နိုင်ပွဲမရမချင်း မင်းတိုကို မနားခိုင်းဘူးဆိုတဲ့ မန်ယူနည်းပြတန်ဟက်

ဘရန်ဖိုဒ်ကို ၄ ဂိုးပြတ်နဲ့ ရှုးနိမ့်ပြီးတဲ့နောက် မန်ယူရဲ့ ကစားပုံဟာ ပရမ်း ပတာတွေဖြစ်နေပြီလို ဒေါသတကြီး ပေါက်ကွဲခဲ့တဲ့ နည်းပြ အဲရစ်တန်ဟက်ဟာ အဲဒီပွဲစဉ် ပြီးရုံပဲရှိသေးတဲ့ နောက်တစ်နေ့မှာပဲ အသင်းသားတွေကို လေ့ကျင့်ခန်း ပြန်ဆင်းခိုင်းခဲ့ပါတယ်။

အမှန်တကယ်ဆိုရင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ဟာ သရဲနီ ကစားသမားတွေအားလုံး တရားဝင် အနားယူခွင့်ရှိတဲ့ နေ့ပါပဲ။ ဒါပေမဲ့ အရှက် ရဖွယ်ရာ ရှုးနိမ့်မှုနဲ့ ပတ်သက်ပြီး မချိတင်ကဲဖြစ်နေတဲ့ တန်ဟက်ဟာ အဲဒီ အနားယူရမယ့်ရက်ကို ဖျက်သိမ်းခဲ့ပြီး

ကစားသမားတွေအားလုံး တနင်္ဂနွေနေ့ မှာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာရောက် သတင်းပိုရမယ်လို အမိန့် ထုတ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် မန်ယူကစားသမားတွေဟာ အပူချိန် ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ဆိုတဲ့ နေ့အပူချိန် အိပ်မက်ဆိုးကြီးကို

ကြံ့ကြံ့ခံပြီး ကာ ရင်တန်လေ့ကျင့်ကွင်းမှာ ပြေးလွှား လေ့ကျင့်ခဲ့ရပါတယ်။ ဒါ့အပြင် တန်ဟတ်ဟာ ကစားသမားတွေကို ဒီလောက်ပူပြင်းတဲ့ ရာသီဥတု မှာတောင် စုစုပေါင်း ၈ မိုင်ခွဲလောက်အထိ ပြေးလွှား လေ့ကျင့်ခိုင်းခဲ့တယ်လို Daily Mail သတင်းစာက

ဖော်ပြခဲ့ပါတယ်။ အဲဒီ ပြေးလွှားမှု အကွာအဝေးဟာ ဘရန်ဖိုဒ်နဲ့ပွဲစဉ်မှာ မန်ယူအသင်းက ပြိုင်ဘက်ထက် ပြေးလွှားမှု အကွာအဝေး နည်းပါးခဲ့တာကြောင့် အဲဒီပြေးလွှားမှု အကွာအဝေးကို ကာမိအောင် လုပ်ခိုင်းခဲ့တာမျိုး ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ် ပတ်တုန်းက

လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကစားသမား တချိုရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး နည်းပြအဖွဲဝင်တွေက သံသယ ရှိခဲ့နေခဲ့တယ်လို Daily Mail က ဖော်ပြခဲ့ပြီး ဘရန်ဖိုဒ်ကို ရင်နင့်ဖွယ်ရာ ရလဒ် မျိုးနဲ့ ဒူးထောက်ခဲ့ရတဲ့အတွက်

အခုလိုမျိုး လုပ်ဆောင်တာဟာ ဖြစ်သင့်တယ် လို နည်းပြအဖွဲဝင်တွေက ယူဆနေပုံရပါတယ်။ လေ့ကျင့်ရေး အစီအစဉ်တွေ မှာ စီရော်နယ်ဒိုတစ်ယောက်ကတော့ ကြိုးကြိုးစားစား အားထုတ်မှုရှိတယ်လို အပြောခံရပေမယ့် ဘရန်ဖိုဒ်နဲ့ ပွဲစဉ်အပြီးမှာ အဝေးကွင်းဆီ လိုက်လံအားပေးတဲ့

မန်ယူပရိသတ်တွေကို နှုတ်ဆက်ဖို တန်ဟက်ရဲ့ လောက်ထောက် နည်းပြ-၂ ဖြစ်သူ စတိဗ်မက္ကလာရင်ရဲ့ ကမ်းလှမ်းမှုကို မေတ္တာရပ်ခံမှုကို စီရော်နယ်ဒိုက ငြင်းဆန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ မန်ယူ အဝတ်လဲခန်းအတွင်းမှာ အိပ်မက်ဆိုးတစ်ခုကို ထပ်ပြီး ဖြစ်လာစေဦးမှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

(zawgyi)

