နိုင်ပွဲရခဲ့ပေမယ့် ဒုတိယပိုင်းတွေမှာ ကစားအားကျဆင်းသွားတာကတော့ ယူနိုက်တက် ပြင်ဆင်ရမယ့် အားနည်းချက်ပါပဲ…

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကို (၁-ဝ)ဂိုးနဲ့အနိုင်ယူခဲ့ပေမယ့်

ဒုတိယပိုင်းခြေစွမ်းကတော့ အားနည်းချက်တွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲ၊ အခု လက်စတာနဲ့ပွဲမှာ ပထမပိုင်းကစားပုံကောင်းသလောက်

ဒုတိယပိုင်းကျရင် ကစားအား သိသိသာသာကျသွားတာကိုလည်း တွေ့ရတယ်။

မိနစ်(၆၀)ကျော်လာပြီဆိုရင် ယူနိုက်တက်တစ်သင်းလုံးက ခံစစ်ဘက်ကို စိတ်ယိုင်လာပြီး

ဂိုးမပေးရအောင်ပဲ ထိန်းကစားသလိုဖြစ်နေတယ်။

လက်စတာကစားသမားတွေ ရှုံးပွဲဆက်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိနေသလို

မက်ဒီဆင်၊ တိုင်လေစမန်း၊ ဗာဒီတို့လို အဓိက,ကစားသမားတွေကလည်း

ပုံမှန်ခြေစွမ်းပျောက်နေလို့သာ ယူနိုက်တက် ခံသာခဲ့ရတာပါ။

ဒါတောင် မက်ဒီဆင်ရဲ့ ဖရီးကစ်ကန်ချက်တွေက ယူနိုက်တက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး

ဒီဂီယာ လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာနောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် Clean Sheet ရခဲ့တယ်။

အဲရစ်တန်ဟက်က လီဗာပူးလ်၊ ဆောက်သမ်တန်တို့နဲ့ပွဲတုန်းက လူစာရင်းအတိုင်းပဲ

အပြောင်းအလဲမရှိ ပွဲထုတ်ခဲ့ပြီး ဒါက သိပ်တော့မဖြစ်သင့်ဘူးလို့မြင်မိတယ်။

နောက်တန်းမှာ အတွဲမိနေတဲ့ ကစားသမားတွေကို အပြောင်းအလဲမလုပ်တာက မှန်ပေမယ့်

ကွင်းလယ်မှာ ကတ်စ်မဲရိုးကို ပွဲထွက်မသုံးဘဲ တွမ်မီနေးကိုပဲ နေရာပေးတာက စိတ်ပျက်စရာပါပဲ။

နောက်ပြီး အီလန်ဂါဟာ ညာခြမ်းမှာထက် ဘယ်ခြမ်းတိုက်စစ်ကစားရတာ ပိုအားသန်တယ်ဆိုတာ

သူကိုယ်တိုင် ပွင့်ပွင့်လင်းလင်းပြောခဲ့တာတောင် အဲရစ်တန်ဟက်က ညာခြမ်းမှာပဲ ဆက်သုံးခဲ့ပြန်တယ်။

နောက်ထပ် ဝေဖန်ချင်စရာက အဲရစ်ဆင်လို No 10 Role စစ်စစ်ကစားသမားကို

Double Pivot နေရာမှာကစားစေတာက ရေရှည်အတွက် သိပ်မကောင်းဘဲ

အဲရစ်ဆင်ဟာ ခံစစ်၊ တိုက်စစ် လိုက်မကစားနိုင်တာကြောင့် ပွဲချိန်ကြာလာတာနဲ့အမျှ ကစားအားကျလာတာကို အမြဲတွေ့နေရတယ်။

ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး အဲရစ်ဆင်က ကွင်းလယ်မှာ Tempo အတင်အချလုပ်ပြီးတော့ ထိန်းကစားခဲ့သလို

ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးတွေကလည်း ထိရောက်မှုရှိခဲ့တယ်။

(၂၃)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ဆီက တိုက်စစ်လမ်းကြောင်း စတင်ခဲ့တာကနေ

