
PSG အသင်းရဲ့ဘရာဇီးလ်နာမည်ကျော်ကစားသမားနေမာဆိုတာ ကွင်းထဲမှာ
ပါးစပ်အဟောင်းသားဖြစ်စရာ အကွက်ဆန်းတွေနဲ့အစွမ်းပြလေ့ရှိသူဖြစ်ပြီး
တစ်ခါတလေကျရင် မလိုလားအပ်ဘဲ ဟန်ဆောင်ကောင်းတာ၊
ပြိုင်ဘက်တွေကို မထိလေးစားလုပ်ပြတာမျိုးတွေကြောင့် နေမာဟာ
သူ့ရဲ့အရည်အသွေးအရ ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ဦးအဖြစ်
သတ်မှတ်ခံထားရပေမယ့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လို လူငယ်တွေ
စံပြုရလောက်တဲ့ဘောလုံးသမားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့လည်း ဒီနေ့ဒီအချိန်အထိ နေမာကို မြက်ခင်းစိမ်းပေါ်မှာ
မြင်တွေ့နေရတာက ပရိသတ်တွေအတွက် ကံကောင်းမှုတစ်ခုလို့ပြောရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ နေမာဟာ တစ်ချိန်တုန်းက ဘောလုံးသမားဘဝကို
စွန့်ခွာရမယ့်အပြင် လမ်းလျှောက်လို့မရတော့တဲ့ ဒုက္ခိတတစ်ဦးဘဝကို
ရောက်သွားနိုင်တဲ့အထိဖြစ်သွားနိုင်တဲ့ အခြေအနေဆိုးနဲ့ သီသီလေး
လွဲချော်ခဲ့လို့ပါပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နေမာ ဒဏ်ရာ
အကြီးအကျယ်ရခဲ့တဲ့အဖြစ်အပျက်ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။
ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ နေမာရဲ့ဦးဆောင်မှုနဲ့အတူ ဘရာဇီးလ်အသင်းချန်ပီယံဖြစ်ဖို့အထိ
ပရိသတ်တွေက မျှော်လင့်တကြီးဖြစ်ခဲ့ကြပြီး နေမာကလည်း
ကွာတားဖိုင်နယ်အဆင့်အထိ တောက်လျှောက်ခြေစွမ်းပြ
ဂိုးတွေသွင်း၊ ဂိုးဖန်တီးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ကိုလံဘီယာကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ကွာတားဖိုင်နယ်ပွဲမှာ
ပြိုင်ဘက်နောက်ခံလူဇူနီဂါရဲ့ဒူးနဲ့ထိခိုက်မိတာကနေ နေမာရဲ့ကျောရိုးမှာ
ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် လက်ကျန်ပွဲတွေကို
လွဲချော်ခဲ့သလို ဘရာဇီးလ်အသင်းဟာလည်း ဆီမီးဖိုင်နယ်မှ
ာဂျာမနီအသင်းကို (၇-၁)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ပြီးတော့
ချန်ပီယံမျှော်လင့်ချက်အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေအရ နေမာရဲ့ကျောရိုးအဆစ်ကျိုးသွားခဲ့တယ်လို့
တွေ့ရှိခဲ့ရပြီး လမ်းမလျှောက်နိုင်တဲ့အခြေအနေမျိုးဖြစ်ခဲ့ပေမယ့်
ကံကောင်းလို့သာ ဆိုးဆိုးရွားရွားမဖြစ်ခဲ့လို့ ဒီနေ့အထိဘောလုံး
ဆက်ကစားနိုင်နေတာပါ။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ နေမာက
အခုလိုပြောပြခဲ့ပါတယ်။ “ဆရာဝန်က ကျွန်တော့်ကို ‘သတင်းကောင်းနဲ့
