နေမာနဲ့အက်ဘက်ပီတို့ကို Vote(မဲပေးမှာ)မှာဖြစ်ကြောင်း မက်ဆီဆို

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon D’Or ဆုကို ၇ ကြိမ်မြောက်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် သူကိုယ်တိုင်ကတော့ အဲဒီဆုအတွက် ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်တဲ့ နေမာနဲ့အက်ဘက်ပီတို့ကို Vote(မဲပေးမှာ)မှာဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

Ballond D’Or ဆုကို ပြီးခဲ့တဲ့နှစ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် မပေးဖြစ်ပဲ ဖျက်သိမ်းခဲ့ပေမယ့် ဒီနှစ်မှာတော့ ပြန်လည်ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာညကပဲ ဆုကို ကမကထပြုရွေးချယ်ချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်(France Football)က ဒီနှစ်အတွက် ဆန်ခါတင် ၃၀ ဦးစာရင်းကို ဖော်ပြလိုက်ပြီး အဲဒီထဲမှာ ပီအက်စ်ဂျီကစားသမား ၄ ယောက်လည်း ပါဝင်နေတာပါ။ အသင်းတိုက်စစ်မှုးတွေဖြစ်ကြတဲ့ မက်ဆီ၊ နေမာ၊ အမ်ဘက်ပီနဲ့ ဂိုးသမားဒွန်နာရမ်မာတို့ဟာ Ballon D’Or ဆုရဲ့ဆန်ခါတင်စာရင်းထဲ ပါဝင်နေကြတာပါ။

လောလောဆယ်တော့ ၃၄ နှစ်အရွယ် မက်ဆီဟာ ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ရေပန်းစားမှုနဲ့ပတ်သက်လို့ သူ့နောက်မှာ လီဝန်ဒေါစကီးနဲ့ဂျော်ဂျင်ဟိုတို့လည်း ရှိနေကြပါတယ်။ဒါပေမဲ့လည်း အဲဒီအာဂျင်တီးနားကြယ်ပွင့်ကတော့ သူ့အနေနဲ့ Ballon D’Or ဆုအတွက် အသင်းဖော်သစ်တွေဖြစ်တဲ့ နေမာနဲ့အမ်ဘက်ပီတို့ကို မဲပေးမယ်လို့ ဝန်ခံခဲ့ပါတယ်။

မက်ဆီမဲပေးမယ်ဆိုတဲ့ နေမာနဲ့အမ်ဘက်ပီတို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဘာအဓိကဆုဖလားမှ ရရှိခဲ့သူတွေ မဟုတ်ပါဘူး။ ”Ballon D’Or ဆုအတွက် ကျွန်တော်မဲပေးမယ့်သူထဲမှာ နှစ်ယောက်ရှိပါတယ်။ နေမာနဲ့ အမ်ဘက်ပီတို့ပါ”လို့ မက်ဆီက ပြင်သစ်သတင်းစာတစ်စောင်ကို ပြောခဲ့တာပါ။

ဒီလိုမျိုးတိုက်စစ်အသင်းဖော်တွေကို မဲပေးမှာဖြစ်ပေမယ့် လီဝန်ဒေါစကီးနဲ့ရီးရဲလ်က ဘင်ဇီမာတို့ဟာလည်း တစ်ဦးချင်းအရ ရာသီကောင်းတွေကို ဖြတ်သန်းနိုင်ခဲ့တာလို့ မက်ဆီက အသိအမှတ်ပြုခဲ့ပါတယ်။

”လီဝန်ဒေါစကီးနဲ့ဘင်ဇီမာတို့လို တစ်ဦးချင်းအရ ရာသီကောင်းတစ်ခု ဖြတ်သန်းနိုင်ခဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပြောရခက်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အစုအဖွဲ့လိုက်စွမ်းဆောင်နိုင်မှ ရွှေဘောလုံးဆုရဖို့ အခွင့်အရေးများတာမို့ပါ”လို့ မက်ဆီက ဆက်လက်ပြောကြားခဲ့ပါတယ်။