ရပ်ရှ်ဖို့ဒ် အသာလေး’တို့’ပေးလိုက်တဲ့ဘောလုံးကို ဆန်ချို ဂိုးသမားကို ကျော်ဖြတ်ပြီးတော့ အပိုင်ကန်သွင်းခဲ့တာပါ။

ဒုတိယပိုင်းမှာ လက်စတာကစားပုံ ကောင်းလာပြီး ယူနိုက်တက်ဘက်ကို Pressing လုပ်နိုင်ခဲ့တာကြောင့်

ဂိုးပေးရနိုင်တဲ့အနေအထားတွေရှိခဲ့တယ်။

ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်း မိနစ်(၆၀)ကျော်လောက်အထိ ဂိုးပေါက်ကန်သွင်းမှု မယ်မယ်ရရမရှိခဲ့ဘဲ

နောက်ပိုင်းမှ စီရော်နယ်လ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့

Counter တွဲလုံးတွေကြောင့် တိုက်စစ်က အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ လက်စတာဘက်က ဂျက်စတင် အပိုင်ကန်ခွင့်ရပေမယ့် မိုးပေါ်ထောင်ကန်ခဲ့တာကြောင့်

လက်စတာတို့ (၄)ပွဲဆက်အရှုံးနဲ့ရင်ဆိုင်လိုက်ရပြီး အမှတ်ပေးဇယားအောက်ဆုံးကို ရောက်သွားခဲ့ပါတယ်။

အခုပွဲအနိုင်ရခဲ့တဲ့ ယူနိုက်တက်တို့ကတော့ (၃)ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားအဆင့်(၅)နေရာကို တက်လှမ်းနိုင်ခဲ့ပါပြီ။

zawgyi

ႏိုင္ပြဲရခဲ့ေပမယ့္ ဒုတိယပိုင္းေတြမွာ ကစားအားက်ဆင္းသြားတာကေတာ့

ယူႏိုက္တက္ ျပင္ဆင္ရမယ့္ အားနည္းခ်က္ပါပဲ…

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္စတာကို (၁-ဝ)ဂိုးနဲ႔အႏိုင္ယူခဲ့ေပမယ့္

ဒုတိယပိုင္းေျခစြမ္းကေတာ့ အားနည္းခ်က္ေတြရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲ၊ အခု လက္စတာနဲ႔ပြဲမွာ ပထမပိုင္းကစားပုံေကာင္းသေလာက္

ဒုတိယပိုင္းက်ရင္ ကစားအား သိသိသာသာက်သြားတာကိုလည္း ေတြ႕ရတယ္။

မိနစ္(၆၀)ေက်ာ္လာၿပီဆိုရင္ ယူႏိုက္တက္တစ္သင္းလုံးက ခံစစ္ဘက္ကို စိတ္ယိုင္လာၿပီး

ဂိုးမေပးရေအာင္ပဲ ထိန္းကစားသလိုျဖစ္ေနတယ္။

လက္စတာကစားသမားေတြ ရႈံးပြဲဆက္ေနတဲ့အတြက္ စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ရွိေနသလို

မက္ဒီဆင္၊ တိုင္ေလစမန္း၊ ဗာဒီတို႔လို အဓိက,ကစားသမားေတြကလည္း

ပုံမွန္ေျခစြမ္းေပ်ာက္ေနလို႔သာ ယူႏိုက္တက္ ခံသာခဲ့ရတာပါ။

ဒါေတာင္ မက္ဒီဆင္ရဲ႕ ဖရီးကစ္ကန္ခ်က္ေတြက ယူႏိုက္တက္ဂိုးေပါက္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး

ဒီဂီယာ လက္စြမ္းျပကာကြယ္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္၊ ဒီဇင္ဘာေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ (၂)ပြဲဆက္ Clean Sheet ရခဲ့တယ္။

အဲရစ္တန္ဟက္က လီဗာပူးလ္၊ ေဆာက္သမ္တန္တို႔နဲ႔ပြဲတုန္းက လူစာရင္းအတိုင္းပဲ

အေျပာင္းအလဲမရွိ ပြဲထုတ္ခဲ့ၿပီး ဒါက သိပ္ေတာ့မျဖစ္သင့္ဘူးလို႔ျမင္မိတယ္။

ေနာက္တန္းမွာ အတြဲမိေနတဲ့ ကစားသမားေတြကို အေျပာင္းအလဲမလုပ္တာက မွန္ေပမယ့္

ကြင္းလယ္မွာ ကတ္စ္မဲ႐ိုးကို ပြဲထြက္မသုံးဘဲ တြမ္မီေနးကိုပဲ ေနရာေပးတာက စိတ္ပ်က္စရာပါပဲ။

