နူနက်ဇ်သာ မန်စီးတီးမှာဆိုရင် ဟာလန်းထက် ဂိုးတွေ ပိုသွင်းနိုင်တယ် ဆိုတဲ့ ကလော့ပ်

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်သာ မန်စီးတီးမှာ ကစားခွင့်ရခဲ့မယ်ဆိုရင် အခုလောက်ဆို ဟာလန်းထက် ဂိုးတွေ ပိုသွင်းထားနိုင်လောက်နေပြီလို့ လီဗာပူး နည်းပြ ဂျာဂင်ကလော့ပ်က မန်စီးတီးနဲ့ပွဲစဉ်မတိုင်ခင်မှာ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးမှာက တိုက်စစ်အားသန် ကွင်းလယ်လူတွေအများကြီး ရှိနေသလို ပံ့ပိုးပေးနိုင်စွမ်း မြင့်မားတာကြောင့် နူနက်ဇ်ကို ဟာလန်းနဲ့ မခိုင်းနှိုင်း သင့်ဘူးလို့ ကလော့ပ်က ယူဆနေပါတယ်။

‘’ကျွန်တော့်ကို ဒီလိုမျိုး ပြောခွင့် ပြုဗျာ။ ဒီရာသီမှာ သူဟာ မန်စီးတီးရဲ့ ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားခဲ့မယ် ဆိုရင် ဂိုးတွေ ပိုပြီး သွင်းထားနိုင်မှာပါ။

ဒီလို အခြေအနေမျိုးထဲမှာ သူ့ကို ကျွန်တော်တို့ အသုံးချနိုင်ဖို့အတွက် လုပ်ရပါမယ်’’ လို့ ကလော့ပ်က မန်စီးတီးနဲ့ ပွဲစဉ်အတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

နောက်ပြီး ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ သူ့ကိုယ်သူ ဟာလန်းနဲ့ နှိုင်း ယှဉ်နေတာမျိုး မရှိဘူးလို့လည်း ဂျာမန်သား နည်းပြက ဆိုပါတယ်။ ‘’ကျွန်တော်တော့ မသိပါဘူး။

ဒါပေမဲ့ သူ့ကိုယ်သူ ဟာလန်းနဲ့ နှိုင်းယှဉ်နေတဲ့ ပုံစံ မျိုးတော့ မရှိဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ မခိုင်းနှိုင်းကြပါနဲ့။ သူလည်း ဒါမျိုး လုပ်မနေဘူးလို့ ကျွန်တော် မျှော်လင့်တယ်။ အဲဒီအတွက် တွေးမနေကြ ပါနဲ့။ ကျွန်တော်လည်း အဲဒီလို မမြင်ပါဘူး။

ကျွန်တော်တို့က ကိုယ့်အကြောင်း နဲ့ ကိုယ်ဖြစ်နေပြီး ဒီအခြေအနေကို ကျွန်တော်တို့ ဖြေရှင်းချင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်နေကြတာပါ’’ လို့ ကလော့ပ်က ပြောဆို ခဲ့ပါတယ်။

နောက်ပြီး အပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ငွေကို စိတ်ကြိုက် သုံးခွင့်ရှိနေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ သူ့ကိုလည်း မနှိုင်းယှဉ်သင့် ဘူးလို့ ကလော့ပ်က မှတ်ချက်ပြုပါတယ်။

မန်စီးတီး၊ နယူးကာဆယ်နဲ့ ပီအက်စ်ဂျီတို့လို အသင်းတွေဟာ အမြင့်ဆုံးရောက်ရမယ့်နေရာတစ်ခု သတ်မှတ်ပြီး လည်ပတ်နေကြတဲ့ အသင်းမျိုးတွေ မဟုတ်ဘဲ ပိုက်ဆံသုံးတဲ့နေရာမှာ နောက်ကို လှည့်ကြည့်စရာမလိုတဲ့ အသင်းမျိုးတွေဖြစ် တယ်လို့ ကလော့ပ်က တံဆိပ်ကပ်ခဲ့ပါတယ်။

(Zawgyi)

