင်းရဲ့ကွင်းတွင်းကိစ္စတွေကိုပါ
ဝင်ရောက်စွက်ဖက်ခွင့်ရထားတယ်လို့
သတင်းထွက်ပေါ်နေတဲ့ ဘာပေက
နေမာကို ထုတ်ရောင်းစေချင်နေပြီး

အားကစားဒါရိုက်တာအသစ် လူးဝစ်ကမ်ပို့စ်ရဲ့
အနာဂတ်အစီအစဉ်တွေမှာလည်း
နေမာ မပါဝင်ဘူးလို့ သိရပါတယ်။
အခုလည်း နေမာရဲ့ဖခင်ဖြစ်သူက
သားဖြစ်သူအနေနဲ့ ကစားသမားဘဝကနေ

အနားမယူခင် ယူနိုက်တက်မှာ ကစားချင်တဲ့အကြောင်း
မိမိကို ထုတ်ပြောခဲ့တယ်လို့ The Sun သတင်းစာနဲ့
ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားပါတယ်။
”ယူနိုက်တက်မှာ ကစားချင်တဲ့
သူ့ရဲ့ဆန္ဒက မကြာခင်မှာဖြစ်လာနိုင်ပါတယ်။

သား အသက် ၁၆ နှစ်အရွယ်မှာ ကျွန်တော့်ကို
မေးခွန်းတစ်ခုမေးခဲ့ပါတယ်။
အဲဒါကတော့ ယူနိုက်တက်မှာ
ဘာဖြစ်လို့ ဘရာဇီးဂန္ထဝင်ကစားသမားတွေ
မကစားရတာလဲဆိုတဲ့မေးခွန်းပါ။

အဲဒါနဲ့ ကျွန်တော်က ဒါဆိုလည်း
သားကြီးလာတဲ့အခါ သွားကစားလိုက်ပေါ့လို့
ပြန်ပြောလိုက်ပါတယ်”လို့ နေမာစီနီယာက ပြောပါတယ်။
ယူနိုက်တက်ကလည်း ယခုနွေရာသီအတွင်း
တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့

စီစဉ်နေပြီး ဘင်ဖီကာတိုက်စစ်မှူး
ဒါဝင်နူနက်ဇ်ကို ခေါ်ယူချင်နေပါတယ်။
ဒါပေမဲ့ ကစားသမားဖြစ်သူက
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ကစားချင်နေလို့
ယူနိုက်တက်အတွက် ထိုးနှက်ချက်ဖြစ်နေပြီး

ကာဗာနီနဲ့ လင်ဂတ်တို့က အသင်းကနေ
ထွက်ခွာတော့မှာဖြစ်သလို နောက်ထပ်တိုက်စစ်မှူး
မာစီယယ်ကလည်း ခြေစွမ်းပြနိုင်ဖို့
ရုန်းကန်နေရပါတယ်။

Zawgyi

ေနမာ ဘာေၾကာင့္ ယူႏိုက္တက္ကို ေျပာင္းခ်င္ရတယ္ဆိုတာ ေျပာၿပီ…
ယခုေႏြရာသီအတြင္း ပီအက္စ္ဂ်ီကေန
ထြက္ခြာဖို႔ ရွိေနတဲ့ တုိက္စစ္မွဴး ေနမာကို

ေခၚယူႏုိင္ဖို႔ ခ်ဲလ္ဆီးက ေရပန္းအစားဆုံး
ျဖစ္ေနေပမယ့္ နယူးကာဆယ္နဲ႔ ယူႏုိ္ကတက္တို႔ကလည္း
ဘရာဇီးလက္ေရြးစင္ ေနမာကို
ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။
အသက္ ၃၀ အရြယ္ရွိ ေနမာဟာ

