
ဘိုင်ယန်မြူးနစ်ဥက္ကဌ ဟားဘတ်ဟိုင်နာကတော့ အခြားသော





အသင်းတာဝန်ရှိသူတွေနည်းတူ အငြင်းပွားဖွယ်ရာ အင်တာဗျူးလုပ်ခဲ့တဲ့
ဂိုးသမား နူအာကို ပြစ်တင်လိုက်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နဲ့





ရော်နယ်ဒိုတို့အဖြစ်အပျက်အတိုင်း စာချုပ်ဖျက်သိမ်းဖို့တော့မရှိဘူးလို့
ပြောဆိုလိုက်တာဖြစ်တယ်။ ဂျာမန်သတင်းစာ Suddeutsche Zeitung နဲ့
တွေ့ဆုံမှုမှာ ဂိုးနည်းပြတာပါလိုဗစ်နဲ့လမ်းခွဲခဲ့တဲ့ ကလပ်ရဲ့ဆုံးဖြတ်ချက်ကို





စိတ်ပျက်မိတယ်လို့ နူအာက လူသိရှင်ကြားဝေဖန်လိုက်တာပါ။
နူအာနဲ့ တာပါလိုဗစ်တို့ဟာ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြသလို





နည်းပြအဖွဲ့ဝင်တွေရဲ့တွေ့ဆုံဆွေးနွေးမှုတိုင်းကို တာပါလိုဗစ်က
ဂျာမန်ဂိုးသမားဆီဖောက်သည်ပြန်ချခဲ့တာကြောင့် ဘိုင်ယန်ဘက်က
လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။ အသင်းအပေါ်





ပြောင်ပြောင်တင်းတင်းဝေဖန်ခဲ့တဲ့ နူအာကို ဘိုင်ယန်ဂန္တဝင်အများစုက
ဆက်တိုက်ပြစ်တင်ခဲ့သလို အနာဂတ်အသင်းခေါင်းဆောင်အတွက်





မေးခွန်းထုတ်စရာတွေရှိလာပြီလို့ လိုသာမာသီးယက်စ်က ပြောဆိုခဲ့ပါတယ်။
အသင်းစီအီးအိုဖြစ်တဲ့ အိုလီဗာခန်းကလည်း နူအာရဲ့မှတ်ချက်တွေနဲ့
ပက်သတ်လို့ သူတို့ဘက်ကပြောဆိုမှုတွေပြုလုပ်မယ်လို့





အသိပေးထားတာဖြစ်တယ်။ Marca သတင်းစာနဲ့တွေ့ဆုံမှုမှာတော့
ဘိုင်ယန်မြူးနစ်ဥက္ကဌဟားဘတ်ဟိုင်နာက “နူအာက ကျွန်တော်တို့ကို





တိုက်ရိုက်ဆက်သွယ်ဖို့မတောင်းဆိုဘဲနဲ့ မီဒီယာတွေဘက်ကို
လှည့်သွားခဲ့တာက စိတ်ပျက်ဖို့ကောင်းပါတယ်။ အသင်းရဲ့ကြီးကျယ်တဲ့
ကစားသမားတစ်ယောက်အဖြစ်ရှိခဲ့တဲ့ နူအာဟာ ဒီပြဿနာကို





ကျွန်တော်တို့နဲ့အရင်ဆွေးနွေးသင့်တယ်လို့တွေးမိတဲ့အတွက်
ဒေါသထွက်တာထက်ပိုပြီးစိတ်ပျက်မိပါတယ်” လို့ ဆိုခဲ့ပါတယ်။





ဆက်လက်ပြီး ဟားဘတ်ဟိုင်နာက နူအာကိစ္စမှာ ရော်နယ်ဒိုလို
အဖြစ်အပျက်မျိုးရှိမလာနိုင်သလို အခုလိုအတွင်းရေးပြဿနာမျိုးကို
အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်တာဟာ နောက်ဆုံးမှာ





ကလပ်ကိုပိုမိုအားကောင်းစေတယ်လို့ဖွင့်ဟခဲ့ပါတယ်။
zawgyi





ႏူအာရဲ႕ေပါက္ကြဲအားျပင္းတဲ့အင္တာဗ်ဴးကိုျပစ္တင္လိုက္ေပမဲ့ ေရာ္နယ္ဒိုလိုေတာ့စာခ်ဳပ္ဖ်က္သိမ္းမွာမဟုတ္ဘူးလို႔ ဘိုင္ယန္ဥကၠဌ ေျပာဆို
ဘိုင္ယန္ျမဴးနစ္ဥကၠဌ ဟားဘတ္ဟိုင္နာကေတာ့ အျခားေသာ
အသင္းတာဝန္ရွိသူေတြနည္းတူ အျငင္းပြားဖြယ္ရာ အင္တာဗ်ဴးလုပ္ခဲ့တဲ့