ေနာက္ၿပီး အီလန္ဂါဟာ ညာျခမ္းမွာထက္ ဘယ္ျခမ္းတိုက္စစ္ကစားရတာ ပိုအားသန္တယ္ဆိုတာ

သူကိုယ္တိုင္ ပြင့္ပြင့္လင္းလင္းေျပာခဲ့တာေတာင္ အဲရစ္တန္ဟက္က ညာျခမ္းမွာပဲ ဆက္သုံးခဲ့ျပန္တယ္။

ေနာက္ထပ္ ေဝဖန္ခ်င္စရာက အဲရစ္ဆင္လို No 10 Role စစ္စစ္ကစားသမားကို

Double Pivot ေနရာမွာကစားေစတာက ေရရွည္အတြက္ သိပ္မေကာင္းဘဲ

အဲရစ္ဆင္ဟာ ခံစစ္၊ တိုက္စစ္ လိုက္မကစားႏိုင္တာေၾကာင့္ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် ကစားအားက်လာတာကို အၿမဲေတြ႕ေနရတယ္။

ပထမပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ပြဲကို စိုးမိုးႏိုင္ခဲ့ၿပီး အဲရစ္ဆင္က ကြင္းလယ္မွာ Tempo အတင္အခ်လုပ္ၿပီးေတာ့ ထိန္းကစားခဲ့သလို

ဆန္ခ်ိဳ၊ ရပ္ရွ္ဖို႔ဒ္၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ တြဲလုံးေတြကလည္း ထိေရာက္မႈရွိခဲ့တယ္။

(၂၃)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ဆီက တိုက္စစ္လမ္းေၾကာင္း စတင္ခဲ့တာကေန

ရပ္ရွ္ဖို႔ဒ္ အသာေလး’တို႔’ေပးလိုက္တဲ့ေဘာလုံးကို ဆန္ခ်ိဳ ဂိုးသမားကို ေက်ာ္ျဖတ္ၿပီးေတာ့ အပိုင္ကန္သြင္းခဲ့တာပါ။

ဒုတိယပိုင္းမွာ လက္စတာကစားပုံ ေကာင္းလာၿပီး ယူႏိုက္တက္ဘက္ကို Pressing လုပ္ႏိုင္ခဲ့တာေၾကာင့္

ဂိုးေပးရႏိုင္တဲ့အေနအထားေတြရွိခဲ့တယ္။

ယူႏိုက္တက္အသင္းဟာ ဒုတိယပိုင္း မိနစ္(၆၀)ေက်ာ္ေလာက္အထိ ဂိုးေပါက္ကန္သြင္းမႈ မယ္မယ္ရရမရွိခဲ့ဘဲ

ေနာက္ပိုင္းမွ စီေရာ္နယ္လ္ဒို၊ ရပ္ရွ္ဖို႔ဒ္၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕

Counter တြဲလုံးေတြေၾကာင့္ တိုက္စစ္က အသက္ဝင္လာခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီးမွာ လက္စတာဘက္က ဂ်က္စတင္ အပိုင္ကန္ခြင့္ရေပမယ့္ မိုးေပၚေထာင္ကန္ခဲ့တာေၾကာင့္

လက္စတာတို႔ (၄)ပြဲဆက္အရႈံးနဲ႔ရင္ဆိုင္လိုက္ရၿပီး အမွတ္ေပးဇယားေအာက္ဆုံးကို ေရာက္သြားခဲ့ပါတယ္။

အခုပြဲအႏိုင္ရခဲ့တဲ့ ယူႏိုက္တက္တို႔ကေတာ့ (၃)ပြဲဆက္အႏိုင္နဲ႔အတူ အမွတ္ေပးဇယားအဆင့္(၅)ေနရာကို တက္လွမ္းႏိုင္ခဲ့ပါၿပီ။