zawgyi

ေနမာနဲ႔အက္ဘက္ပီတို႔ကို Vote(မဲေပးမွာ)မွာျဖစ္ေၾကာင္း မက္ဆီဆို

မက္ဆီဟာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon D’Or ဆုကို ၇ ႀကိမ္ေျမာက္ရရွိဖို႔ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္ သူကိုယ္တိုင္ကေတာ့ အဲဒီဆုအတြက္ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြျဖစ္တဲ့ ေနမာနဲ႔အက္ဘက္ပီတို႔ကို Vote(မဲေပးမွာ)မွာျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။
Ballond D’Or ဆုကို ၿပီးခဲ့တဲ့ႏွစ္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မေပးျဖစ္ပဲ ဖ်က္သိမ္းခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ျပန္လည္ေ႐ြးခ်ယ္ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာညကပဲ ဆုကို ကမကထျပဳေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္(France Football)က ဒီႏွစ္အတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းကို ေဖာ္ျပလိုက္ၿပီး အဲဒီထဲမွာ ပီအက္စ္ဂ်ီကစားသမား ၄ ေယာက္လည္း ပါဝင္ေနတာပါ။ အသင္းတိုက္စစ္မႈးေတြျဖစ္ၾကတဲ့ မက္ဆီ၊ ေနမာ၊ အမ္ဘက္ပီနဲ႔ ဂိုးသမားဒြန္နာရမ္မာတို႔ဟာ Ballon D’Or ဆုရဲ႕ဆန္ခါတင္စာရင္းထဲ ပါဝင္ေနၾကတာပါ။

ေလာေလာဆယ္ေတာ့ ၃၄ ႏွစ္အ႐ြယ္ မက္ဆီဟာ ဆုရဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး ေရပန္းစားမႈနဲ႔ပတ္သက္လို႔ သူ႔ေနာက္မွာ လီဝန္ေဒါစကီးနဲ႔ေဂ်ာ္ဂ်င္ဟိုတို႔လည္း ရွိေနၾကပါတယ္။ဒါေပမဲ့လည္း အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ကေတာ့ သူ႔အေနနဲ႔ Ballon D’Or ဆုအတြက္ အသင္းေဖာ္သစ္ေတြျဖစ္တဲ့ ေနမာနဲ႔အမ္ဘက္ပီတို႔ကို မဲေပးမယ္လို႔ ဝန္ခံခဲ့ပါတယ္။

မက္ဆီမဲေပးမယ္ဆိုတဲ့ ေနမာနဲ႔အမ္ဘက္ပီတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ဘာအဓိကဆုဖလားမွ ရရွိခဲ့သူေတြ မဟုတ္ပါဘူး။ ”Ballon D’Or ဆုအတြက္ ကြၽန္ေတာ္မဲေပးမယ့္သူထဲမွာ ႏွစ္ေယာက္ရွိပါတယ္။ ေနမာနဲ႔ အမ္ဘက္ပီတို႔ပါ”လို႔ မက္ဆီက ျပင္သစ္သတင္းစာတစ္ေစာင္ကို ေျပာခဲ့တာပါ။ဒီလိုမ်ိဳးတိုက္စစ္အသင္းေဖာ္ေတြကို မဲေပးမွာျဖစ္ေပမယ့္ လီဝန္ေဒါစကီးနဲ႔ရီးရဲလ္က ဘင္ဇီမာတို႔ဟာလည္း တစ္ဦးခ်င္းအရ ရာသီေကာင္းေတြကို ျဖတ္သန္းႏိုင္ခဲ့တာလို႔ မက္ဆီက အသိအမွတ္ျပဳခဲ့ပါတယ္။

”လီဝန္ေဒါစကီးနဲ႔ဘင္ဇီမာတို႔လို တစ္ဦးခ်င္းအရ ရာသီေကာင္းတစ္ခု ျဖတ္သန္းႏိုင္ခဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ အဲဒါက ေျပာရခက္တယ္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ အစုအဖြဲ႕လိုက္စြမ္းေဆာင္ႏိုင္မွ ေ႐ႊေဘာလုံးဆုရဖို႔ အခြင့္အေရးမ်ားတာမို႔ပါ”လို႔ မက္ဆီက ဆက္လက္ေျပာၾကားခဲ့ပါတယ္။