နေမာနဲ့ ဒွန်နာရမ်မာတို့ရဲ့ အဝတ်လဲခန်းထဲက boxing ပွဲ

ပီအက်စ်ဂျီကစားဖော်တွေ ဖြစ်ကြတဲ့နေမာနဲ့ဒွန်နာရမ်မာတို့ဟာ ကြားရက်တုန်းက

ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက်

အဝတ်အစားလဲခန်းအတွင်းမှာ စကားအခြေအတင်များခဲ့ကြပြီး

ပြဿနာတက်ခဲ့ကြတယ်လို့ Marca မှာ ဖော်ပြရေးသားထားပါတယ်။

စပိန်မြေမှာ ရီးရဲလ်ကို ဘာပေးရဲ့ ဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမဲ့ ဘန်ဇီးမားက

ဒုတိယပိုင်း (၆၁)မိနစ်ကနေ (၁၇)မိနစ်အတွင်း (၃)ဂိုးဆက်တိုင်သွင်းယူသွားခဲ့တာကြောင့်

ပွဲပြီးမှာ (၃-၁)နဲ့ပြီးဆုံးခဲ့သလို အနိုင်ရလဒ်ကိုမထိန်းသိမ်းနိုင်ခဲ့တဲ့

ပိုချက်တီနိုရဲ့ပီအက်စ်ဂျီဟာလည်းနှစ်ကျော့ပေါင်းရလဒ် (၃-၂) ရလဒ်နဲ့

ဒီရာသီ ချန်ပီယံလိဂ် ခရီးစဉ် အဆုံးသတ်ခဲ့ပါတယ်။

ပွဲအပြီးမှာ နေမာဟာအဝတ်အစားလဲခန်းကို ရောက်ချိန်မှာပဲ

ဘန်ဇီးမားသွင်းယူတဲ့ချေပဂိုးနဲ့ပတ်သက်ပြီး ဒွန်နာရမ်မာကို

အပြစ်တင်မှုပြုလုပ်ခဲ့တယ်လို့ရေးသားခဲ့ပါတယ်။

ဘန်ဇီးမားရဲ့ပထမဂိုးဟာ ဒွန်နာရမ်မာ ဘောလုံးရှင်းထုတ်ရာမှာ

တုံ့ဆိုင်းနေမှုကြောင့်ပေးလိုက်ရတာပါ။

ဒါကို နေမာက အပြစ်တင်ခဲ့ရာမှာ ဒွန်နာရမ်မာကလည်း

ဘန်ဇီးမားရဲ့ဒုတိယဂိုးဟာ နေမာ့ဆီက

အလွယ်တကူ ဘောလုံးဆုံးရှုံးခဲ့တာကြောင့်လို့ဆိုပြီး

ပြန်လည် အပြစ်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ စကားလုံးတွေနဲ့ အပြစ်တင်နေရာကနေ

လက်ပါလာတော့မယ့်အနေအထားတွေဖြစ်လာတော့တာကြောင့်

သူတို့နှစ်ဦးကို အဝတ်လဲခန်းထဲက ကစားဖော်တွေဟာ

အချိန်မှီ ထိန်းသိမ်းမှုပြုလုပ်ခဲ့ရတယ်ဆိုပြီး

စပိန်သတင်းစာ Marca မှာ ဖော်ပြရေးသားထားပါတယ်။

ဒါပေမယ့် သည်ဖြစ်ရပ်မဖြစ်ပွားခဲ့ဘူးဆိုပြီး

နေမာက အင်စတာဂရမ်မှာ ငြင်းဆိုထားခဲ့သလို

ဒွန်နာရမ်မာကလည်း နေမာ့ဆီကို Marca ကရေးသားထားတဲ့ပိုစ်နဲ့အတူ

“Ciao Neyရေ မနေ့ကကိစ္စအတွက် စိတ်မကောင်းပါဘူး။

ဒီသတင်းက အခြေအမြစ်မရှိတဲ့ရေးသားချက်ပဲ”ဆိုပြီး မက်ဆေ့ပို့ခဲ့ပါတယ်။

နေမာကလည်း “သူငယ်ချင်း…ထားလိုက်ပါကွာ။

ဒါမျိုးရေးသားတာတွေက ဘောလုံးမှာ ဖြစ်နေကြပါပဲ။

ငါတို့က အသင်းတစ်သင်းဖြစ်ပြီး အတူရှိနေကြတယ်။

မင်းအသက်က ငယ်ပါသေးတယ်။

အောင်မြင်မှုတွေ အများကြီးမင်းရအုံးမှာပါ။

ငါတိုအတူ အောင်မြင်မှုတွေယူဖို့ ဆက်သွားကြတာပေါ့။”

