နေမာကိုပျော်ရွှင်စရာကောင်းတဲ့ ငရဲ ပို့ဖို့အတွက် ဒိုင်လူကြီးဟောင်းနှစ်ဦး အဆိုတင်လိုက်

ဒိုင်လူကြီးဟောင်းနှစ်ယောက်က ဟန်ဆောင်ဒိုင်ဗင်သမားတွေကို

အနီကတ်နဲ့ထုတ်ပြီး ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ အဆိုတင်ခဲ့သလို

ပီအက်စ်ဂျီကြယ်ပွင့်နေမာကိုပါ တိုက်ရိုက်ဝေဖန်သွားခဲ့ပါတယ်။

နေမာရဲ့ကစားဟန်နဲ့ပက်သတ်လို့ အငြင်းအခုန်တွေရှိနေကြပေမဲ့

စကော့တလန်ဒိုင်လူကြီးဟောင်းတစ်ယောက်ဖြစ်တဲ့ စတိဗ်ကွန်ရွိုင်းကတော့

ဒိုင်ဗင်သမားလို့ပေါ်တင်ဝေဖန်လိုက်တာဖြစ်တယ်။ စကော့တလန်

ဒိုင်လူကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ဒက်စ်ရိုအာချီနဲ့ စတိဗ်ကွန်ရွိုင်း တို့က

ဒိုင်ဗင်ထိုးခြင်းကိုဆန့်ကျင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး

ပြင်းပြင်းထန်ထန်အရေးယူဖို့တောင်းဆိုခဲ့တာပါ။

“မင်းဘက်က တမင်ဟန်ဆောင်တာဆိုရင် ပြိုင်ဘက်ထုတ်ပယ်ခံရဖို့နဲ့

ပင်နယ်တီအခွင့်အရေးရဖို့လုပ်ဆောင်တာဖြစ်တယ်။

ဒါမျိုးကို အဝါကတ်နဲ့အရေးယူလေ့ရှိပြီး အရိုးသားဆုံးပြောရရင်တော့

မလုံလောက်ပါဘူး။ ဟန်ဆောင်တယ်ဆိုတာကိုသိလိုက်ပြီဆိုရင်

ဒါဟာ အနီကတ်ဖြစ်ဖို့လိုတယ်၊ အလိုအလျောက် ၃ပွဲပယ်ခံရပါမယ်။

ဥပဒေအရ အားနည်းချက်တစ်ခုဖြစ်ပြီး တင်းကျပ်လိုက်မယ်ဆိုရင်

နည်းပြတွေကတားဆီးမှာဖြစ်သလို ကစားသမားတွေကိုတော့

ပျော်ရွှင်စရာ ငရဲဆီခေါ်ဆောင်သွားပါလိမ့်မယ်” လို့ ရိုအာချီက

ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ကွန်ရွိုင်းက “အနီကတ်နဲ့

၃ပွဲပယ်ဆိုတဲ့ပြစ်ဒဏ်ကို ကျွန်တော်ထောက်ခံပါတယ်။

ယုတ်မာတဲ့အရာတွေကို ဖယ်ရှားဖို့ကြိုးစားရမယ်။

ကိန်းဂဏန်းတွေအရတော့ ဒီကမ္ဘာမှာ နေမာအဆိုးဆုံးပါပဲ” လို့

ပီအက်စ်ဂျီတိုက်စစ်မှူးကို ဝေဖန်သွားခဲ့တာဖြစ်တယ်။

zawgyi

ေနမာကိုေပ်ာ္႐ႊင္စရာေကာင္းတဲ့ ငရဲ ပို႔ဖို႔အတြက္ ဒိုင္လူႀကီးေဟာင္းႏွစ္ဦး အဆိုတင္လိုက္

ဒိုင္လူႀကီးေဟာင္းႏွစ္ေယာက္က ဟန္ေဆာင္ဒိုင္ဗင္သမားေတြကို

အနီကတ္နဲ႔ထုတ္ၿပီး ၃ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ဖို႔ အဆိုတင္ခဲ့သလို

ပီအက္စ္ဂ်ီၾကယ္ပြင့္ေနမာကိုပါ တိုက္႐ိုက္ေဝဖန္သြားခဲ့ပါတယ္။

ေနမာရဲ႕ကစားဟန္နဲ႔ပက္သတ္လို႔ အျငင္းအခုန္ေတြရွိေနၾကေပမဲ့

စေကာ့တလန္ဒိုင္လူႀကီးေဟာင္းတစ္ေယာက္ျဖစ္တဲ့ စတိဗ္ကြန္႐ြိဳင္းကေတာ့

ဒိုင္ဗင္သမားလို႔ေပၚတင္ေဝဖန္လိုက္တာျဖစ္တယ္။ စေကာ့တလန္

ဒိုင္လူႀကီးေဟာင္းႏွစ္ဦးျဖစ္တဲ့ ဒက္စ္႐ိုအာခ်ီနဲ႔ စတိဗ္ကြန္႐ြိဳင္း တို႔က

ဒိုင္ဗင္ထိုးျခင္းကိုဆန႔္က်င္ေၾကာင္းထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး

ျပင္းျပင္းထန္ထန္အေရးယူဖို႔ေတာင္းဆိုခဲ့တာပါ။

“မင္းဘက္က တမင္ဟန္ေဆာင္တာဆိုရင္ ၿပိဳင္ဘက္ထုတ္ပယ္ခံရဖို႔နဲ႔

ပင္နယ္တီအခြင့္အေရးရဖို႔လုပ္ေဆာင္တာျဖစ္တယ္။

ဒါမ်ိဳးကို အဝါကတ္နဲ႔အေရးယူေလ့ရွိၿပီး အ႐ိုးသားဆုံးေျပာရရင္ေတာ့

မလုံေလာက္ပါဘူး။ ဟန္ေဆာင္တယ္ဆိုတာကိုသိလိုက္ၿပီဆိုရင္

ဒါဟာ အနီကတ္ျဖစ္ဖို႔လိုတယ္၊ အလိုအေလ်ာက္ ၃ပြဲပယ္ခံရပါမယ္။

ဥပေဒအရ အားနည္းခ်က္တစ္ခုျဖစ္ၿပီး တင္းက်ပ္လိုက္မယ္ဆိုရင္

နည္းျပေတြကတားဆီးမွာျဖစ္သလို ကစားသမားေတြကိုေတာ့

ေပ်ာ္႐ႊင္စရာ ငရဲဆီေခၚေဆာင္သြားပါလိမ့္မယ္” လို႔ ႐ိုအာခ်ီက

ေျပာဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး ကြန္႐ြိဳင္းက “အနီကတ္နဲ႔

၃ပြဲပယ္ဆိုတဲ့ျပစ္ဒဏ္ကို ကြၽန္ေတာ္ေထာက္ခံပါတယ္။

ယုတ္မာတဲ့အရာေတြကို ဖယ္ရွားဖို႔ႀကိဳးစားရမယ္။

ကိန္းဂဏန္းေတြအရေတာ့ ဒီကမာၻမွာ ေနမာအဆိုးဆုံးပါပဲ” လို႔

ပီအက္စ္ဂ်ီတိုက္စစ္မႉးကို ေဝဖန္သြားခဲ့တာျဖစ္တယ္။