နေမာရဲ့ခြေချင်းဝတ်ဒဏ်ရာထင်သလောက်မပြင်းထန်လို့ ၁၆သင်းအဆင့်မှာ ပြန်ကစားနိုင်မယ်

ဆားဘီးယားနဲ့ပွဲစဉ်မှာခြေချင်းဝတ်ရောင်ကိုင်းပြီး အရန်ခုံတန်းလျားမှာမျက်ရည်ကျခဲ့တဲ့ တိုက်စစ်မှူးနေမာရဲ့ ဒဏ်ရာက ထင်သလောက်မပြင်းထန်ဘူးလို့သိရပါတယ်။

ပရိသတ်တွေဟာ နေမာရဲ့ဒဏ်ရာအပြင်ပန်းကိုမြင်ခွင့်ရခဲ့ပြီးနောက် ၂၀၁၄ ကမ္ဘာ့ဖလားကပုံစံအတိုင်း အဆုံးသတ်သွားမှာကိုပူပန်နေကြပါတယ်။ လက်ကျန်ပွဲစဉ်တွေကိုပါဝင်ဖို့လုံလောက်တယ်လို့

သတင်းထွက်လာတဲ့နောက်မှာတော့ အားလုံးသက်ပြင်းချနိုင်ခဲ့ပြီဖြစ်တယ်။ စပိန်သတင်းစာ Sport က နေမာဟာ ဘရာဇီးအသင်းရဲ့ လက်ကျန်ပွဲတွေမှာပါဝင်နိုင်သေးတယ်လို့ အသိပေးခဲ့ပြီး

ဒီဇင်ဘာ ၅ ရက်မှာကစားမယ့် ၁၆သင်းအဆင့်မှာ ဘရာဇီးအသင်းနဲ့အတူပြန်မြင်ရလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။ ဘရာဇီးအသင်းဖော်တစ်ယောက်က နေမာရဲ့ဒဏ်ရာမပြင်းထန်ကြောင်းကိုဖွင့်ဟခဲ့ပြီးဖြစ်ပေမဲ့

ဆွစ်ဇာလန်နဲ့ပွဲစဉ်ကိုသေချာပေါက်လွဲချော်မှာဖြစ်သလို ကင်မရွန်းနဲ့ပွဲစဉ်မှာလည်း နေမာကိုစွန့်စားအသုံးပြုမှာမဟုတ်ဘူးလို့ဖွင့်ဟထားပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဆရာဝန်ဒေါက်တာလက်စ်မာကတော့

ဒဏ်ရာအခြေအနေကိုသိရဖို့အတွက် တစ်ရက်၊ နှစ်ရက်လောက်အချိန်ယူရမယ်လို့ပြောဆိုထားပါတယ်။ ဒေါက်တာလက်စ်မာက ဆားဘီးယားကစားသမားရဲ့ဒူးနဲ့ထိခိုက်မိတဲ့နောက်

နေမာရဲ့ညာဘက်ခြေချင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး အရန်ခုံတန်းလျားမှာကုသမှုတွေကို ချက်ချင်းစတင်ခဲ့တယ်လို့အသိပေးခဲ့ပါတယ်။

(Zawgyi)

ေနမာရဲ႕ေျခခ်င္းဝတ္ဒဏ္ရာထင္သေလာက္မျပင္းထန္လို႔ ၁၆သင္းအဆင့္မွာ ျပန္ကစားႏိုင္မယ္

ဆားဘီးယားနဲ႔ပြဲစဥ္မွာေျခခ်င္းဝတ္ေရာင္ကိုင္းၿပီး အရန္ခုံတန္းလ်ားမွာမ်က္ရည္က်ခဲ့တဲ့ တိုက္စစ္မႉးေနမာရဲ႕ ဒဏ္ရာက ထင္သေလာက္မျပင္းထန္ဘူးလို႔သိရပါတယ္။

ပရိသတ္ေတြဟာ ေနမာရဲ႕ဒဏ္ရာအျပင္ပန္းကိုျမင္ခြင့္ရခဲ့ၿပီးေနာက္ ၂၀၁၄ ကမာၻ႔ဖလားကပုံစံအတိုင္းအဆုံးသတ္သြားမွာကိုပူပန္ေနၾကပါတယ္။ လက္က်န္ပြဲစဥ္ေတြကိုပါဝင္ဖို႔လုံေလာက္တယ္လို႔

သတင္းထြက္လာတဲ့ေနာက္မွာေတာ့ အားလုံးသက္ျပင္းခ်ႏိုင္ခဲ့ၿပီျဖစ္တယ္။ စပိန္သတင္းစာ Sport က ေနမာဟာ ဘရာဇီးအသင္းရဲ႕လက္က်န္ပြဲေတြမွာပါဝင္ႏိုင္ေသးတယ္လို႔အသိေပးခဲ့ၿပီး ဒီဇင္ဘာ ၅ ရက္မွာ

ကစားမယ့္ ၁၆သင္းအဆင့္မွာ ဘရာဇီးအသင္းနဲ႔အတူျပန္ျမင္ရလိမ့္မယ္လို႔ေရးသားခဲ့ပါတယ္။ ဘရာဇီးအသင္းေဖာ္တစ္ေယာက္က ေနမာရဲ႕ဒဏ္ရာမျပင္းထန္ေၾကာင္းကိုဖြင့္ဟခဲ့ၿပီးျဖစ္ေပမဲ့

ဆြစ္ဇာလန္နဲ႔ပြဲစဥ္ကိုေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္သလို ကင္မ႐ြန္းနဲ႔ပြဲစဥ္မွာလည္း ေနမာကိုစြန႔္စားအသုံးျပဳမွာမဟုတ္ဘူးလို႔ဖြင့္ဟထားပါတယ္။ ဘရာဇီးလက္ေ႐ြးစင္အသင္းဆရာဝန္ေဒါက္တာလက္စ္မာကေတာ့

ဒဏ္ရာအေျခအေနကိုသိရဖို႔အတြက္ တစ္ရက္၊ ႏွစ္ရက္ေလာက္အခ်ိန္ယူရမယ္လို႔ေျပာဆိုထားပါတယ္။ ေဒါက္တာလက္စ္မာက ဆားဘီးယားကစားသမားရဲ႕ဒူးနဲ႔ထိခိုက္မိတဲ့ေနာက္

ေနမာရဲ႕ညာဘက္ေျခခ်င္းဝတ္ဒဏ္ရာရခဲ့တာျဖစ္ၿပီး အရန္ခုံတန္းလ်ားမွာကုသမႈေတြကို ခ်က္ခ်င္းစတင္ခဲ့တယ္လို႔အသိေပးခဲ့ပါတယ္။