ၿပီးခဲ့တဲ့ေႏြရာသီကမွ အသင္းနဲ႔
၄ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္
လက္ရွိအခ်ိန္မွာေတာ့ အသင္းရဲ႕
အဓိကအက်ဆုံးကစားသမားမဟုတ္ေတာ့ဘဲ
ပီအက္စ္ဂ်ီက အသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္သစ္

ခ်ဳပ္ဆိုခဲ့တဲ့ တုိက္စစ္မွဴး ဘာေပကို
အသင္းရဲ႕အဓိကကစားသမားအျဖစ္
သတ္မွတ္ထားသလို အာဂ်င္တီးနားအသင္းေခါင္းေဆာင္
မက္ဆီလည္း ေနမာရဲ႕အထက္မွာရွိေနပါတယ္။
ဒ့ါအျပင္ စာခ်ဳပ္သစ္အရ

အသင္းရဲ႕ကြင္းတြင္းကိစၥေတြကိုပါ
၀င္ေရာက္စြက္ဖက္ခြင့္ရထားတယ္လုိ႔
သတင္းထြက္ေပၚေနတဲ့ ဘာေပက
ေနမာကို ထုတ္ေရာင္းေစခ်င္ေနၿပီး
အားကစားဒါရိုက္တာအသစ္ လူး၀စ္ကမ္ပို႔စ္ရဲ႕

အနာဂတ္အစီအစဥ္ေတြမွာလည္း
ေနမာ မပါ၀င္ဘူးလုိ႔ သိရပါတယ္။
အခုလည္း ေနမာရဲ႕ဖခင္ျဖစ္သူက
သားျဖစ္သူအေနနဲ႔ ကစားသမားဘ၀ကေန
အနားမယူခင္ ယူႏုိက္တက္မွာ ကစားခ်င္တဲ့အေၾကာင္း

မိမိကို ထုတ္ေျပာခဲ့တယ္လုိ႔ The Sun သတင္းစာနဲ႔
ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟသြားပါတယ္။
”ယူႏုိက္တက္မွာ ကစားခ်င္တဲ့
သူ႕ရဲ႕ဆႏၵက မၾကာခင္မွာျဖစ္လာႏိုင္ပါတယ္။
သား အသက္ ၁၆ ႏွစ္အရြယ္မွာ ကၽြန္ေတာ့္ကို

ေမးခြန္းတစ္ခုေမးခဲ့ပါတယ္။
အဲဒါကေတာ့ ယူႏုိက္တက္မွာ
ဘာျဖစ္လုိ႔ ဘရာဇီးဂႏၳ၀င္ကစားသမားေတြ
မကစားရတာလဲဆုိတဲ့ေမးခြန္းပါ။
အဲဒါနဲ႔ ကၽြန္ေတာ္က ဒါဆိုလည္း

သားႀကီးလာတဲ့အခါ သြားကစားလုိက္ေပါ့လုိ႔
ျပန္ေျပာလုိက္ပါတယ္”လုိ႔ ေနမာစီနီယာက ေျပာပါတယ္။
ယူႏိုက္တက္ကလည္း ယခုေႏြရာသီအတြင္း
တုိက္စစ္ပိုင္း အင္အားျဖည့္တင္းဖို႔
စီစဥ္ေနၿပီး ဘင္ဖီကာတုိက္စစ္မွဴး

ဒါ၀င္ႏူနက္ဇ္ကို ေခၚယူခ်င္ေနပါတယ္။
ဒါေပမဲ့ ကစားသမားျဖစ္သူက
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ ကစားခ်င္ေနလို႔
ယူႏုိက္တက္အတြက္ ထိုးႏွက္ခ်က္ျဖစ္ေနၿပီး
ကာဗာနီနဲ႔ လင္ဂတ္တို႔က အသင္းကေန

ထြက္ခြာေတာ့မွာျဖစ္သလုိ ေနာက္ထပ္တုိက္စစ္မွဴး
မာစီယယ္ကလည္း ေျခစြမ္းျပႏိုင္ဖို႔
ရုန္းကန္ေနရပါတယ္။