နေပူပူကြီးထဲမှာ တအားတွေပြေးခိုင်းခဲ့လို့ နည်းပြတန်ဟက်ကို ကစားသမားတွေ လေးစားပြီလေ

လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး လူမှုကွန်ရက်တစ်ခွင်မှာ လေတိုက်နှုန်းကို မြင့်မားစေခဲ့တဲ့ မန်ယူအသင်းဟာ အခုဆိုရင်တော့ စည်းလုံးနေပြီဖြစ်တယ် လို့ သိရပါတယ်။ ဘရန်ဖို့ဒ်ကို ၄-၀ ဂိုးနဲ့ ရှုံးခဲ့လို့ ကြံရာမရဖြစ်ပြီး နားရက် တောင်မပေးတော့ဘဲ ချက်ချင်း လေ့ကျင့်ခန်းပြန်ဆင်းခိုင်းတဲ့

မန်ယူနည်းပြ အဲရစ်တန်ဟက်ဟာ ကာရင်တန်ကွင်းထဲမှာ မန်ယူအသင်းသားတွေကို ၈ မိုင် ခွဲလောက်အထိ ပြေးလွှားခိုင်းခဲ့ပါတယ်။ အစပိုင်းတော့ ဒီလိုလုပ်တဲ့အတွက် ကစားသမားတွေအားလုံးဟာ သူတို့ ဆရာအပေါ် ဒေါသဖြစ်ကြတာပေါ့လေ။ ဒါ့အပြင် တန်ဟက်ဟာ

လီဗာပူးနဲ့ပွဲစဉ်မှာ မက်ဂွိုင်းယားနဲ့ စီရော်နယ်ဒိုကို အရန်ခုံမှာထိုင်ခိုင်းခဲ့ပြီး ဘရန်ဖို့ဒ်နဲ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ လေး ခု ပြုလုပ်ပြီး ပွဲထွက်ခဲ့ပါတယ်။ နောက်ပြီး သူ့လက်အောက်မှာ မက်ဂွိုင်းယား ဟာ အသင်းခေါင်းဆောင်ရာထူးအတွက် အာမခံချက် မရှိတော့ဘူးလို့

ခြိမ်း လားခြောက်လား လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တန်ဟက်ကတော့ အသင်း ခေါင်းဆောင်လက်ပတ်ကို ယုံကြည်ချက်ရှိရှိနဲ့ ဘရူနိုဖာနန်ဒက်ဇ်ကို ပေးအပ် ခဲ့ပါတယ်။ ဒါကြောင့် အသက် ၂၉ နှစ်အရွယ်ရှိတဲ့ မက်ဂွိုင်းယားဟာ မန်ယူ ရဲ့ လာမယ့်ပွဲစဉ်တွေမှာ အလှည့်ကျစနစ်နဲ့

ပွဲထွက်ခွင့်ရဖို့ များနေပြီး ပွဲတိုင်းမှာ ပါဝင်ကစားခွင့်ရဖို့ အာမခံချက် မရှိတော့ဘူးလို့ The Sun သတင်းစာက ဖော် ပြပါတယ်။ ဒါပေမဲ့လည်း မန်ယူဟာ မက်ဂွိုင်းယားကို ရောင်းထုတ်လိုစိတ် မျိုးတော့ မရှိသေးပါဘူး။ လက်ရှိမှာ မက်ဂွိုင်းယားကို ခေါ်ဖို့အတွက် ချဲလ်ဆီး နဲ့

ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားမှု ရှိနေတယ်လို့ သတင်းတွေ ထွက်နေ ပါတယ်။ ခေါင်းကြီးကိုယ်တိုင်ကလည်း အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အ တွက် တိုက်ပွဲဝင်လိုစိတ် ရှိနေဆဲပါပဲ။ ဒါပေမဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ သေချာသ လောက်ရှိနေတဲ့ ဖာနန်ဒက်ဇ်ကြောင့် မက်ဂွိုင်းယားဟာ

အလိုအလျောက်စ နစ်နဲ့ အသင်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရတော့မယ့် အခြေအနေပါ။ ဘာပဲပြောပြော လီဗာပူးနဲ့ပွဲမှာ လုပ်ပြသွားတဲ့ နည်းပြတန်ဟက်ရဲ့ အကွက် တွေက လှလွန်းတော့ ပရိသတ်တွေ ကျေနပ်နေတာ အမှန်ပါပဲ။

အထူးသဖြင့် ကစားသမားတွေပေါ့လေ။ နေပူထဲမှာ မနားမနေပြေးခိုင်းတာတောင်မှ လီဗာ ပူးကိုနိုင်ခဲ့တော့လည်း သူ့တို့ဆရာရဲ့ လုပ်ရပ်တွေကို သဘောကျနေတယ် ထင်ပါရဲ့။

(zawgyi)

လီဗာပူးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရၿပီး လူမႈကြန္ရက္တစ္ခြင္မွာ ေလတိုက္ႏႈန္းကို ျမင့္မားေစခဲ့တဲ့ မန္ယူအသင္းဟာ အခုဆိုရင္ေတာ့ စည္းလုံးေနၿပီျဖစ္တယ္ လို႔ သိရပါတယ္။ ဘရန္ဖို႔ဒ္ကို ၄-၀ ဂိုးနဲ႔ ရႈံးခဲ့လို႔ ႀကံရာမရျဖစ္ၿပီး နားရက္ ေတာင္မေပးေတာ့ဘဲ

ခ်က္ခ်င္း ေလ့က်င့္ခန္းျပန္ဆင္းခိုင္းတဲ့ မန္ယူနည္းျပ အဲရစ္တန္ဟက္ဟာ ကာရင္တန္ကြင္းထဲမွာ မန္ယူအသင္းသားေတြကို ၈ မိုင္ ခြဲေလာက္အထိ ေျပးလႊားခိုင္းခဲ့ပါတယ္။ အစပိုင္းေတာ့ ဒီလိုလုပ္တဲ့အတြက္ ကစားသမားေတြအားလုံးဟာ သူတို႔ ဆရာအေပၚ

ေဒါသျဖစ္ၾကတာေပါ့ေလ။ ဒါ့အျပင္ တန္ဟက္ဟာ လီဗာပူးနဲ႔ပြဲစဥ္မွာ မက္ဂြိဳင္းယားနဲ႔ စီေရာ္နယ္ဒိုကို အရန္ခုံမွာထိုင္ခိုင္းခဲ့ၿပီး ဘရန္ဖို႔ဒ္နဲ႔ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ေလး ခု ျပဳလုပ္ၿပီး ပြဲထြက္ခဲ့ပါတယ္။ ေနာက္ၿပီး သူ႔လက္ေအာက္မွာ မက္ဂြိဳင္းယား ဟာ

အသင္းေခါင္းေဆာင္ရာထူးအတြက္ အာမခံခ်က္ မရွိေတာ့ဘူးလို႔ ၿခိမ္း လားေျခာက္လား လုပ္ခဲ့ပါေသးတယ္။ ဒါေပမဲ့ တန္ဟက္ကေတာ့ အသင္း ေခါင္းေဆာင္လက္ပတ္ကို ယုံၾကည္ခ်က္ရွိရွိနဲ႔ ဘ႐ူႏိုဖာနန္ဒက္ဇ္ကို ေပးအပ္ ခဲ့ပါတယ္။ ဒါေၾကာင့္ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိတဲ့

မက္ဂြိဳင္းယားဟာ မန္ယူ ရဲ႕ လာမယ့္ပြဲစဥ္ေတြမွာ အလွည့္က်စနစ္နဲ႔ ပြဲထြက္ခြင့္ရဖို႔ မ်ားေနၿပီး ပြဲတိုင္းမွာ ပါဝင္ကစားခြင့္ရဖို႔ အာမခံခ်က္ မရွိေတာ့ဘူးလို႔ The Sun သတင္းစာက ေဖာ္ ျပပါတယ္။ ဒါေပမဲ့လည္း မန္ယူဟာ မက္ဂြိဳင္းယားကို ေရာင္းထုတ္လိုစိတ္ မ်ိဳးေတာ့

မရွိေသးပါဘူး။ လက္ရွိမွာ မက္ဂြိဳင္းယားကို ေခၚဖို႔အတြက္ ခ်ဲလ္ဆီး နဲ႔ ဘာစီလိုနာတို႔ကလည္း စိတ္ဝင္စားမႈ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေန ပါတယ္။ ေခါင္းႀကီးကိုယ္တိုင္ကလည္း အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔အ တြက္ တိုက္ပြဲဝင္လိုစိတ္ ရွိေနဆဲပါပဲ။ ဒါေပမဲ့

ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ေသခ်ာသ ေလာက္ရွိေနတဲ့ ဖာနန္ဒက္ဇ္ေၾကာင့္ မက္ဂြိဳင္းယားဟာ အလိုအေလ်ာက္စ နစ္နဲ႔ အသင္းေခါင္းေဆာင္ရာထူးကို စြန႔္လႊတ္ရေတာ့မယ့္ အေျခအေနပါ။ ဘာပဲေျပာေျပာ လီဗာပူးနဲ႔ပြဲမွာ လုပ္ျပသြားတဲ့ နည္းျပတန္ဟက္ရဲ႕

အကြက္ ေတြက လွလြန္းေတာ့ ပရိသတ္ေတြ ေက်နပ္ေနတာ အမွန္ပါပဲ။ အထူးသျဖင့္ ကစားသမားေတြေပါ့ေလ။ ေနပူထဲမွာ မနားမေနေျပးခိုင္းတာေတာင္မွ လီဗာ ပူးကိုႏိုင္ခဲ့ေတာ့လည္း သူ႔တို႔ဆရာရဲ႕ လုပ္ရပ္ေတြကို သေဘာက်ေနတယ္ ထင္ပါရဲ႕။