နူးကမ့်ကွင်းကနေ ကားနဲ့ထွက်ခွာရာမှာ ဒေါသထွက်နေတဲ့ဘာစီလိုနာပရိသတ်တွေရဲ့ဝိုင်းအုံခြင်းကို ခံခဲ့တဲ့ ကိုးမန်း

အယ်ကလက်စီကိုရှုံးပွဲအပြီး နူးကမ့်ကွင်းကနေ ကားနဲ့ထွက်ခွာရာမှာ

ဒေါသထွက်နေတဲ့ဘာစီလိုနာပရိသတ်တွေရဲ့ဝိုင်းအုံခြင်းကို ခံခဲ့ရလို့

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းတစ်ယောက် အခက်အခဲဖြစ်ခဲ့ရပါသေးတယ်။

အဲဒီနယ်သာလန်သားနည်းပြဟာ ဘာစီလိုနာရဲ့ရာသီတာထွက်ဆိုးအတွက်

အသင်းပရိသတ်အများစုရဲ့ပြစ်တင်ဝေဖန်ခြင်းကို ခံနေရတာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေညက နူးကမ့်မှာ ရီးရဲလ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တာကလည်း

သူ့ရဲ့ဘာစီလိုနာနည်းပြဘ၀ ၃ ပွဲဆက် အယ်ကလက်စီကိုအရှုံးဖြစ်ခဲ့ပါတယ်။

ကိုးမန်းဟာ ပွဲအပြီး နူးကမ့်ကနေ ကားမောင်းထွက်ခွာရာမှာ ကစားသမားတွေကို

ဓာတ်ပုံရိုက်ဖို့စောင့်နေတဲ့ ပရိသတ်အုပ်စုတစ်ခုနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။

အဲဒီထဲက အများစုကတော့ ကိုးမန်းရဲ့ရှေ့မှာ ဆယ်လ်ဖီဆွဲတာပဲ

လုပ်တာဖြစ်လို့ အန္တရာယ်မပေးခဲ့ပေမယ့် တချို့က ကားဘောနက်အဖုံးကို

ထုရိုက်ခဲ့သလို တချို့ကလည်း ဆဲဆိုမှုတွေလုပ်ခဲ့ပါတယ်။

အုပ်စုလိုက်ရန်ပြုခြင်းမရှိခဲ့လို့သာ ၅၈ နှစ်အရွယ် အဲဒီဘာစီလိုနာနည်းပြဟာ

ဘေးကင်းစွာနဲ့ ထွက်ခွာနိုင်ခဲ့တာပါ။ အဲဒီဖြစ်ရပ်အပြီးမှာ ဘာစီလိုနာဟာ

အသင်းပရိသတ်တွေရဲ့ဒီလုပ်ရပ်ကို ရှုပ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ညက ရှုံးပွဲကြောင့် ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားမှာ

အဆင့် ၉ နေရာအထိ ဆင်းပေးလိုက်ရပါတယ်။

ဘာစီလိုနာဟာ နောက်ဆုံးကစားခဲ့တဲ့လာလီဂါ ၆ ပွဲမှာ ၂ ပွဲသာအနိုင်ရခဲ့ပြီး

ချန်ပီယံလိဂ်မှာ အုပ်စု ၃ ပွဲကစားပြီးရာမှာ ၃ မှတ်သာရထားပြီး သွင်းဂိုး ၁ ဂိုးသာ ရထားပါတယ်။

အဲဒါကြောင့်လည်း နည်းပြရော်နယ်ကိုးမန်းအပေါ်မှာ ဖိအားတွေ ပိုမိုကျရောက်နေပြီး

အသင်းပရိသတ်တွေက နည်းပြအပြောင်းအလဲ အမြန်ဆုံးလုပ်စေချင်နေကြပါတယ်။

zawgyi

ႏူးကမ့္ကြင္းကေန ကားနဲ႔ထြက္ခြာရာမွာ ေဒါသထြက္ေနတဲ့ဘာစီလိုနာပရိသတ္ေတြရဲ႕ဝိုင္းအုံျခင္းကို ခံခဲ့တဲ့ ကိုးမန္း