ႏူနက္ဇ္သာ မန္စီးတီးမွာဆိုရင္ ဟာလန္းထက္ ဂိုးေတြ ပိုသြင္းႏိုင္တယ္ ဆိုတဲ့ ကေလာ့ပ္

တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္သာ မန္စီးတီးမွာ ကစားခြင့္ရခဲ့မယ္ဆိုရင္ အခု ေလာက္ဆို ဟာလန္းထက္ ဂိုးေတြ ပိုသြင္းထားႏိုင္ေလာက္ေနၿပီလို႔ လီဗာပူး နည္းျပ ဂ်ာဂင္ကေလာ့ပ္က မန္စီးတီးနဲ႔ပြဲစဥ္မတိုင္ခင္မွာ ေျပာဆိုလိုက္ပါ တယ္။

မန္စီးတီးမွာက တိုက္စစ္အားသန္ ကြင္းလယ္လူေတြအမ်ားႀကီး ရွိေန သလို ပံ့ပိုးေပးႏိုင္စြမ္း ျမင့္မားတာေၾကာင့္ ႏူနက္ဇ္ကို ဟာလန္းနဲ႔ မခိုင္းႏႈိင္း သင့္ဘူးလို႔ ကေလာ့ပ္က ယူဆေနပါတယ္။ ‘’ကြၽန္ေတာ့္ကို ဒီလိုမ်ိဳး ေျပာခြင့္ ျပဳဗ်ာ။ ဒီရာသီမွာ သူဟာ မန္စီးတီးရဲ႕ ဗဟိုတိုက္စစ္မႉးေနရာမွာ ကစားခဲ့မယ္ ဆိုရင္ ဂိုးေတြ ပိုၿပီး သြင္းထားႏိုင္မွာပါ။

ဒီလို အေျခအေနမ်ိဳးထဲမွာ သူ႔ကို ကြၽန္ ေတာ္တို႔ အသုံးခ်ႏိုင္ဖို႔အတြက္ လုပ္ရပါမယ္’’ လို႔ ကေလာ့ပ္က မန္စီးတီးနဲ႔ ပြဲစဥ္အတြက္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

ေနာက္ၿပီး ဥ႐ုေဂြးလက္ေ႐ြးစင္တိုက္စစ္မႉးဟာ သူ႔ကိုယ္သူ ဟာလန္းနဲ႔ ႏႈိင္း ယွဥ္ေနတာမ်ိဳး မရွိဘူးလို႔လည္း ဂ်ာမန္သား နည္းျပက ဆိုပါတယ္။ ‘’ကြၽန္ ေတာ္ေတာ့ မသိပါဘူး။

ဒါေပမဲ့ သူ႔ကိုယ္သူ ဟာလန္းနဲ႔ ႏႈိင္းယွဥ္ေနတဲ့ ပုံစံ မ်ိဳးေတာ့ မရွိဘူးလို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ မခိုင္းႏႈိင္းၾကပါနဲ႔။

သူလည္း ဒါမ်ိဳး လုပ္မေနဘူးလို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ အဲဒီအတြက္ ေတြးမေနၾက ပါနဲ႔။

ကြၽန္ေတာ္လည္း အဲဒီလို မျမင္ပါဘူး။ ကြၽန္ေတာ္တို႔က ကိုယ့္အေၾကာင္း နဲ႔ ကိုယ္ျဖစ္ေနၿပီး ဒီအေျခအေနကို ကြၽန္ေတာ္တို႔ ေျဖရွင္းခ်င္ပါတယ္။

ဒီအ တြက္ ကြၽန္ေတာ္တို႔အားလုံး စိုးရိမ္ေနၾကတာပါ’’ လို႔ ကေလာ့ပ္က ေျပာဆို ခဲ့ပါတယ္။

ေနာက္ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္တိုင္းမွာ ေငြကို စိတ္ႀကိဳက္ သုံးခြင့္ရွိေနတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ သူ႔ကိုလည္း မႏႈိင္းယွဥ္သင့္ ဘူးလို႔ ကေလာ့ပ္က မွတ္ခ်က္ျပဳပါတယ္။

မန္စီးတီး၊ နယူးကာဆယ္နဲ႔ ပီအက္စ္ဂ်ီတို႔လို အသင္းေတြဟာ အျမင့္ဆုံးေရာက္ရမယ့္ေနရာတစ္ခု သတ္မွတ္ၿပီး လည္ပတ္ေနၾကတဲ့ အသင္းမ်ိဳးေတြ မဟုတ္ဘဲ ပိုက္ဆံသုံးတဲ့ေနရာမွာ ေနာက္ကို လွည့္ၾကည့္စရာမလိုတဲ့ အသင္းမ်ိဳးေတြျဖစ္ တယ္လို႔ ကေလာ့ပ္က တံဆိပ္ကပ္ခဲ့ပါတယ္။