နူးကမ့်ကွင်းကို နှစ်အတော်ကြာ စွန့်ခွာရဖို့ရှိတယ်လို့ အသင်းဥက္ကဌလာပေါ်တာကအတည်ပြု

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့နူးကမ့်ကွင်းကို

ပြန်လည်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်

နှစ်အတော်ကြာ စွန့်ခွာရဖို့ရှိတယ်လို့ အသင်းဥက္ကဌလာပေါ်တာကအတည်ပြုလိုက်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ နူးကမ့်ကွင်းပြုပြင်ရေးလုပ်ငန်းတွေကို

လာမယ့်၂၀၂၂ ခုနှစ်မှာစတင်သွားဖို့ရှိနေပြီး (၄)နှစ်လောက်အထိအချိန်ယူရမယ့်အနေအထားပါပဲ။

ဘာစီလိုနာအသင်းရဲ့စီမံကိန်းတွေထဲမှာ နူးကမ့်ကွင်းအတွင်းထိုင်ခုံအရေအတွက်

(၁၁,၀၀၀)တိုးချဲ့သွားမှာဖြစ်တာကြောင့် စုစုပေါင်းပရိသတ်(၁၁၀,၀၀၀)အထိ

ဝင်ဆံ့မယ့်ကွင်းဖြစ်လာမယ့်အပြင်ကွင်းပတ်ပတ်လည်က ကလပ်အသင်းစတိုးဆိုင်နဲ့၊

အထိမ်းအမှတ်ပြခန်းကိုလည်းပြန်လည်ပြင်ဆင်မွမ်းမံသွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းကြီးအထမြောက်ဖို့အတွက် အရေးကြီးဆုံးအချက်က

ဘာစီလိုနာအသင်း ချေးငွေရရှိဖို့ပါပဲ။ အခုလောလောဆယ်ဘာစီလိုနာအသင်းဟာ

ချေးငွေရဖို့အတွက် ရင်းနှီးမြုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့

Goldman Sachs နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းထွက်နေပြီးချေးငွေအဖြစ်

ပေါင်(၁.၂၇)ဘီလီယံအထိရရှိသွားဖို့ရှိနေပါတယ်။

နူးကမ့်ကွင်းပြန်လည်တည်ဆောက်ရေးကိစ္စက ချေးငွေရရှိမှုအပေါ်မူတည်နေပေမယ့်

ဘုတ်အဖွဲ့တာဝန်ရှိသူတွေကတော့ ဒီစီမံကိန်းစတင်ဖို့ အားလုံးသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၂၀-၂၁ ရာသီမှာ ပေါင်(၄၀၈)သန်းအရှုံးပေါ်ခဲ့တယ်လို့

မကြာသေးခင်ကမှထုတ်ပြန်ကြေညာခဲ့ပေမယ့် အခု နူးကမ့်ကွင်းပြန်လည်တည်ဆောက်ရေး

စီမံကိန်း စတင်ဖို့ကြိုးပမ်းနေတာကြောင့် ဘဏ္ဍာရေးအခက်အခဲတွေကြားထဲက

အသင်းအတွက်အကောင်းဆုံးဖြစ်အောင်လာပေါ်တာ ဆောင်ရွက်နေတယ်လို့သတ်မှတ်ရမှာပါ။

လာပေါ်တာက  “နူးကမ့်ကွင်းသစ်စီမံကိန်းက အသင်းအတွက်အလားအလာကောင်းမယ့်

အဓိကစီမံကိန်းတစ်ခုဖြစ်သလို အနာဂတ်အတွက်လည်းရည်ရွယ်ပါတယ်။

ဒီစီမံကိန်းပြီးသွားရင် အသင်းအတွက် အကျိုးကျေးဇူးတွေအများကြီးရရှိမှာဖြစ်ပြီး

ကွင်းတိုးချဲ့တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဆောင်ပြီးဖြစ်တဲ့ပြိုင်ဘက်

