နေမာရဲ့ပင်နယ်တီသွင်းဂိုးတွေနဲ့အတူ ဆိုးလ်မှာ တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘရာဇီး

ယမန်နေ့ညက တောင်ကိုရီးယားနိုင်ငံ၊

ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့
ခြေစမ်းပွဲမှာ ဧည့်သည်ဘရာဇီးအသင်းက
ကြယ်ပွင့်တိုက်စစ်မှူး နေမာရဲ့
ပင်နယ်တီသွင်းဂိုး ၂ဂိုးအပါအဝင်
အိမ်ရှင်တောင်ကိုရီးယားကို ၁-၅ ဂိုးနဲ့အနိုင်ရသွားပါတယ်။

တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်က
ကမ္ဘာ့အဆင့် ၁ အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ
အကြောက်အလန့်မရှိကစားဖို့ အသင်းဖော်တွေကို
ပွဲမစခင် တိုက်တွန်းခဲ့ပေမယ့် အိမ်ရှင်အသင်းကတော့
ဘရာဇီးကို ဘယ်လိုမှမယှဉ်နိုင်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။

ပွဲအစ ၇ မိနစ်မှာပဲ အဲဗာတန်တိုက်စစ်မှူး
ရစ်ချာလီဆန်က ဘရာဇီးအတွက်
ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဟွမ်အီဂျူးက
အိမ်ရှင်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့်
တစ်ပွဲလုံးကို ဘရာဇီးကပဲ လွှမ်းမိုးကစားသွားပါတယ်။

ဘရာဇီးဘယ်နောက်ခံလူ ဆန်ဒရိုက
ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ
ပင်နယ်တီ ၂လုံးရယူပေးနိုင်ခဲ့ပြီး
နေမာကလည်း ၂ကြိမ်စလုံးကို
ဂိုးတွေအဖြစ် အမှားအယွင်းမရှိပြောင်းလဲနိုင်ခဲ့ပါတယ်။

အဲဒီနောက် လူစားဝင်တိုက်စစ်ကစားသမားတွေဖြစ်တဲ့
ကော်တင်ညိုနဲ့ ဂျေးဆူတို့က
ဘရာဇီးအတွက် အဆုံးသတ်ဂိုးတွေ
အသီးသီး သွင်းယူခဲ့ကြပြီး
ဒါတောင် ပွဲအစ ၂မိနစ်မှာ

သွင်းယူခဲ့တဲ့ နောက်ခံလူ သီယာဂိုဆေးလ်ဗားရဲ့
ဂိုးက လူကျွံနေလို့ ဦးဆောင်ဂိုးက ဒီထက်ပိုမစောခဲ့တာပါ။
နေမာဟာ ဒီပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့လို့
ဘရာဇီးအသင်းသမိုင်းတစ်လျှောက်
သွင်းဂိုးအများဆုံးကစားသမားအဖြစ်

စံချိန်တင်ထားတဲ့ ဂန္ထဝင်တိုက်စစ်မှူး
ပီလီရဲ့စံချိန်ကို မီဖို့ ၄ဂိုးပဲ
လိုတော့ပြီး ဘရာဇီးအသင်းကလည်း
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့
ရေပန်းအစားဆုံးအသင်းတွေထဲ ပါဝင်နေပါတယ်။

နေမာဟာ ဘရာဇီးအတွက်
၁၁၈ပွဲမှာ ၇၃ ဂိုးသွင်းယူပေးထားတာဖြစ်ပြီး
ပီလီက ၇၇ ဂိုးနဲ့ စံချိန်တင်ထားတာပါ။

Zawgyi

ေနမာရဲ႕ပင္နယ္တီသြင္းဂိုးေတြနဲ႔အတူ ဆိုးလ္မွာ ေတာင္ကိုရီးယားကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ဘရာဇီး
ယမန္ေန႔ညက ေတာင္ကိုရီးယားႏိုင္ငံ၊
ဆိုးလ္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့
ေျခစမ္းပြဲမွာ ဧည့္သည္ဘရာဇီးအသင္းက

