နူးကမ့်ကို မက်ဆီပြန်ရောက်လာပြီး လီဝန်ဒေါစကီးနဲ့အစေးမကပ်မှာကို အစိုးရိမ်ကြီးနေတဲ့ ဇာဗီး
မက်ဆီဟာ ဒီရာသီမှာပီအက်စ်ဂျီနဲ့အတူ အမြင့်ဆုံးခြေစွမ်းပြသနေပေမဲ့ ရာသီကုန်မှာ ပဲရစ်ကလပ်နဲ့ သက်တမ်းပြည့်တော့မှာဖြစ်ပြီး စာချုပ်သစ်ဖြစ်မလာခဲ့ရင်တော့ နူးကမ့် ပြန်ရောက်လာဖို့ရှိနေပါတယ်။
ဒီရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့အောင်မြင်မှုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်အပျက်တွေက မက်ဆီရဲ့အနာဂတ်နဲ့တိုက်ရိုက် အချိုးကျဖို့ ရှိနေတာဖြစ်တယ်။ တစ်ဖက်မှာတော့
ဘာစီလိုနာနည်းပြဇာဗီးဟာ နူးကမ့်ကို မက်ဆီ ပြန်ရောက်လာနိုင်ခြေနဲ့ပတ်သတ်ပြီး အစိုးရိမ်ကြီးနေပုံရပါတယ်။ လက်ရှိဘာစီလိုနာ တိုက်စစ်မှာ လီဝန်ဒေါစကီးကပုံမှန်
ဂိုးသွင်းစက်ဖြစ်နေပြီး ဖာရန်တောရက်စ်၊ အန်ဆုဖာတီ၊ ဒမ်ဘီလီ၊ ဒီပေးနဲ့ ရာဖင်ဟာတို့လို တိုက်စစ်ကစားသမားတွေ အပြုံလိုက်ရှိနေလို့ မက်ဆီသာပြန်ရောက်လာရင်
ဇာဗီးတိုင်ပတ်ဖို့ရှိနေပါတယ်။ “သူ့အပေါ်ဘယ်လောက် ချစ်သလဲဆိုတာ ခင်ဗျားတို့သိပါတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူအကောင်းဆုံးဖြစ်ဖို့ အမြဲတမ်းဆုတောင်းပေးနေပါတယ်။
ဘာစီလိုနာက သူ့ရဲ့အိမ်ဖြစ်ပါတယ်။ ငါတို့ဘက်က အနာဂါတ်နဲ့ပတ်သတ်လို့ မက်ဆီသဘောကျအောင်ပြောပေးနေတာမဟုတ်ပါဘူး။ သူ့ရဲ့အချိန်တွေကို ပဲရစ်မှာ အကောင်းဆုံးဖြတ်သန်းပြီး
အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။ ဇာဗီးရဲ့ပုံစံက မက်ဆီကိုပီအက်စ်ဂျီမှာသာ ဆက်ကစားစေချင်တဲ့ပုံစံဖြစ်ပြီး
ဘာစီလိုနာကိုပြန်လာနိုင်တဲ့အခြေအနေအပေါ် မှာတော့ စိုးရိမ်စိတ်ရှိနေပုံရပါတယ်။
(Zawgyi)
မက်ဆီဟာ ဒီရာသီမှာပီအက်စ်ဂျီနဲ့အတုအမြင့်ဆုံးခြေစွမ်းပြသနေပေမဲ့ ရာသီကုန်မှာ ပဲရစ်ကလပ်နဲ့သက်တမ်းပြည့်တော့မှာဖြစ်ပြီး စာချုပ်သစ်ဖြစ်မလာခဲ့ရင်တော့ နူးကမ့် ပြန်ရောက်လာဖို့ရှိနေပါတယ်။
ဒီရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့အောင်မြင်မှုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်အပျက်တွေက မက်ဆီရဲ့အနာဂါတ်နဲ့တိုက်ရိုက်အချိုးကျဖို့ ရှိနေတာဖြစ်တယ်။ တဖက်မှာတော့
ဂိုးသွင်းစက်ဖြစ်နေပြီး ဖာရန်တောရက်စ်၊ အန်ဆုဖာတီ၊ ဒမ်ဘီလီ၊ ဒီပေးနဲ့ ရာဖင်ဟာတို့လို တိုက်စစ်ကစားသမားတွေ အပြုံလိုက်ရှိနေလို့ မက်ဆီသာပြန်ရောက်လာရင် ဇာဗီတိုင်ပတ်ဖို့ရှိနေပါတယ်။