နေမာကို လိမ်လည်မှုစွဲချက်တင်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ဖို့ တောင်းဆိုနေ

ဘရာဇီးရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့ DIS က ပီအက်စ်ဂျီကြယ်ပွင့်နေမာကို လိမ်လည်မှုစွဲ ချက်တင်ထားပြီး ထောင် ၅ နှစ်အထိပြစ်ဒဏ်ချမှတ်ဖို့တောင်းဆိုထားတယ်လို့သိရပါတယ်။

အသက် ၃၀အရွယ်နေမာဟာ ၂၀၁၃မှာ ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပေါင် ၄၉.၆သန်းနဲ့ပြောင်းရွှေ့ချိန်အတွင်း အကျင့်ပျက်ခြစားမှုရှိခဲ့တယ်လို့ စွပ်စွဲခံထားရပြီး လာမယ့်အပတ်မှာတော့ သူ့ကိုရုံးထုတ်စစ်ဆေးသွားမှာပါ။

ဘရာဇီးရင်းနှီးမြုပ်နှံမှုကုမ္ပဏီ DIS ဘက်က နေမာရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးနည်း တယ်လို့ယူဆခဲ့သလို အသက် ၁၇နှစ်အရွယ်တုန်းက ကစားသမားကို ယူရို ၂သန်း ပေးပြီး အခွင့်အရေး ၄၀ ရာခိုင်နှုန်းကိုဝယ်ယူခဲ့တဲ့ သူတို့အတွက်နစ်နာတယ်လို့ စွဲချက်တင်ထားတာဖြစ်တယ်။

နေမာဘက်က ဒီကိစ္စရပ်တွေငြင်းဆန်ထားပေမဲ့ ၂၀၁၇ ခုနှစ်အတွင်းစပိန်တရားရုံးမှာ အယူခံဝင်မှုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လာမယ့်အပတ်ရုံးချိန်းပထမနေ့မှာတော့ လူကိုယ်တိုင်လာရောက် အစစ်အဆေးခံရမှာဖြစ်တယ်။

ရလဒ်အနေနဲ့ကတော့ ဘရာဇီးကြယ်ပွင့်ဟာ သီတင်းနှစ်ပတ်လောက်အထိ စပိန်အစိုးရရှေ့နေတွေရဲ့ရှေ့မှာ အစစ်ဆေးခံရဖို့ရှိနေပါတယ်။

ဒီစွပ်စွဲချက်တွေ ကိုရင်ဆိုင်ရမှာက နေမာတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အခြားသောတွဲဖက် တရားခံတွေအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ဆန်းတို့စ်အသင်း၊ ဘာကာဥက္ကဌဟောင်း တွေဖြစ်တဲ့ ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်တို့ ပါဝင်နေပါတယ်။

နေမာရဲ့ပြောင်းရွှေ့ ကြေးက ပေါင် ၄၉.၆သန်းရှိခဲ့ပြီး သူတို့ဘက်က ကစားသမားရဲ့မိသားစုနဲ့ ဆန်းတို့စ် အသင်းကို ပေးချေခဲ့တယ်လို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက အခိုင်အမာဆို ထားပါတယ်။

နေမာမိသားစုက ပေါင် ၃၄.၈သန်းအထိ ရရှိခဲ့ပြီး ကျန်ငွေကို ဘရာဇီးကလပ်ထံကိုလွှဲပြောင်းပေးခဲ့လို့ DIS က ဆန်းတို့စ်ရရှိတဲ့ ပေါင် ၁၄.၈သန်း ထဲက ရှယ်ယာ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင် ၅.၉၂သန်း ကိုသာရရှိခဲ့ပြီး အမြတ်ငွေ အလွန်နည်းပါးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ ရှေ့နေပေါ်လိုနက်ဆာက “နေမာအတွက် ကလပ်အသင်းတွေဘက်ကမြင့်မားတဲ့ကမ်းလှမ်းချက် မရှိခဲ့ပါဘူး။ အများဆုံးပေးခဲ့တာဆိုလို့ ပေါင် ၅၂.၂သန်း ပေးတဲ့ ကလပ်တွေသာရှိခဲ့ပါတယ်” လို့ ဆိုထားပါတယ်။

DIS ဘက်ကတော့ ဒီကိစ္စရပ်အပေါ်အခဲမကျေသလို နေမာကို ထောင်ဒဏ် ၅နှစ်ချမှတ်ပြီး ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်တို့ကို ဒဏ်ငွေ ပေါင် ၁၂၉.၆သန်း အပြင် နောက်ဆက်တွဲထောင်ဒဏ်ချမှတ်ဖို့တောင်းဆိုထားတာဖြစ်တယ်။

(Zawgyi)

ေနမာကို လိမ္လည္မႈစြဲခ်က္တင္ၿပီး ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ဖို႔ ေတာင္းဆိုေန

ဘရာဇီးရင္းႏွီးျမဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ DIS က ပီအက္စ္ဂ်ီၾကယ္ပြင့္ေနမာကို လိမ္လည္မႈစြဲ ခ်က္တင္ထားၿပီး ေထာင္ ၅ ႏွစ္အထိျပစ္ဒဏ္ခ်မွတ္ဖို႔ေတာင္းဆိုထားတယ္လို႔သိရပါတယ္။