ၾကယ္ပြင့္တိုက္စစ္မႉး ေနမာရဲ႕
ပင္နယ္တီသြင္းဂိုး ၂ဂိုးအပါအဝင္
အိမ္ရွင္ေတာင္ကိုရီးယားကို ၁-၅ ဂိုးနဲ႔အႏိုင္ရသြားပါတယ္။
ေတာင္ကိုရီးယားၾကယ္ပြင့္ ဆြန္ေဟာင္မင္က
ကမာၻ႔အဆင့္ ၁ အသင္းနဲ႔ ရင္ဆိုင္ရတဲ့အခါ

အေၾကာက္အလန႔္မရွိကစားဖို႔ အသင္းေဖာ္ေတြကို
ပြဲမစခင္ တိုက္တြန္းခဲ့ေပမယ့္ အိမ္ရွင္အသင္းကေတာ့
ဘရာဇီးကို ဘယ္လိုမွမယွဥ္ႏိုင္ဘဲ ဂိုးျပတ္အေရးနိမ့္ခဲ့ရတာပါ။
ပြဲအစ ၇ မိနစ္မွာပဲ အဲဗာတန္တိုက္စစ္မႉး
ရစ္ခ်ာလီဆန္က ဘရာဇီးအတြက္

ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဟြမ္အီဂ်ဴးက
အိမ္ရွင္အသင္းအတြက္ ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ေပမယ့္
တစ္ပြဲလုံးကို ဘရာဇီးကပဲ လႊမ္းမိုးကစားသြားပါတယ္။
ဘရာဇီးဘယ္ေနာက္ခံလူ ဆန္ဒ႐ိုက
ပထမပိုင္းနဲ႔ ဒုတိယပိုင္းေတြမွာ

ပင္နယ္တီ ၂လုံးရယူေပးႏိုင္ခဲ့ၿပီး
ေနမာကလည္း ၂ႀကိမ္စလုံးကို
ဂိုးေတြအျဖစ္ အမွားအယြင္းမရွိေျပာင္းလဲႏိုင္ခဲ့ပါတယ္။
အဲဒီေနာက္ လူစားဝင္တိုက္စစ္ကစားသမားေတြျဖစ္တဲ့
ေကာ္တင္ညိဳနဲ႔ ေဂ်းဆူတို႔က

ဘရာဇီးအတြက္ အဆုံးသတ္ဂိုးေတြ
အသီးသီး သြင္းယူခဲ့ၾကၿပီး
ဒါေတာင္ ပြဲအစ ၂မိနစ္မွာ
သြင္းယူခဲ့တဲ့ ေနာက္ခံလူ သီယာဂိုေဆးလ္ဗားရဲ႕
ဂိုးက လူကြၽံေနလို႔ ဦးေဆာင္ဂိုးက ဒီထက္ပိုမေစာခဲ့တာပါ။

ေနမာဟာ ဒီပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့လို႔
ဘရာဇီးအသင္းသမိုင္းတစ္ေလွ်ာက္
သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္
စံခ်ိန္တင္ထားတဲ့ ဂႏၴဝင္တိုက္စစ္မႉး
ပီလီရဲ႕စံခ်ိန္ကို မီဖို႔ ၄ဂိုးပဲ

လိုေတာ့ၿပီး ဘရာဇီးအသင္းကလည္း
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔
ေရပန္းအစားဆုံးအသင္းေတြထဲ ပါဝင္ေနပါတယ္။
ေနမာဟာ ဘရာဇီးအတြက္
၁၁၈ပြဲမွာ ၇၃ ဂိုးသြင္းယူေပးထားတာျဖစ္ၿပီး

ပီလီက ၇၇ ဂိုးနဲ႔ စံခ်ိန္တင္ထားတာပါ။