သတင်းဆိုးပြောစရာရှိတယ်၊ ဘာကို အရင်ကြားချင်လဲ’လို့ မေးခဲ့ချိန်မှာ
ကျွန်တော်က ‘သတင်းဆိုးကို အရင်ပြောပါ..ဆရာ’ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။
အဲဒီမှာ သူက ‘သတင်းဆိုးကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မင်း ဆက်ပြီး
ကစားနိုင်တော့မှာမဟုတ်ဘူး’လို့ပြောလိုက်ပါတယ်။ သူမပြောခင်ကတည်းက
ကျွန်တော် ဝမ်းနည်းစိတ်ကြောင့်မျက်ရည်တွေကျနေပြီး
‘သတင်းကောင်းကရော ဘာများလဲ’လို့ မေးလိုက်ပါတယ်။
သူက ‘တကယ်လို့ မင်း ဒဏ်ရာက ၂ စင်တီမီတာလောက်
ဘေးနည်းနည်းရောက်သွားရင် မင်း လမ်းလျှောက်လို့တောင်ရမှာ
မဟုတ်တော့ဘူး’လို့ ပြောခဲ့ပါတယ်”။ ဘောလုံးသမားတစ်ယောက်အတွက်
ဘောလုံးနဲ့ထိတွေ့ခွင့်မရဘူးဆိုရင် အသက်ရှင်နေလျက်နဲ့ သေလူလိုဖြစ်သွားမှာ
အမှန်ပဲဖြစ်ပြီး နေမာအနေနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့လွဲချော်ခဲ့ပေမယ့်
ဘောလုံးဆက်ကစားနိုင်သေးတာက ဘုရားပေးတဲ့ဆုလို့ပဲ သတ်မှတ်ရမှာပါ။
တကယ်လို့များ နေမာသာ အဲဒီဒဏ်ရာကြောင့် ဘောလုံးသမားဘဝ
အနားယူလိုက်ရမယ်ဆိုရင်တော့ ဘောလုံးလောကအတွက်ကြီးမားတဲ့
ဆုံးရှုံးမှုဖြစ်လာနိုင်တယ်လို့ ပြောရမှာပဲဖြစ်ပါတော့တယ် . . .
zawgyi
ေနမာအေနနဲ႔ ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံဆုနဲ႔လြဲေခ်ာ္ခဲ့ေပမယ့္ ေဘာလုံးဆက္ကစားႏိုင္ေသးတာက ဘုရားေပးတဲ့ဆုလို႔ပဲ သတ္မွတ္ရမွာပါ
PSG အသင္းရဲ႕ဘရာဇီးလ္နာမည္ေက်ာ္ကစားသမားေနမာဆိုတာ ကြင္းထဲမွ
ာ ပါးစပ္အေဟာင္းသားျဖစ္စရာ အကြက္ဆန္းေတြနဲ႔အစြမ္းျပေလ့ရွိသူျဖစ္ၿပီး
တစ္ခါတေလက်ရင္ မလိုလားအပ္ဘဲ ဟန္ေဆာင္ေကာင္းတာ၊
ၿပိဳင္ဘက္ေတြကို မထိေလးစားလုပ္ျပတာမ်ိဳးေတြေၾကာင့္ ေနမာဟာ
သူ႔ရဲ႕အရည္အေသြးအရ ကမာၻ႔အဆင့္ေဘာလုံးသမားတစ္ဦးအျဖစ္
သတ္မွတ္ခံထားရေပမယ့္ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔လို လူငယ္ေတြ
စံျပဳရေလာက္တဲ့ေဘာလုံးသမားတစ္ေယာက္ေတာ့ မဟုတ္ခဲ့ပါဘူး။
ဒါေပမဲ့လည္း ဒီေန႔ဒီအခ်ိန္အထိ ေနမာကို ျမက္ခင္းစိမ္းေပၚမွ
ာျမင္ေတြ႕ေနရတာက ပရိသတ္ေတြအတြက္ ကံေကာင္းမႈတစ္ခုလို႔ေျပာရမွာပါ။
ဘာျဖစ္လို႔လဲဆိုေတာ့ ေနမာဟာ တစ္ခ်ိန္တုန္းက ေဘာလုံးသမားဘဝကို
စြန႔္ခြာရမယ့္အျပင္ လမ္းေလွ်ာက္လို႔မရေတာ့တဲ့ ဒုကၡိတတစ္ဦးဘဝကို
ေရာက္သြားႏိုင္တဲ့အထိျဖစ္သြားႏိုင္တဲ့ အေျခအေနဆိုးနဲ႔ သီသီေလး
လြဲေခ်ာ္ခဲ့လို႔ပါပဲ။ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ေနမာ ဒဏ္ရာ
အႀကီးအက်ယ္ရခဲ့တဲ့အျဖစ္အပ်က္ကို ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။