ဘရန္ဖိုဒ္ကို ၄ ဂိုးျပတ္နဲ႔ ရႈးနိမ့္ၿပီးတဲ့ေနာက္ မန္ယူရဲ႕ ကစားပုံဟာ ပရမ္း ပတာေတြျဖစ္ေနၿပီလို ေဒါသတႀကီး ေပါက္ကြဲခဲ့တဲ့ နည္းျပ အဲရစ္တန္ဟက္ဟာ အဲဒီပြဲစဥ္ ၿပီး႐ုံပဲရွိေသးတဲ့ ေနာက္တစ္ေန႔မွာပဲ အသင္းသားေတြကို ေလ့က်င့္ခန္း ျပန္ဆင္းခိုင္းခဲ့ပါတယ္။

အမွန္တကယ္ဆိုရင္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ဟာ သရဲနီ ကစားသမားေတြအားလုံး တရားဝင္ အနားယူခြင့္ရွိတဲ့ ေန႔ပါပဲ။ ဒါေပမဲ့ အရွက္ ရဖြယ္ရာ ရႈးနိမ့္မႈနဲ႔ ပတ္သက္ၿပီး မခ်ိတင္ကဲျဖစ္ေနတဲ့ တန္ဟက္ဟာ အဲဒီ အနားယူရမယ့္ရက္ကို ဖ်က္သိမ္းခဲ့ၿပီး ကစားသမားေတြအားလုံး

တနဂၤေႏြေန႔ မွာ ကာရင္တန္ေလ့က်င့္ေရးကြင္းကို လာေရာက္ သတင္းပိုရမယ္လို အမိန႔္ ထုတ္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ မန္ယူကစားသမားေတြဟာ အပူခ်ိန္ ၃၀ ဒီဂရီ ဆဲလ္ဆီးယပ္စ္ဆိုတဲ့ ေန႔အပူခ်ိန္ အိပ္မက္ဆိုးႀကီးကို ႀကံ့ႀကံ့ခံၿပီး ကာ ရင္တန္ေလ့က်င့္ကြင္းမွ

ာ ေျပးလႊား ေလ့က်င့္ခဲ့ရပါတယ္။ ဒါ့အျပင္ တန္ဟတ္ဟာ ကစားသမားေတြကို ဒီေလာက္ပူျပင္းတဲ့ ရာသီဥတု မွာေတာင္ စုစုေပါင္း ၈ မိုင္ခြဲေလာက္အထိ ေျပးလႊား ေလ့က်င့္ခိုင္းခဲ့တယ္လို Daily Mail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ အဲဒီ ေျပးလႊားမႈ အကြာအေဝးဟာ

ဘရန္ဖိုဒ္နဲ႔ပြဲစဥ္မွာ မန္ယူအသင္းက ၿပိဳင္ဘက္ထက္ ေျပးလႊားမႈ အကြာအေဝး နည္းပါးခဲ့တာေၾကာင့္ အဲဒီေျပးလႊားမႈ အကြာအေဝးကို ကာမိေအာင္ လုပ္ခိုင္းခဲ့တာမ်ိဳး ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့တစ္ ပတ္တုန္းက လုပ္ေဆာင္ခဲ့တဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ

ကစားသမား တခ်ိဳရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ ပတ္သက္ၿပီး နည္းျပအဖြဲဝင္ေတြက သံသယ ရွိခဲ့ေနခဲ့တယ္လို Daily Mail က ေဖာ္ျပခဲ့ၿပီး ဘရန္ဖိုဒ္ကို ရင္နင့္ဖြယ္ရာ ရလဒ္ မ်ိဳးနဲ႔ ဒူးေထာက္ခဲ့ရတဲ့အတြက္ အခုလိုမ်ိဳး လုပ္ေဆာင္တာဟာ ျဖစ္သင့္တယ္ လို နည္းျပအဖြဲဝင္ေတြက ယူဆေနပုံရပါတယ္။

ေလ့က်င့္ေရး အစီအစဥ္ေတြ မွာ စီေရာ္နယ္ဒိုတစ္ေယာက္ကေတာ့ ႀကိဳးႀကိဳးစားစား အားထုတ္မႈရွိတယ္လို အေျပာခံရေပမယ့္ ဘရန္ဖိုဒ္နဲ႔ ပြဲစဥ္အၿပီးမွာ အေဝးကြင္းဆီ လိုက္လံအားေပးတဲ့ မန္ယူပရိသတ္ေတြကို ႏႈတ္ဆက္ဖို တန္ဟက္ရဲ႕ ေလာက္ေထာက္ နည္းျပ-၂ ျဖစ္သူ

စတိဗ္မကၠလာရင္ရဲ႕ ကမ္းလွမ္းမႈကို ေမတၱာရပ္ခံမႈကို စီေရာ္နယ္ဒိုက ျငင္းဆန္ခဲ့ပါတယ္။ ဒီလုပ္ရပ္ဟာ မန္ယူ အဝတ္လဲခန္းအတြင္းမွာ အိပ္မက္ဆိုးတစ္ခုကို ထပ္ၿပီး ျဖစ္လာေစဦးမွာလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။