ဂိုးသမား ႏူအာကို ျပစ္တင္လိုက္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္နဲ႔
ေရာ္နယ္ဒိုတို႔အျဖစ္အပ်က္အတိုင္း စာခ်ဳပ္ဖ်က္သိမ္းဖို႔ေတာ့မရွိဘူးလို႔





ေျပာဆိုလိုက္တာျဖစ္တယ္။ ဂ်ာမန္သတင္းစာ Suddeutsche Zeitung နဲ႔
ေတြ႕ဆုံမႈမွာ ဂိုးနည္းျပတာပါလိုဗစ္နဲ႔လမ္းခြဲခဲ့တဲ့ ကလပ္ရဲ႕ဆုံးျဖတ္ခ်က္ကို
စိတ္ပ်က္မိတယ္လို႔ ႏူအာက လူသိရွင္ၾကားေဝဖန္လိုက္တာပါ။





ႏူအာနဲ႔ တာပါလိုဗစ္တို႔ဟာ အလြန္ရင္းႏွီးတဲ့ဆက္ဆံေရးရွိၾကသလို
နည္းျပအဖြဲ႕ဝင္ေတြရဲ႕ေတြ႕ဆုံေဆြးေႏြးမႈတိုင္းကို တာပါလိုဗစ္က





ဂ်ာမန္ဂိုးသမားဆီေဖာက္သည္ျပန္ခ်ခဲ့တာေၾကာင့္ ဘိုင္ယန္ဘက္က
လမ္းခြဲဖို႔ဆုံးျဖတ္လိုက္တာျဖစ္တယ္။ အသင္းအေပၚ
ေျပာင္ေျပာင္တင္းတင္းေဝဖန္ခဲ့တဲ့ ႏူအာကို ဘိုင္ယန္ဂႏၲဝင္အမ်ားစုက





ဆက္တိုက္ျပစ္တင္ခဲ့သလို အနာဂတ္အသင္းေခါင္းေဆာင္အတြက္
ေမးခြန္းထုတ္စရာေတြရွိလာၿပီလို႔ လိုသာမာသီးယက္စ္က ေျပာဆိုခဲ့ပါတယ္။





အသင္းစီအီးအိုျဖစ္တဲ့ အိုလီဗာခန္းကလည္း ႏူအာရဲ႕မွတ္ခ်က္ေတြနဲ႔
ပက္သတ္လို႔ သူတို႔ဘက္ကေျပာဆိုမႈေတြျပဳလုပ္မယ္လို႔
အသိေပးထားတာျဖစ္တယ္။ Marca သတင္းစာနဲ႔ေတြ႕ဆုံမႈမွာေတာ့





ဘိုင္ယန္ျမဴးနစ္ဥကၠဌဟားဘတ္ဟိုင္နာက “ႏူအာက ကြၽန္ေတာ္တို႔ကို
တိုက္႐ိုက္ဆက္သြယ္ဖို႔မေတာင္းဆိုဘဲနဲ႔ မီဒီယာေတြဘက္ကို





လွည့္သြားခဲ့တာက စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ အသင္းရဲ႕ႀကီးက်ယ္တဲ့
ကစားသမားတစ္ေယာက္အျဖစ္ရွိခဲ့တဲ့ ႏူအာဟာ ဒီျပႆနာကို
ကြၽန္ေတာ္တို႔နဲ႔အရင္ေဆြးေႏြးသင့္တယ္လို႔ေတြးမိတဲ့အတြက္





ေဒါသထြက္တာထက္ပိုၿပီးစိတ္ပ်က္မိပါတယ္” လို႔ ဆိုခဲ့ပါတယ္။
ဆက္လက္ၿပီး ဟားဘတ္ဟိုင္နာက ႏူအာကိစၥမွာ ေရာ္နယ္ဒိုလို





အျဖစ္အပ်က္မ်ိဳးရွိမလာႏိုင္သလို အခုလိုအတြင္းေရးျပႆနာမ်ိဳးကို
အေကာင္းဆုံးကိုင္တြယ္ေျဖရွင္းႏိုင္တာဟာ ေနာက္ဆုံးမွာ
ကလပ္ကိုပိုမိုအားေကာင္းေစတယ္လို႔ဖြင့္ဟခဲ့ပါတယ္။




