နူးကမ့်မှာ အာဆင်နယ်တိုက်စစ်တွဲလုံးဟောင်းကို ပုံဖော်ဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ

လာမယ့်နွေရာသီမှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လာကာဇက်ဟာ လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသလို
အသင်းခေါင်းဆောင်အဖြစ်ပါ ခန့်အပ်ခံထားရပေမယ့်
သူ့ရဲ့အနာဂတ်ကတော့ မရေမရာဖြစ်နေဆဲဖြစ်ပြီး

စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဆွေးနွေးမှုတွေကလည်း
တိုးတက်မှုမရှိဘဲ တန့်နေပါတယ်။
ယခုတစ်ပတ်အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ
အာဆင်နယ်ဟာ လာကာဇက်ကို ၁နှစ်စာချုပ်သစ်
ချုပ်ဆိုဖို့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပေမယ့်

နည်းပြအာတီတာကတော့ ရာသီကုန်ချိန်ကျမှသာ
ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ယခင်က ပြောထားပါတယ်။
SPORT သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ
အာဆင်နယ်မှာ လာကာဇက် အနာဂတ်မသေမချာဖြစ်နေမှုကို
အခွင့်ကောင်းယူပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့

ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
တကယ်လို့ အဲဒီအတိုင်းသာဖြစ်လာမယ်ဆိုရင် နူးကမ့်မှာ
အာဆင်နယ်တိုက်စစ်တွဲလုံးဟောင်းကို မြင်တွေ့ရမှာဖြစ်ပြီး
ဇန်နဝါရီလက ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့
ရောက်ရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်းက

ဘာစီလိုနာအတွက် ၁၁ပွဲမှာ ၉ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။
အဲဒီသတင်းဌာနရဲ့ ဆက်လက်ဖော်ပြချက်အရ ဘာစီလိုနာရဲ့ပစ်မှတ်စာရင်းထဲမှာ
လီဗာပူးကြယ်ပွင့် ဆာလာ၊ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့
ဒေါ့မွန်လူငယ်ကြယ်ပွင့် ဟာလန်းတို့လည်း ပါဝင်နေပေမယ့်
လာကာဇက်ကို အလွတ်နဲ့ရမှာကြောင့် ဘဏ္ဍာရေးအရ ပိုအဆင်ပြေနိုင်ပါတယ်။

လာကာဇက်ဟာ အာဆင်နယ်မှာ အူဘာမီယန်း
အဆင်မပြေဖြစ်ခဲ့တဲ့အချိန်ကတည်းက ပရီးမီးယားလိဂ်မှာ
၁၄ပွဲဆက် ပါဝင်ခွင့်ရထားပြီး အဲဒီကာလအတွင်း
၃ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ပေးထားပါတယ်။
ဘာစီလိုနာအတွက် ပြိုင်ဘက်အဖြစ် လာကာဇက်ရဲ့

အသင်းဟောင်း လီယွန်ကလည်း ပြင်သစ်လက်ရွေးစင်ဟောင်းကို
ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi

ႏူးကမ့္မွာ အာဆင္နယ္တုိက္စစ္တြဲလုံးေဟာင္းကို ပုံေဖာ္ဖို႔ စိတ္၀င္စားေနတဲ့ ဘာစီလိုနာ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ
လာမယ့္ေႏြရာသီမွာ အာဆင္နယ္တိုက္စစ္မွဴး လာကာဇက္ကို
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
လာကာဇက္ဟာ လက္ရွိအခ်ိန္မွာ ပုံမွန္ပြဲထြက္ခြင့္ရေနသလုိ

အသင္းေခါင္းေဆာင္အျဖစ္ပါ ခန္႔အပ္ခံထားရေပမယ့္
သူ႕ရဲ႕အနာဂတ္ကေတာ့ မေရမရာျဖစ္ေနဆဲျဖစ္ၿပီး
စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ ေဆြးေႏြးမႈေတြကလည္း
တိုးတက္မႈမရွိဘဲ တန္႔ေနပါတယ္။
ယခုတစ္ပတ္အေစာပိုင္းက ထြက္ေပၚခဲ့တဲ့သတင္းေတြအရ

အာဆင္နယ္ဟာ လာကာဇက္ကို ၁ႏွစ္စာခ်ဳပ္သစ္
ခ်ဳပ္ဆုိဖို႔ ကမ္းလွမ္းဖြယ္ရွိေနတယ္လုိ႔ သိရေပမယ့္
နည္းျပအာတီတာကေတာ့ ရာသီကုန္ခ်ိန္က်မွသာ
ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမယ္လုိ႔ ယခင္က ေျပာထားပါတယ္။
SPORT သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာဟာ

အာဆင္နယ္မွာ လာကာဇက္ အနာဂတ္မေသမခ်ာျဖစ္ေနမႈကို
အခြင့္ေကာင္းယူၿပီး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔
ေခၚယူဖို႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
တကယ္လုိ႔ အဲဒီအတုိင္းသာျဖစ္လာမယ္ဆိုရင္ ႏူးကမ့္မွာ
အာဆင္နယ္တုိက္စစ္တြဲလုံးေဟာင္းကို ျမင္ေတြ႕ရမွာျဖစ္ၿပီး

ဇန္န၀ါရီလက ဘာစီလုိနာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔
ေရာက္ရွိခဲ့တ့ဲ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း အူဘာမီယန္းက
ဘာစီလုိနာအတြက္ ၁၁ပြဲမွာ ၉ဂိုးသြင္းယူကာ ေျခစြမ္းျပေနပါတယ္။
အဲဒီသတင္းဌာနရဲ႕ ဆက္လက္ေဖာ္ျပခ်က္အရ ဘာစီလိုနာရဲ႕ပစ္မွတ္စာရင္းထဲမွာ
လီဗာပူးၾကယ္ပြင့္ ဆာလာ၊ ဘုိင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးနဲ႔

ေဒါ့မြန္လူငယ္ၾကယ္ပြင့္ ဟာလန္းတုိ႔လည္း ပါ၀င္ေနေပမယ့္
လာကာဇက္ကို အလြတ္နဲ႔ရမွာေၾကာင့္ ဘ႑ာေရးအရ ပိုအဆင္ေျပႏိုင္ပါတယ္။
လာကာဇက္ဟာ အာဆင္နယ္မွာ အူဘာမီယန္း
အဆင္မေျပျဖစ္ခဲ့တဲ့အခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ
၁၄ပဲြဆက္ ပါ၀င္ခြင့္ရထားၿပီး အဲဒီကာလအတြင္း

၃ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၇ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
ဘာစီလုိနာအတြက္ ၿပိဳင္ဘက္အျဖစ္ လာကာဇက္ရဲ႕
အသင္းေဟာင္း လီယြန္ကလည္း ျပင္သစ္လက္ေရြးစင္ေဟာင္းကို
ျပန္လည္ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။