
နေညိုချိန် လေပြိုဖို့ နေရာမရှိရင် တော်တော်လေးအခက်တွေ့ရတာ
ကြုံဖူးသူတိုင်းသိမှာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ထိပ်တန်းဘောလုံးသမားတွေ
ခြေစွမ်းချင်း အပြိုင်ကြဲသလို ညနေခင်း အပြင်ထွက်ရင်း
ယမကာသောက် အပြိုင်ပျော်ပါးလေ့ရှိတဲ့ ပွဲပါ။
ဘရာဇီးနဲ့ အင်္ဂလန်ကစားသမားတွေက ထိပ်ဆုံးက ပျော်ပါးကြတာပဲ။
အသင်းဟိုတယ်မှာ အရက်သောက်ပျော်ပါးကြတဲ့
သတင်းတွေဟာ ပြိုင်ပွဲတိုင်း ကြားနေရတယ်။
ဒါပေမယ့် ဒီတစ်ခါတော့ အင်္ဂလန်သားတွေ ဘုံပျောက်ပြီ။
ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်က
လာမယ့် ကာတာကမ္ဘာ့ဖလားပွဲအတွက် အသင်းဟိုတယ်ငှားတာ
အယ်ကိုဟောကင်းမဲ့ ဇုန်လို့ သတ်မှတ်ထားတဲ့ ဟိုတယ်ကို ငှားလိုက်လို့ပဲ။
ဆော့အယ်လ်ဝါခရာဟိုတယ်ဟာ ဒိုဟာမြို့နဲ့ 10 မိုင်ဝေးပြီး
ကိုယ်ပိုင်ကမ်းခြေနဲ့ ဇိမ်ခံစရာကောင်းတဲ့ဟိုတယ်ပါ။
ဒါပေမယ့် ဟိုတယ်ထဲမှာ အရက်မသောက်သုံးရလို့ တားမြစ်ထားတယ်။
အင်္ဂလန်ကစားသမားတွေကတော့ နေညိုချိန် လေပြိုရင်
အခက်တွေ့ရတော့မှာပါ။
အင်္ဂလန်သားတွေ နေညိုချိန်ကို ဖြတ်ကျော်ဖို့ အနီးအနား
ဘုံဆိုင်တစ်ဆိုင်လောက်ကို မဖြစ်မနေရှာဖွေရတော့မှာပါပဲ။
ဟိုတယ်မှာ ဇိမ်ကျကျသောက်ဖို့ ကံဇာတာကတော့ ကင်းမဲ့ခဲ့ရပြီလေ။
zawgyi
ေနညိဳခ်ိန္ ေလၿပိဳရင္ အခက္ေတြ႕ရေတာ့မယ့္ အဂၤလန္ကစားသမားမ်ား
ေနညိဳခ်ိန္ ေလၿပိဳဖို႔ ေနရာမရွိရင္ ေတာ္ေတာ္ေလးအခက္ေတြ႕ရတာ
ႀကဳံဖူးသူတိုင္းသိမွာပါ။
ကမာၻ႔ဖလားၿပိဳင္ပြဲဆိုတာ ထိပ္တန္းေဘာလုံးသမားေတြ
ေျခစြမ္းခ်င္း အၿပိဳင္ႀကဲသလို ညေနခင္း အျပင္ထြက္ရင္း
ယမကာေသာက္ အၿပိဳင္ေပ်ာ္ပါးေလ့ရွိတဲ့ ပြဲပါ။
ဘရာဇီးနဲ႔ အဂၤလန္ကစားသမားေတြက ထိပ္ဆုံးက ေပ်ာ္ပါးၾကတာပဲ။
အသင္းဟိုတယ္မွာ အရက္ေသာက္ေပ်ာ္ပါးၾကတဲ့
သတင္းေတြဟာ ၿပိဳင္ပြဲတိုင္း ၾကားေနရတယ္။
ဒါေပမယ့္ ဒီတစ္ခါေတာ့ အဂၤလန္သားေတြ ဘုံေပ်ာက္ၿပီ။
ဘာျဖစ္လို႔လဲဆိုေတာ့ အဂၤလန္နည္းျပေဆာက္ဂိတ္က
လာမယ့္ ကာတာကမာၻ႔ဖလားပြဲအတြက္ အသင္းဟိုတယ္ငွားတာ
အယ္ကိုေဟာကင္းမဲ့ ဇုန္လို႔ သတ္မွတ္ထားတဲ့ ဟိုတယ္ကို ငွားလိုက္လို႔ပဲ။
ေဆာ့အယ္လ္ဝါခရာဟိုတယ္ဟာ ဒိုဟာၿမိဳ႕နဲ႔ 10 မိုင္ေဝးၿပီး
ကိုယ္ပိုင္ကမ္းေျခနဲ႔ ဇိမ္ခံစရာေကာင္းတဲ့ဟိုတယ္ပါ။
ဒါေပမယ့္ ဟိုတယ္ထဲမွာ အရက္မေသာက္သုံးရလို႔ တားျမစ္ထားတယ္။
အဂၤလန္ကစားသမားေတြကေတာ့ ေနညိဳခ်ိန္ ေလၿပိဳရင္
အခက္ေတြ႕ရေတာ့မွာပါ။
အဂၤလန္သားေတြ ေနညိဳခ်ိန္ကို ျဖတ္ေက်ာ္ဖို႔ အနီးအနား
ဘုံဆိုင္တစ္ဆိုင္ေလာက္ကို မျဖစ္မေနရွာေဖြရေတာ့မွာပါပဲ။
ဟိုတယ္မွာ ဇိမ္က်က်ေသာက္ဖို႔ ကံဇာတာကေတာ့ ကင္းမဲ့ခဲ့ရၿပီေလ။