နေမာဘယ်လောက်ကောင်းကောင်း အမ်ဘာပီမကြိုက်ရင် ရောင်းမယ်ဆိုတဲ့ ပီအက်စ်ဂျီ

လက်ရှိဘောလုံးရာသီမှာ MNM တိုက်စစ်အတွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်နေတဲ့ နေမာကို ပီအက်စ်ဂျီက ရောင်းထုတ်ပစ်ဖို့ ရှိနေပြီး အဓိက

အကြောင်းအရင်းကတော့ အသင်းပိုင်ရှင်လေး အမ်ဘာပီ အလိုမကျတဲ့အတွက်ကြောင့် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီပြီး ဆုံးခါနီးမှာ

ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ လှောင် ပြောင်မှုကို ခံခဲ့ရပေမယ့် နေမာကတော့ ဗွေမယူခဲ့ဘဲ ဒီရာသီမှာ အကောင်း ဆုံး တုံ့ပြန်ပြခဲ့ပါတယ်။

ဒါကြောင့် သူဟာ ပြင်သစ်ကလပ်အတွက် ဒီရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၄ ဂိုး သွင်းထားနိုင်သလို ဂိုးဖန်တီးမှုလည်း ၁၁ ကြိမ်အထိ လုပ်ထားနိုင်ပါတယ်။

အဲဒီအတွက် ဒီရာသီမှာတော့ နေမာဟာ နည်းပြ ဂယ်တီယာရဲ့ အချစ်တော် ကစားသမားတစ်ယောက် ဖြစ်လာနေပါပြီ။ ဒါပေမဲ့ လည်း ပဲရစ်ကလပ်ဟာ

နေမာကို ရောင်းထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲနေတုန်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူ့ပယောဂကြောင့်လဲဆိုတာတော့ အတိအကျ ပြောဆိုဖို့ ခက်ပေမဲ့

ဘရာဇီးသားနဲ့ ဆက်ဆံရေး တင်းမာမှု ရှိခဲ့တဲ့ အမ်ဘာပီကြောင့် ဖြစ်နိုင်တယ်လို့

သတင်းတွေက ရေးသားနေကြပါတယ်။ ပြီးခဲ့တဲ့ မေလမှာ စာချုပ်သက်တမ်း တိုးပြီးခဲ့တဲ့နောက် ပြင်သစ်တိုက်စစ်မှူးဟာ နေမာကို ရောင်းထုတ်ပစ်ဖို့အတွက်

အသင်းကို တောင်းဆိုခဲ့ဖူးတာ ရှိပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ကစားခဲ့တဲ့ ပွဲစဉ်တချို့မှာလည်း ပင်နယ်တီ ဦးစားပေး ကန်ခွင့်နဲ့ ပတ်သက်လို့ အငြင်းပွားတဲ့ကိစ္စတွေလည်း

ဒီကစားသမားနှစ်ယောက်ကြားမှာ ရှိထားခဲ့တာကြောင့် ဆက်ဆံရေးက အတော်လေးကို မပြေပြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီကိစ္စတွေရဲ့ တခြားတစ်ဖက်မှာတော့ နေမာရဲ့ အပြောင်း

အရွှေ့ကိစ္စကို ဘယ်သူက ဒေါင်းတင်မောင်းတင် ဆွေးနွေးမှာလဲ။ ဘယ်လို အသင်းမျိုးကရော ကမ်းလှမ်းလာနိုင်ပါ့မလဲဆိုတာက မေးခွန်းထုတ်စရာ အချက်တွေ ဖြစ်နေပါတယ်။

နေမာလို့ ပရိုဖိုင်မြင့်တဲ့ ကစားသမားမျိုးကို ခေါ် ယူနိုင်တဲ့ ဥရောပထိပ်သီးအသင်းတွေက လက်ချိုးရေလို့ ရနေသလို သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာနှုန်းထားကို

အပြည့်အ၀ ပေးချေနိုင်ဖို့ဆိုတာကလည်း အသင်းတိုင်း မစွမ်းသာတဲ့ အခြေအနေဖြစ်နေတာကြောင့် အပြောင်းအရွှေ့ ကိစ္စဖြစ်လာဖို့ကတော့ အလှမ်းဝေးသေးတယ်လို့ သိရပါတယ်။

(Zawgyi)

ေနမာဘယ္ေလာက္ေကာင္းေကာင္း အမ္ဘာပီမႀကိဳက္ရင္ ေရာင္းမယ္ဆိုတဲ့ ပီအက္စ္ဂ်ီ

လက္ရွိေဘာလုံးရာသီမွာ MNM တိုက္စစ္အတြဲရဲ႕ အေကာင္းဆုံး တိုက္စစ္မႉး တစ္ေယာက္ျဖစ္ေနတဲ့ ေနမာကို ပီအက္စ္ဂ်ီက ေရာင္းထုတ္ပစ္ဖို႔ ရွိေနၿပီး အဓိက

