နေမာ ပေါင်ဒဏ်ရာကြောင့် အာဂျင်တီးနားနဲ့ပွဲကို လွဲချော်

ဘရာဇီးဟာ အာဂျင်တီးနားနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကို သူတို့ရဲ့

ကြယ်ပွင့်နေမာမပါဘဲနဲ့ ကစားရတော့မှာပါ။

အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးဟာ တနင်္လာနေ့လေ့ကျင့်ခန်းအစီအစဉ်ပြီးတဲ့နောက်

ပေါင်ဒဏ်ရာရခဲ့တာဖြစ်ပြီး ကျန်အသင်းသားတွေနဲ့အတူ

အာဂျင်တီးနားကို လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။

၂၉ နှစ်အရွယ် နေမာဟာ ကိုလံဘီယာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့

ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာတော့ ပွဲချိန်ပြည့်ကစားသွားခဲ့ပြီး ပါကွီတာသွင်းယူခဲ့တဲ့

တစ်လုံးတည်းသောအနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။

အာဂျင်တီးနားနဲ့ပွဲမှာ နေမာပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်း

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘရာဇီးနဲ့ပွဲကို သူတို့ရဲ့ကြယ်ပွင့်ကစားသမားမက်ဆီ

လွဲချော်နိုင်မလားဆိုပြီး စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။

မက်ဆီဟာ ဒူးဒဏ်ရာပြသာနာကြောင့် ပီအက်စ်ဂျီရဲ့နောက်ဆုံး ၂ ပွဲကို

လွဲချော်ခဲ့ပေမယ့် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဒါပေမဲ့ သူဟာ ဥရုဂွေးကို အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန်နှောင်းပိုင်းအရောက်

လူစားဝင်ကစားခဲ့ပါတယ်။ အာဂျင်တီးနားနည်းပြစကာလိုနီကလည်း

ဘရာဇီးနဲ့ပွဲအတွက် အသင်းလူစာရင်းမှာ အဲဒီ Ballon d’Or ၆ ဆုရှင်

ပါဝင်မယ်လို့ အတည်ပြုထားပါတယ်။

တောင်အမေရိကဇုန်အမှတ်ပေးဇယားမှာတော့ ဦးဆောင်သူဘရာဇီးဟာ

ဒုတိယနေရာက အာဂျင်တီးနားကို ၆ မှတ်ဖြတ်ထားပါတယ်။

ဒါပေမဲ့ ဘရာဇီးဟာ ပြီးခဲ့တဲ့အပတ်က ကိုလံဘီယာကိုအနိုင်ရပြီး

ခြေစစ်ပွဲအောင်ခဲ့တာကြောင့် အမှတ်လိုအပ်ချက် မရှိတော့ပါဘူး။

zawgyi

ေနမာ ေပါင္ဒဏ္ရာေၾကာင့္ အာဂ်င္တီးနားနဲ႔ပြဲကို လြဲေခ်ာ္

ဘရာဇီးဟာ အာဂ်င္တီးနားနဲ႔ကမာၻ႔ဖလားေျခစစ္ပြဲကို သူတို႔ရဲ႕

ၾကယ္ပြင့္ေနမာမပါဘဲနဲ႔ ကစားရေတာ့မွာပါ။

အဲဒီပီအက္စ္ဂ်ီတိုက္စစ္မႈးဟာ တနလၤာေန႔ေလ့က်င့္ခန္းအစီအစဥ္ၿပီးတဲ့ေနာက္

ေပါင္ဒဏ္ရာရခဲ့တာျဖစ္ၿပီး က်န္အသင္းသားေတြနဲ႔အတူ

အာဂ်င္တီးနားကို လိုက္ပါသြားျခင္း မရွိခဲ့ပါဘူး။

၂၉ ႏွစ္အ႐ြယ္ ေနမာဟာ ကိုလံဘီယာကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

ၿပီးခဲ့တဲ့အပတ္ပြဲစဥ္မွာေတာ့ ပြဲခ်ိန္ျပည့္ကစားသြားခဲ့ၿပီး ပါကြီတာသြင္းယူခဲ့တဲ့

တစ္လုံးတည္းေသာအႏိုင္ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့တာပါ။

အာဂ်င္တီးနားနဲ႔ပြဲမွာ ေနမာပါဝင္ႏိုင္မွာ မဟုတ္ဘူးဆိုတဲ့အေၾကာင္းကိုလည္း

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တစ္ဖက္မွာလည္း ဘရာဇီးနဲ႔ပြဲကို သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမားမက္ဆီ

လြဲေခ်ာ္ႏိုင္မလားဆိုၿပီး စိုးရိမ္မႈေတြ ရွိခဲ့ၾကပါတယ္။

မက္ဆီဟာ ဒူးဒဏ္ရာျပသာနာေၾကာင့္ ပီအက္စ္ဂ်ီရဲ႕ေနာက္ဆုံး ၂ ပြဲကို

လြဲေခ်ာ္ခဲ့ေပမယ့္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာပါ။

ဒါေပမဲ့ သူဟာ ဥ႐ုေဂြးကို အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ေႏွာင္းပိုင္းအေရာက္

လူစားဝင္ကစားခဲ့ပါတယ္။ အာဂ်င္တီးနားနည္းျပစကာလိုနီကလည္း

ဘရာဇီးနဲ႔ပြဲအတြက္ အသင္းလူစာရင္းမွာ အဲဒီ Ballon d’Or ၆ ဆုရွင္

ပါဝင္မယ္လို႔ အတည္ျပဳထားပါတယ္။

ေတာင္အေမရိကဇုန္အမွတ္ေပးဇယားမွာေတာ့ ဦးေဆာင္သူဘရာဇီးဟာ

ဒုတိယေနရာက အာဂ်င္တီးနားကို ၆ မွတ္ျဖတ္ထားပါတယ္။

ဒါေပမဲ့ ဘရာဇီးဟာ ၿပီးခဲ့တဲ့အပတ္က ကိုလံဘီယာကိုအႏိုင္ရၿပီး

ေျခစစ္ပြဲေအာင္ခဲ့တာေၾကာင့္ အမွတ္လိုအပ္ခ်က္ မရွိေတာ့ပါဘူး။