အယ္ကလက္စီကိုရႈံးပြဲအၿပီး ႏူးကမ့္ကြင္းကေန ကားနဲ႔ထြက္ခြာရာမွာ

ေဒါသထြက္ေနတဲ့ဘာစီလိုနာပရိသတ္ေတြရဲ႕ဝိုင္းအုံျခင္းကို ခံခဲ့ရလို႔

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းတစ္ေယာက္ အခက္အခဲျဖစ္ခဲ့ရပါေသးတယ္။

အဲဒီနယ္သာလန္သားနည္းျပဟာ ဘာစီလိုနာရဲ႕ရာသီတာထြက္ဆိုးအတြက္

အသင္းပရိသတ္အမ်ားစုရဲ႕ျပစ္တင္ေဝဖန္ျခင္းကို ခံေနရတာပါ။

ၿပီးခဲ့တဲ့တနဂၤေႏြညက ႏူးကမ့္မွာ ရီးရဲလ္ကို ၂-၁ နဲ႔ရႈံးနိမ့္ခဲ့တာကလည္း

သူ႔ရဲ႕ဘာစီလိုနာနည္းျပဘ၀ ၃ ပြဲဆက္ အယ္ကလက္စီကိုအရႈံးျဖစ္ခဲ့ပါတယ္။

ကိုးမန္းဟာ ပြဲအၿပီး ႏူးကမ့္ကေန ကားေမာင္းထြက္ခြာရာမွာ ကစားသမားေတြကို

ဓာတ္ပုံ႐ိုက္ဖို႔ေစာင့္ေနတဲ့ ပရိသတ္အုပ္စုတစ္ခုနဲ႔ ထိပ္တိုက္ေတြ႕ခဲ့တာပါ။

အဲဒီထဲက အမ်ားစုကေတာ့ ကိုးမန္းရဲ႕ေရွ႕မွာ ဆယ္လ္ဖီဆြဲတာပဲ

လုပ္တာျဖစ္လို႔ အႏၲရာယ္မေပးခဲ့ေပမယ့္ တခ်ိဳ႕က ကားေဘာနက္အဖုံးကို

ထု႐ိုက္ခဲ့သလို တခ်ိဳ႕ကလည္း ဆဲဆိုမႈေတြလုပ္ခဲ့ပါတယ္။

အုပ္စုလိုက္ရန္ျပဳျခင္းမရွိခဲ့လို႔သာ ၅၈ ႏွစ္အ႐ြယ္ အဲဒီဘာစီလိုနာနည္းျပဟာ

ေဘးကင္းစြာနဲ႔ ထြက္ခြာႏိုင္ခဲ့တာပါ။ အဲဒီျဖစ္ရပ္အၿပီးမွာ ဘာစီလိုနာဟာ

အသင္းပရိသတ္ေတြရဲ႕ဒီလုပ္ရပ္ကို ရႈပ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

မေန႔ညက ရႈံးပြဲေၾကာင့္ ဘာစီလိုနာဟာ လာလီဂါအမွတ္ေပးဇယားမွာ

အဆင့္ ၉ ေနရာအထိ ဆင္းေပးလိုက္ရပါတယ္။

ဘာစီလိုနာဟာ ေနာက္ဆုံးကစားခဲ့တဲ့လာလီဂါ ၆ ပြဲမွာ ၂ ပြဲသာအႏိုင္ရခဲ့ၿပီး

ခ်န္ပီယံလိဂ္မွာ အုပ္စု ၃ ပြဲကစားၿပီးရာမွာ ၃ မွတ္သာရထားၿပီး သြင္းဂိုး ၁ ဂိုးသာ ရထားပါတယ္။

အဲဒါေၾကာင့္လည္း နည္းျပေရာ္နယ္ကိုးမန္းအေပၚမွာ ဖိအားေတြ ပိုမိုက်ေရာက္ေနၿပီး

အသင္းပရိသတ္ေတြက နည္းျပအေျပာင္းအလဲ အျမန္ဆုံးလုပ္ေစခ်င္ေနၾကပါတယ္။