အေၾကာင္းအရင္းကေတာ့ အသင္းပိုင္ရွင္ေလး အမ္ဘာပီ အလိုမက်တဲ့အတြက္ေၾကာင့္ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီၿပီး ဆုံးခါနီးမွာ ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ အသင္းပရိသတ္ေတြရဲ႕ ေလွာင္ ေျပာင္မႈကို ခံခဲ့ရေပမယ့္

ေနမာကေတာ့ ေဗြမယူခဲ့ဘဲ ဒီရာသီမွာ အေကာင္း ဆုံး တုံ႔ျပန္ျပခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ ျပင္သစ္ကလပ္အတြက္ ဒီရာသီ ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ ၁၄ ဂိုး

သြင္းထားႏိုင္သလို ဂိုးဖန္တီးမႈလည္း ၁၁ ႀကိမ္အထိ လုပ္ထားႏိုင္ပါတယ္။ အဲဒီအတြက္ ဒီရာသီမွာေတာ့ ေနမာဟာ နည္းျပ ဂယ္တီယာရဲ႕ အခ်စ္ေတာ္

ကစားသမားတစ္ေယာက္ ျဖစ္လာေနပါၿပီ။ ဒါေပမဲ့ လည္း ပဲရစ္ကလပ္ဟာ ေနမာကို ေရာင္းထုတ္ဖို႔အတြက္ အစီအစဥ္ေတြ ဆြဲ ေနတုန္းပဲ ျဖစ္ပါတယ္။

ဒါဟာ ဘယ္သူ႔ပေယာဂေၾကာင့္လဲဆိုတာေတာ့ အတိ အက် ေျပာဆိုဖို႔ ခက္ေပမဲ့ ဘရာဇီးသားနဲ႔ ဆက္ဆံေရး တင္းမာမႈ ရွိခဲ့တဲ့ အမ္ ဘာပီေၾကာင့္ ျဖစ္ႏိုင္တယ္လို႔

သတင္းေတြက ေရးသားေနၾကပါတယ္။ ၿပီးခဲ့ တဲ့ ေမလမွာ စာခ်ဳပ္သက္တမ္း တိုးၿပီးခဲ့တဲ့ေနာက္ ျပင္သစ္တိုက္စစ္မႉးဟာ ေနမာကို ေရာင္းထုတ္ပစ္ဖို႔အတြက္

အသင္းကို ေတာင္းဆိုခဲ့ဖူးတာ ရွိပါတယ္။ ဒါ့အျပင္ ဒီရာသီမွာ ကစားခဲ့တဲ့ ပြဲစဥ္တခ်ိဳ႕မွာလည္း ပင္နယ္တီ ဦးစားေပး ကန္ ခြင့္နဲ႔ ပတ္သက္လို႔ အျငင္းပြားတဲ့ကိစၥေတြလည္း

ဒီကစားသမားႏွစ္ေယာက္ ၾကားမွာ ရွိထားခဲ့တာေၾကာင့္ ဆက္ဆံေရးက အေတာ္ေလးကို မေျပျပစ္ခဲ့ တာပါ။ ဒါေပမဲ့ ဒီကိစၥေတြရဲ႕ တျခားတစ္ဖက္မွာေတာ့

ေနမာရဲ႕ အေျပာင္း အေ႐ႊ႕ကိစၥကို ဘယ္သူက ေဒါင္းတင္ေမာင္းတင္ ေဆြးေႏြးမွာလဲ။ ဘယ္လို အသင္းမ်ိဳးကေရာ ကမ္းလွမ္းလာႏိုင္ပါ့မလဲဆိုတာက

ေမးခြန္းထုတ္စရာ အခ်က္ေတြ ျဖစ္ေနပါတယ္။ ေနမာလို႔ ပ႐ိုဖိုင္ျမင့္တဲ့ ကစားသမားမ်ိဳးကို ေခၚ ယူႏိုင္တဲ့ ဥေရာပထိပ္သီးအသင္းေတြက လက္ခ်ိဳးေရလို႔

ရေနသလို သူ႔ရဲ႕ ျမင့္မားတဲ့ လုပ္ခလစာႏႈန္းထားကို အျပည့္အ၀ ေပးေခ်ႏိုင္ဖို႔ဆိုတာကလည္း အသင္းတိုင္း မစြမ္းသာတဲ့ အေျခအေနျဖစ္ေနတာေၾကာင့္

အေျပာင္းအေ႐ႊ႕ ကိစၥျဖစ္လာဖို႔ကေတာ့ အလွမ္းေဝးေသးတယ္လို႔ သိရပါတယ္။