လို့လည်းနေမာက ပြန်ပြီး အကြောင်းပြန်ခဲ့ပါတယ်။

zawgyi

ေနမာနဲ႔ ဒြန္နာရမ္မာတို႔ရဲ႕ အဝတ္လဲခန္းထဲက boxing ပြဲ

ပီအက္စ္ဂ်ီကစားေဖာ္ေတြ ျဖစ္ၾကတဲ့ေနမာနဲ႔ဒြန္နာရမ္မာတို႔ဟာ ၾကားရက္တုန္းက

ရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ကေန ထြက္ခြာခဲ့ရၿပီးေနာက္

အဝတ္အစားလဲခန္းအတြင္းမွာ စကားအေျခအတင္မ်ားခဲ့ၾကၿပီး

ျပႆနာတက္ခဲ့ၾကတယ္လို႔ Marca မွာ ေဖာ္ျပေရးသားထားပါတယ္။

စပိန္ေျမမွာ ရီးရဲလ္ကို ဘာေပးရဲ႕ ဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမဲ့ ဘန္ဇီးမားက

ဒုတိယပိုင္း (၆၁)မိနစ္ကေန (၁၇)မိနစ္အတြင္း (၃)ဂိုးဆက္တိုင္သြင္းယူသြားခဲ့တာေၾကာင့္

ပြဲၿပီးမွာ (၃-၁)နဲ႔ၿပီးဆုံးခဲ့သလို အႏိုင္ရလဒ္ကိုမထိန္းသိမ္းႏိုင္ခဲ့တဲ့

ပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီဟာလည္းႏွစ္ေက်ာ့ေပါင္းရလဒ္ (၃-၂) ရလဒ္နဲ႔

ဒီရာသီ ခ်န္ပီယံလိဂ္ ခရီးစဥ္ အဆုံးသတ္ခဲ့ပါတယ္။

ပြဲအၿပီးမွာ ေနမာဟာအဝတ္အစားလဲခန္းကို ေရာက္ခ်ိန္မွာပဲ

ဘန္ဇီးမားသြင္းယူတဲ့ေခ်ပဂိုးနဲ႔ပတ္သက္ၿပီး ဒြန္နာရမ္မာကို

အျပစ္တင္မႈျပဳလုပ္ခဲ့တယ္လို႔ေရးသားခဲ့ပါတယ္။

ဘန္ဇီးမားရဲ႕ပထမဂိုးဟာ ဒြန္နာရမ္မာ ေဘာလုံးရွင္းထုတ္ရာမွာ

တုံ႔ဆိုင္းေနမႈေၾကာင့္ေပးလိုက္ရတာပါ။

ဒါကို ေနမာက အျပစ္တင္ခဲ့ရာမွာ ဒြန္နာရမ္မာကလည္း

ဘန္ဇီးမားရဲ႕ဒုတိယဂိုးဟာ ေနမာ့ဆီက

အလြယ္တကူ ေဘာလုံးဆုံးရႈံးခဲ့တာေၾကာင့္လို႔ဆိုၿပီး

ျပန္လည္ အျပစ္ေျပာဆိုခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ စကားလုံးေတြနဲ႔ အျပစ္တင္ေနရာကေန

လက္ပါလာေတာ့မယ့္အေနအထားေတြျဖစ္လာေတာ့တာေၾကာင့္

သူတို႔ႏွစ္ဦးကို အဝတ္လဲခန္းထဲက ကစားေဖာ္ေတြဟာ

အခ်ိန္မွီ ထိန္းသိမ္းမႈျပဳလုပ္ခဲ့ရတယ္ဆိုၿပီး

စပိန္သတင္းစာ Marca မွာ ေဖာ္ျပေရးသားထားပါတယ္။

ဒါေပမယ့္ သည္ျဖစ္ရပ္မျဖစ္ပြားခဲ့ဘူးဆိုၿပီး

ေနမာက အင္စတာဂရမ္မွာ ျငင္းဆိုထားခဲ့သလို

ဒြန္နာရမ္မာကလည္း ေနမာ့ဆီကို Marca ကေရးသားထားတဲ့ပိုစ္နဲ႔အတူ

“Ciao Neyေရ မေန႔ကကိစၥအတြက္ စိတ္မေကာင္းပါဘူး။

ဒီသတင္းက အေျခအျမစ္မရွိတဲ့ေရးသားခ်က္ပဲ”ဆိုၿပီး မက္ေဆ့ပို႔ခဲ့ပါတယ္။

ေနမာကလည္း “သူငယ္ခ်င္း…ထားလိုက္ပါကြာ။

ဒါမ်ိဳးေရးသားတာေတြက ေဘာလုံးမွာ ျဖစ္ေနၾကပါပဲ။

ငါတို႔က အသင္းတစ္သင္းျဖစ္ၿပီး အတူရွိေနၾကတယ္။

မင္းအသက္က ငယ္ပါေသးတယ္။

ေအာင္ျမင္မႈေတြ အမ်ားႀကီးမင္းရအုံးမွာပါ။

ငါတိုအတူ ေအာင္ျမင္မႈေတြယူဖို႔ ဆက္သြားၾကတာေပါ့။”

လို႔လည္းေနမာက ျပန္ၿပီး အေၾကာင္းျပန္ခဲ့ပါတယ္။