အသင်းတွေကိုလည်း အမီလိုက်နိုင်ဖို့ရှိနေပါတယ်။ နူးကမ့်ကွင်း

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်အတွင်း

တခြားကွင်းတစ်ခုကို အိမ်ကွင်းအဖြစ်အသုံးပြုသွားမှာဖြစ်ပြီး အဖြစ်နိုင်ဆုံးကတော့

ယိုဟန်ခရိုက်ဖ်ကွင်းပဲဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။ ယိုဟန်ခရိုက်ဖ်ကွင်းဟာ

ဘာစီလိုနာအမျိုးသမီးအသင်းအိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့ကွင်းဖြစ်ပြီး

နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ ၁၉၉၂ အိုလံပစ်ဖွင့်ပွဲကျင်းပခဲ့တဲ့

Montjuic Stadium ကို အသုံးပြုသွားဖို့ပဲဖြစ်ပါတယ်။ နူးကမ့်ကွင်းကို

၁၉၅၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့သလို

၁၉၉၅၊ ၂၀၀၈၊ ၂၀၁၈ ခုနှစ်တွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေပြုလုပ်ခဲ့ရပါတယ်။

ပရိသတ်အရေအတွက်(၉၉,၃၅၄)ဦးဝင်ဆံ့တဲ့ နူးကမ့်ကွင်းဟာ

ဥရောပမှာအကြီးမားဆုံးကွင်းအဖြစ်သတ်မှတ်ခံထားရသလို ကမ္ဘာပေါ်မှာ စတုတ္ထမြောက်

အကြီးဆုံးကွင်းအဖြစ်စာရင်းဝင်နေတာလည်းဖြစ်ပါတယ်။

zawgyi

ႏူးကမ့္ကြင္းကို ႏွစ္အေတာ္ၾကာ စြန႔္ခြာရဖို႔ရွိတယ္လို႔ အသင္းဥကၠဌလာေပၚတာကအတည္ျပဳ

ဘာစီလိုနာအသင္းဟာ အိမ္ကြင္းအျဖစ္အသုံးျပဳေနတဲ့ႏူးကမ့္ကြင္းကို

ျပန္လည္တိုးခ်ဲ႕တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ေဆာင္သြားမွာျဖစ္တဲ့အတြက္

ႏွစ္အေတာ္ၾကာ စြန႔္ခြာရဖို႔ရွိတယ္လို႔ အသင္းဥကၠဌလာေပၚတာကအတည္ျပဳလိုက္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ႏူးကမ့္ကြင္းျပဳျပင္ေရးလုပ္ငန္းေတြကို

လာမယ့္၂၀၂၂ ခုႏွစ္မွာစတင္သြားဖို႔ရွိေနၿပီး (၄)ႏွစ္ေလာက္အထိအခ်ိန္ယူရမယ့္အေနအထားပါပဲ။

ဘာစီလိုနာအသင္းရဲ႕စီမံကိန္းေတြထဲမွာ ႏူးကမ့္ကြင္းအတြင္းထိုင္ခုံအေရအတြက္

(၁၁,၀၀၀)တိုးခ်ဲ႕သြားမွာျဖစ္တာေၾကာင့္ စုစုေပါင္းပရိသတ္(၁၁၀,၀၀၀)အထိ

ဝင္ဆံ့မယ့္ကြင္းျဖစ္လာမယ့္အျပင္ကြင္းပတ္ပတ္လည္က ကလပ္အသင္းစတိုးဆိုင္နဲ႔၊

အထိမ္းအမွတ္ျပခန္းကိုလည္းျပန္လည္ျပင္ဆင္မြမ္းမံသြားမွာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီစီမံကိန္းႀကီးအထေျမာက္ဖို႔အတြက္ အေရးႀကီးဆုံးအခ်က္က

ဘာစီလိုနာအသင္း ေခ်းေငြရရွိဖို႔ပါပဲ။ အခုေလာေလာဆယ္ဘာစီလိုနာအသင္းဟာ

ေခ်းေငြရဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံမႈဘဏ္တစ္ခုျဖစ္တဲ့

Goldman Sachs နဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သတင္းထြက္ေနၿပီးေခ်းေငြအျဖစ္

