ရဲတပ်ဖွဲ့ဟာနေမာထံမှပေါင်၃၀၀၀၀ခိုးယူတယ်လို့သံသယဝင်ခြင်းခံရတဲ့
လူတစ်ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အသက်၂၀နှစ်အရွယ်ရှိ
ဆာအိုပေါ်လိုမှလူငယ်ဟာပီအက်စ်ဂျီစတားနှင့်အခြားစယ်လီဘရီတီများကို
ပစ်မှတ်ထားကာ ဘရာဇီးတွင် PIX ဖြင့်နာမည်ကျော်ကြားတဲ့စနစ်ကိုကျော်ဖြတ်ပြီး
ခိုးယူတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရယင်းလူငယ်ဟာဘရာဇီးတိုက်စစ်မှူးထံမှပေါင်၃၀၀၀၀ကျော်အား
အကြိမ်ကြိမ်ခိုးယူခဲ့တာလည်းဖြစ်ပါတယ်။ သူဟာနေမာရဲ့ဖခင်စီမံအသုံးပြုနေတဲ့
ဘဏ်အကောင့်မှခိုးယူတာပါ။ ရဲတပ်ဖွဲ့က နေမာထံမှငွေခိုးမှုတွင်ဘဏ်ဝန်ထမ်း၊
ဘဏ်အတွက်ဆော့ဝဲလ်ဖန်တီးပေးတဲ့ကုမ္ပဏီဝန်ထမ်းတို့ပူးပေါင်းလုပ်ဆောင်ခြင်း
ဖြစ်ကြောင်း ဆိုသွားပါတယ်။ ပီအက်စ်ဂျီတွင်တစ်နှစ်လုပ်ခပေါင်၂၆သန်းရရှိနေတဲ့
နေမာကအထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာမှတ်ချက်မပြုပါဘူး။
ပြီးခဲ့တဲ့နှစ်တုန်းကလည်းခရီးသွားအေးဂျင့်တစ်ခုဟာခရစ္စတီယာနိုရော်နယ်ဒိုထံမှ
ပေါင်၂၅၀၀၀၀အထိလိမ်လည်ခဲ့သလို အေးဂျင့်ဂျော့မန်ဒက်စ်ထံမှ
ပေါင်၁၄၀၀၀ကျော်နှင့်နာနီထံမှပေါင်၁၅၀၀လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရဖူးပါတယ်။
Zawgyi
နေမာထံမှ ငွေခိုးယူမှုဖြင့် လူတစ်ဦးဖမ်းဆီးခံရ
ခိုးယူတာဖြစ်ပါတယ်။