အသက္ ၃၀အ႐ြယ္ေနမာဟာ ၂၀၁၃မွာ ဆန္းတို႔စ္ကေန ဘာစီလိုနာကို ေပါင္ ၄၉.၆သန္းနဲ႔ေျပာင္းေ႐ႊ႕ခ်ိန္အတြင္း အက်င့္ပ်က္ျခစားမႈရွိခဲ့တယ္လို႔ စြပ္စြဲခံထားရၿပီး လာမယ့္အပတ္မွာေတာ့ သူ႔ကို႐ုံးထုတ္စစ္ေဆးသြားမွာပါ။

ဘရာဇီးရင္းႏွီးျမဳပ္ႏွံမႈကုမၸဏီ DIS ဘက္က ေနမာရဲ႕ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးနည္း တယ္လို႔ယူဆခဲ့သလို အသက္ ၁၇ႏွစ္အ႐ြယ္တုန္းက ကစားသမားကို ယူ႐ို ၂သန္း ေပးၿပီး အခြင့္အေရး ၄၀ ရာခိုင္ႏႈန္းကိုဝယ္ယူခဲ့တဲ့ သူတို႔အတြက္နစ္နာတယ္လို႔ စြဲခ်က္တင္ထားတာျဖစ္တယ္။

ေနမာဘက္က ဒီကိစၥရပ္ေတြျငင္းဆန္ထားေပမဲ့ ၂၀၁၇ ခုႏွစ္အတြင္းစပိန္တရား႐ုံးမွာ အယူခံဝင္မႈရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ လာမယ့္အပတ္႐ုံးခ်ိန္းပထမေန႔မွာေတာ့ လူကိုယ္တိုင္လာေရာက္ အစစ္အေဆးခံရ မွာျဖစ္တယ္။

ရလဒ္အေနနဲ႔ကေတာ့ ဘရာဇီးၾကယ္ပြင့္ဟာ သီတင္းႏွစ္ပတ္ေလာက္ အထိ စပိန္အစိုးရေရွ႕ေနေတြရဲ႕ေရွ႕မွာ အစစ္ေဆးခံရဖို႔ရွိေနပါတယ္။

ဒီစြပ္စြဲခ်က္ေတြ ကိုရင္ဆိုင္ရမွာက ေနမာတစ္ေယာက္တည္းေတာ့မဟုတ္ပါဘူး။ အျခားေသာတြဲဖက္ တရားခံေတြအေနနဲ႔ ဘာစီလိုနာအသင္းနဲ႔ ဆန္းတို႔စ္အသင္း၊

ဘာကာဥကၠဌေဟာင္း ေတြျဖစ္တဲ့ ဘာတိုျမဴနဲ႔ ဆန္ဒ႐ို႐ိုဆဲလ္တို႔ပါဝင္ေနပါတယ္။ ေနမာရဲ႕ေျပာင္းေ႐ႊ႕ ေၾကးက ေပါင္ ၄၉.၆သန္းရွိခဲ့ၿပီး သူတို႔ဘက္က ကစားသမားရဲ႕မိသားစုနဲ႔ ဆန္းတို႔စ္ အသင္းကို ေပးေခ်ခဲ့တယ္လို႔ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြက အခိုင္အမာဆို ထားပါတယ္။

ေနမာမိသားစုက ေပါင္ ၃၄.၈သန္းအထိရရွိခဲ့ၿပီး က်န္ေငြကို ဘရာဇီးကလပ္ထံကိုလႊဲေျပာင္းေပးခဲ့လို႔ DIS က ဆန္းတို႔စ္ရရွိတဲ့ ေပါင္ ၁၄.၈သန္း ထဲက ရွယ္ယာ ၄၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ေပါင္ ၅.၉၂သန္း ကိုသာရရွိခဲ့ၿပီး အျမတ္ေငြ အလြန္နည္းပါးခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ ေရွ႕ေနေပၚလိုနက္ဆာက “ေနမာ အတြက္ကလပ္အသင္းေတြဘက္ကျမင့္မားတဲ့ကမ္းလွမ္းခ်က္မရွိခဲ့ပါဘူး။ အမ်ားဆုံး ေပးခဲ့တာဆိုလို႔ ေပါင္ ၅၂.၂သန္း ေပးတဲ့ကလပ္ေတြသာရွိခဲ့ပါတယ္” လို႔ ဆိုထားပါတယ္။

DIS ဘက္ကေတာ့ ဒီကိစၥရပ္အေပၚအခဲမေက်သလို ေနမာကို ေထာင္ဒဏ္ ၅ႏွစ္ခ်မွတ္ၿပီး ဘာတိုျမဴနဲ႔ ဆန္ဒ႐ို႐ိုဆဲလ္တို႔ကို ဒဏ္ေငြ ေပါင္ ၁၂၉.၆သန္း အျပင္ ေနာက္ဆက္တြဲေထာင္ဒဏ္ခ်မွတ္ဖို႔ေတာင္းဆိုထားတာျဖစ္တယ္။