ေပါင္(၁.၂၇)ဘီလီယံအထိရရွိသြားဖို႔ရွိေနပါတယ္။

ႏူးကမ့္ကြင္းျပန္လည္တည္ေဆာက္ေရးကိစၥက ေခ်းေငြရရွိမႈအေပၚမူတည္ေနေပမယ့္

ဘုတ္အဖြဲ႕တာဝန္ရွိသူေတြကေတာ့ ဒီစီမံကိန္းစတင္ဖို႔ အားလုံးသေဘာတူညီခဲ့ၿပီးျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၂၀၂၀-၂၁ ရာသီမွာ ေပါင္(၄၀၈)သန္းအရႈံးေပၚခဲ့တယ္လို႔

မၾကာေသးခင္ကမွထုတ္ျပန္ေၾကညာခဲ့ေပမယ့္ အခု ႏူးကမ့္ကြင္းျပန္လည္တည္ေဆာက္ေရး

စီမံကိန္း စတင္ဖို႔ႀကိဳးပမ္းေနတာေၾကာင့္ ဘ႑ာေရးအခက္အခဲေတြၾကားထဲက

အသင္းအတြက္အေကာင္းဆုံးျဖစ္ေအာင္လာေပၚတာ ေဆာင္႐ြက္ေနတယ္လို႔သတ္မွတ္ရမွာပါ။

လာေပၚတာက  “ႏူးကမ့္ကြင္းသစ္စီမံကိန္းက အသင္းအတြက္အလားအလာေကာင္းမယ့္

အဓိကစီမံကိန္းတစ္ခုျဖစ္သလို အနာဂတ္အတြက္လည္းရည္႐ြယ္ပါတယ္။

ဒီစီမံကိန္းၿပီးသြားရင္ အသင္းအတြက္ အက်ိဳးေက်းဇူးေတြအမ်ားႀကီးရရွိမွာျဖစ္ၿပီး

ကြင္းတိုးခ်ဲ႕တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ေဆာင္ၿပီးျဖစ္တဲ့ၿပိဳင္ဘက္

အသင္းေတြကိုလည္း အမီလိုက္ႏိုင္ဖို႔ရွိေနပါတယ္။ ႏူးကမ့္ကြင္း

ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြေဆာင္႐ြက္ေနခ်ိန္အတြင္း

တျခားကြင္းတစ္ခုကို အိမ္ကြင္းအျဖစ္အသုံးျပဳသြားမွာျဖစ္ၿပီး အျဖစ္ႏိုင္ဆုံးကေတာ့

ယိုဟန္ခ႐ိုက္ဖ္ကြင္းပဲျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။ ယိုဟန္ခ႐ိုက္ဖ္ကြင္းဟာ

ဘာစီလိုနာအမ်ိဳးသမီးအသင္းအိမ္ကြင္းအျဖစ္အသုံးျပဳေနတဲ့ကြင္းျဖစ္ၿပီး

ေနာက္ထပ္ေ႐ြးခ်ယ္စရာတစ္ခုကေတာ့ ၁၉၉၂ အိုလံပစ္ဖြင့္ပြဲက်င္းပခဲ့တဲ့

Montjuic Stadium ကို အသုံးျပဳသြားဖို႔ပဲျဖစ္ပါတယ္။ ႏူးကမ့္ကြင္းကို

၁၉၅၄ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၅၇ ခုႏွစ္မွာစတင္ဖြင့္လွစ္ခဲ့သလို

၁၉၉၅၊ ၂၀၀၈၊ ၂၀၁၈ ခုႏွစ္ေတြမွာ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြျပဳလုပ္ခဲ့ရပါတယ္။

ပရိသတ္အေရအတြက္(၉၉,၃၅၄)ဦးဝင္ဆံ့တဲ့ ႏူးကမ့္ကြင္းဟာ

ဥေရာပမွာအႀကီးမားဆုံးကြင္းအျဖစ္သတ္မွတ္ခံထားရသလို ကမာၻေပၚမွာ စတုတၳေျမာက္

အႀကီးဆုံးကြင္းအျဖစ္စာရင္းဝင္ေနတာလည္းျဖစ္ပါတယ္။