နေကာမျက်မှန်နဲ့ အမိုက်စားရွှိုင်းလာခဲ့တဲ့ နေမာကို ဘာစီလိုနာ ခရိုင်တရားရုံးက ထောင်ဒဏ် ၂နှစ် ချမှတ်

ဆန်းတို့စ်ကနေ ဘာစီလိုနာကိုပြောင်းရွှေ့ချိန်မှာ ငွေကြေးခဝါချမှုရှိခဲ့တဲ့ နေမာကိုတော့ စပိန်တရားရုံးက ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ပါပြီ။

အသက် ၃၀ အရွယ်နေမာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာနေကာမျက်မှန်နဲ့ အမိုက်စားဝတ်စုံကို ဝတ်ဆင်ကာ ဘာစီလိုနာခရိုင်တရားရုံးမှာ အမှုကိုလာရောက်ကြားနာခဲ့ပါတယ်။

နေမာရဲ့အမှုကို အောက်တိုဘာ ၂၁ရက် ဒါမှမဟုတ် အောက်တိုဘာ ၂၈ရက် ရောက်မှသာကြားနာဖို့ သတ်မှတ်ထားပေမဲ့ ဘောလုံးကစားဖို့ ကတိကဝတ်တွေအပြင် ခိုက်ရန်ဖြစ်ပွားမှုတွေကို ရှောင်ရှားဖို့အတွက် တရားသူကြီးကချက်ချင်းကြားနာခဲ့တာဖြစ်တယ်လို့ Fox Sports ကဖော်ပြခဲ့ပါတယ်။

နေမာဘက်ကလည်း ကမ္ဘာ့ဖလားကစားဖို့ တစ်လကျော်သာလိုတော့တဲ့အချိန်မှာ ဒီကိစ္စရပ်တွေကိုအမြန်ဆုံးပြီးစီးဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

စပိန်အစိုးရရှေ့နေတွေဟာ ပီအက်စ်ဂျီတိုက်စစ်မှူးကို ထောင် ၂နှစ် အပြင် ဒဏ်ငွေ ပေါင် ၈.၇သန်း ပေးဆောင်စေဖို့ထပ်မံလှုပ်ရှားနေပါတယ်။ အဂတိ လိုက်စားမှုနဲ့ပတ်သတ်ဆက်နွယ်သူ ၉ ဦးထဲမှာ နေမာက တစ်ယောက်အပါအဝင်ဖြစ် ခဲ့ပြီး ဒီအမှုကို DIS ကတိုင်ကြားလာခဲ့ပြီးနောက် ၂၀၁၆ခုနှစ်ကတည်းကစတင် စုံစမ်း စစ်ဆေးခဲ့တာဖြစ်တယ်။

နေမာ၊ ဘာစီလိုနာနဲ့ ဆန်းတို့စ်အသင်းတို့ဟာ နေမာအ ပြောင်းအရွှေ့ကုန်ကျစရိတ်တွေကို ဖုံးကွယ်ဖို့အတွက်ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ DIS ကစွပ်စွဲထားတာဖြစ်ပါတယ်။

ကစားသမားအပြောင်းအရွှေ့မှာ ဘာစီလိုနာဘက်က ပေါင် ၄၉.၅သန်းလို့အခိုင်အမာဆိုခဲ့ပေမဲ့ စပိန်အစိုးရရှေ့နေတွေဘက်က ပေါင် ၇၁.၉သန်းအထိကုန်ကျခဲ့တယ်လို့ထုတ်ဖော် ပြောဆိုထားပါတယ်။

(Zawgyi)

ေနကာမ်က္မွန္နဲ႔ အမိုက္စားဝတ္စုံဝတ္ဆင္လာခဲ့တဲ့ ေနမာကို ဘာစီလိုနာ ခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ၂ႏွစ္ ခ်မွတ္ခဲ့

ဆန္းတို႔စ္ကေန ဘာစီလိုနာကိုေျပာင္းေ႐ႊ႕ခ်ိန္မွာ ေငြေၾကးခဝါခ်မႈရွိခဲ့တဲ့ ေနမာကိုေတာ့ စပိန္တရား႐ုံးက ေထာင္ဒဏ္ ၂ႏွစ္ခ်မွတ္လိုက္ပါၿပီ။

အသက္ ၃၀ အ႐ြယ္ေနမာဟာ ၿပီးခဲ့တဲ့ တနလၤာေန႔မွာေနကာမ်က္မွန္နဲ႔ အမိုက္စားဝတ္စုံကို ဝတ္ဆင္ကာ ဘာစီလိုနာခ႐ိုင္တရား႐ုံးမွာ အမႈကိုလာေရာက္ၾကားနာခဲ့ပါတယ္။

ေနမာရဲ႕အမႈကို ေအာက္တိုဘာ ၂၁ရက္ ဒါမွမဟုတ္ ေအာက္တိုဘာ ၂၈ရက္ ေရာက္မွသာၾကားနာဖို႔ သတ္မွတ္ထားေပမဲ့ ေဘာလုံးကစားဖို႔ကတိကဝတ္ေတြအျပင္ ခိုက္ရန္ျဖစ္ပြားမႈေတြကို ေ

ရွာင္ရွားဖို႔အတြက္ တရားသူႀကီးကခ်က္ခ်င္းၾကားနာခဲ့တာျဖစ္တယ္လို႔ Fox Sports ကေဖာ္ျပခဲ့ပါတယ္။

ေနမာဘက္ကလည္း ကမာၻ႔ဖလားကစားဖို႔ တစ္လေက်ာ္သာလိုေတာ့တဲ့အခ်ိန္မွာ ဒီကိစၥရပ္ေတြကိုအျမန္ဆုံးၿပီးစီးဖို႔ ေမွ်ာ္လင့္ခဲ့ တာျဖစ္ပါတယ္။

စပိန္အစိုးရေရွ႕ေနေတြဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉးကို ေထာင္ ၂ႏွစ္ အျပင္ ဒဏ္ေငြ ေပါင္ ၈.၇သန္း ေပးေဆာင္ေစဖို႔ထပ္မံလႈပ္ရွားေနပါတယ္။

အဂတိ လိုက္စားမႈနဲ႔ပတ္သတ္ဆက္ႏြယ္သူ ၉ဦးထဲမွာ ေနမာက တစ္ေယာက္အပါအဝင္ျဖစ္ ခဲ့ၿပီး ဒီအမႈကို DIS ကတိုင္ၾကားလာခဲ့ၿပီးေနာက္ ၂၀၁၆ခုႏွစ္ကတည္းကစတင္ စုံစမ္း စစ္ေဆးခဲ့တာျဖစ္တယ္။

ေနမာ၊ ဘာစီလိုနာနဲ႔ ဆန္းတို႔စ္အသင္းတို႔ဟာ ေနမာအ ေျပာင္းအေ႐ႊ႕ကုန္က်စရိတ္ေတြကို ဖုံးကြယ္ဖို႔အတြက္ပူးေပါင္းလုပ္ေဆာင္ခဲ့တယ္လို႔ DIS ကစြပ္စြဲထားတာျဖစ္ပါတယ္။

ကစားသမားအေျပာင္းအေ႐ႊ႕မွာ ဘာစီလိုနာဘက္က ေပါင္ ၄၉.၅သန္းလို႔အခိုင္အမာဆိုခဲ့ေပမဲ့ စပိန္အစိုးရေရွ႕ေနေတြဘက္က ေပါင္ ၇၁.၉သန္းအထိကုန္က်ခဲ့တယ္လို႔ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။