ဘရာဇီးလ္ႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပခြင့္ရခဲ့တဲ့ ၂၀၁၄ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ ေနမာရဲ႕ဦးေဆာင္မႈနဲ႔အတူ ဘရာဇီးလ္အသင္းခ်န္ပီယံျဖစ္ဖို႔အထိ
ပရိသတ္ေတြက ေမွ်ာ္လင့္တႀကီးျဖစ္ခဲ့ၾကၿပီး ေနမာကလည္း
ကြာတားဖိုင္နယ္အဆင့္အထိ ေတာက္ေလွ်ာက္ေျခစြမ္းျပ
ဂိုးေတြသြင္း၊ ဂိုးဖန္တီးမႈေတြျပဳလုပ္ခဲ့ပါတယ္။
ဒါေပမဲ့ ကိုလံဘီယာကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ကြာတားဖိုင္နယ္ပြဲမွာ
ၿပိဳင္ဘက္ေနာက္ခံလူဇူနီဂါရဲ႕ဒူးနဲ႔ထိခိုက္မိတာကေန ေနမာရဲ႕ေက်ာ႐ိုးမွာ
ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တာေၾကာင့္ လက္က်န္ပြဲေတြကို
လြဲေခ်ာ္ခဲ့သလို ဘရာဇီးလ္အသင္းဟာလည္း ဆီမီးဖိုင္နယ္မွ
ာဂ်ာမနီအသင္းကို (၇-၁)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ၿပီးေတာ့
ခ်န္ပီယံေမွ်ာ္လင့္ခ်က္အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။
စမ္းသပ္စစ္ေဆးမႈေတြအရ ေနမာရဲ႕ေက်ာ႐ိုးအဆစ္က်ိဳးသြားခဲ့တယ္လို႔
ေတြ႕ရွိခဲ့ရၿပီး လမ္းမေလွ်ာက္ႏိုင္တဲ့အေျခအေနမ်ိဳးျဖစ္ခဲ့ေပမယ့္
ကံေကာင္းလို႔သာ ဆိုးဆိုး႐ြား႐ြားမျဖစ္ခဲ့လို႔ ဒီေန႔အထိေဘာလုံး
ဆက္ကစားႏိုင္ေနတာပါ။ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ ေနမာက
အခုလိုေျပာျပခဲ့ပါတယ္။ “ဆရာဝန္က ကြၽန္ေတာ့္ကို ‘သတင္းေကာင္းနဲ႔
သတင္းဆိုးေျပာစရာရွိတယ္၊ ဘာကို အရင္ၾကားခ်င္လဲ’လို႔ ေမးခဲ့ခ်ိန္မွာ
ကြၽန္ေတာ္က ‘သတင္းဆိုးကို အရင္ေျပာပါ..ဆရာ’ဆိုၿပီး ျပန္ေျဖခဲ့ပါတယ္။
အဲဒီမွာ သူက ‘သတင္းဆိုးကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မင္း ဆက္ၿပီး
ကစားႏိုင္ေတာ့မွာမဟုတ္ဘူး’လို႔ေျပာလိုက္ပါတယ္။ သူမေျပာခင္ကတည္းက
ကြၽန္ေတာ္ ဝမ္းနည္းစိတ္ေၾကာင့္မ်က္ရည္ေတြက်ေနၿပီး
‘သတင္းေကာင္းကေရာ ဘာမ်ားလဲ’လို႔ ေမးလိုက္ပါတယ္။
သူက ‘တကယ္လို႔ မင္း ဒဏ္ရာက ၂ စင္တီမီတာေလာက္
ေဘးနည္းနည္းေရာက္သြားရင္ မင္း လမ္းေလွ်ာက္လို႔ေတာင္ရမွာ
မဟုတ္ေတာ့ဘူး’လို႔ ေျပာခဲ့ပါတယ္”။ ေဘာလုံးသမားတစ္ေယာက္အတြက္
ေဘာလုံးနဲ႔ထိေတြ႕ခြင့္မရဘူးဆိုရင္ အသက္ရွင္ေနလ်က္နဲ႔ ေသလူလိုျဖစ္သြားမွ
ာ အမွန္ပဲျဖစ္ၿပီး ေနမာအေနနဲ႔ ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံဆုနဲ႔လြဲေခ်ာ္ခဲ့ေပမယ့္
ေဘာလုံးဆက္ကစားႏိုင္ေသးတာက ဘုရားေပးတဲ့ဆုလို႔ပဲ သတ္မွတ္ရမွာပါ။
တကယ္လို႔မ်ား ေနမာသာ အဲဒီဒဏ္ရာေၾကာင့္ ေဘာလုံးသမားဘဝ
အနားယူလိုက္ရမယ္ဆိုရင္ေတာ့ ေဘာလုံးေလာကအတြက္ႀကီးမားတဲ့
ဆုံးရႈံးမႈျဖစ္လာႏိုင္တယ္လို႔ ေျပာရမွာပဲျဖစ္ပါေတာ့တယ္ . . .