
ဒီကနေ့၊ တနင်္ဂနွေညမှာ လာလီဂါပွဲ ၄ ပွဲကစားမှာပါ။
နိုင်ပွဲလိုအပ်နေတဲ့ ဘက်တစ်ကိုတော့ စိတ်ကြိုက်အတွေ့ဆုံးဖြစ်ပြီး
ကာတာလန်ဒါဘီမှာ ဂိုးအပေါ်တစ်ကွက်တည်း ကြိုက်ပါတယ်။
အလာဗက်စ် Vs ဗလန်စီယာ
အလာဗက်စ်က ဒီရာသီ လာလီဂါမှာ တိုက်စစ်အညံ့ဆုံးအသင်းဖြစ်ပြီး
၂၃ ပွဲမှာ ၁၇ ဂိုးပဲ သွင်းထားနိုင်ပါတယ်။
လာလီဂါ နောက်ဆုံး ၁၁ ပွဲဆက်တိုက်လည်း နိုင်ပွဲပျောက်နေပါတယ်။
လာလီဂါအိမ်ကွင်းနောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲမရှိသလို ၁၂ ပွဲမှာ
ဂိုးပေးရတာက ၉ ပွဲရှိခဲ့ပါတယ်။
ဗလန်စီယာကလည်း လာလီဂါနောက်ဆုံး ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်နေပါတယ်။
ဒါပေမယ့် အလာဗက်စ်နဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲဆက်တိုက် ဗလန်စီယာ မရှုံးခဲ့ပါဘူး။
ပွဲအဖြေပြောင်းနိုင်သူက ဗလန်စီယာမှာ ပိုများနေတာမို့ ဗလန်စီယာကိုပဲ ရွေးရမှာပါ။
ဗလန်စီယာ
လီဗန်တေး Vs ဘက်တစ်
လီဗန်တေးက သူတို့အိမ်ကွင်းမှာ ဘက်တစ်ကို ကစားခဲ့တဲ့
ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။
ဒါပေမယ့် လာလီဂါနောက်ဆုံး ပွဲ ၃၀ မှာတော့
မာယော့ကာ တစ်သင်းကိုပဲ အနိုင်ရထားတာပါ။
လာလီဂါနောက်ဆုံး ၆ ပွဲအနက် ၅ ပွဲမှာလည်း
တစ်ပွဲအနည်းဆုံး ၂ ဂိုးပေးရပြီး ခံစစ်ညံ့လွန်းနေပါတယ်။
ဒီပွဲအပြီး ဇင်းနစ်နဲ့ ယူရိုပါလိဂ်ပွဲရှိပေမယ့် လာလီဂါနောက်ဆုံးပွဲမှာ
ဗီလာရီးရဲလ်ကို ရှုံးခဲ့လို့ ဘက်တစ်အနိုင်ကစားဖို့ လိုနေပါတယ်။
လီဗန်တေးနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်
တစ်ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဘက်တစ်ကိုပဲ စိတ်ကြိုက်တွေ့ပါတယ်။
ဘက်တစ်
ဆိုစီဒက် Vs ဂရန်နာဒါ
ဆိုစီဒက်က အဆင့် ၇ ရောက်နေပေမယ့်
သူတို့တိုက်စစ်က အတော်လေးအားနည်းပြီး ၂၂ ပွဲမှာ ၂၂ ဂိုးသာရထားပါတယ်။
အိမ်ကွင်း ၁၁ ပွဲမှာ ၇ ဂိုးသာ ရခဲ့ပြီး ၆ ဂိုးသာပေးခဲ့ရလို့
ဆိုစီဒက်အိမ်ကွင်းက ဂိုးအောက်ပဲ ကစားတာလားလို့တောင် ထင်စရာပါ။
လာလီဂါအိမ်ကွင်း ၃ ပွဲဆက်လည်း ပေးဂိုးမရှိပါဘူး။
နိုင်ငံပွဲတွေပြီးကတည်းက ဂရန်နာဒါ ခြေကျသွားကာ
လာလီဂါ ၃ ပွဲဆက် ရှုံးထားပါတယ်။
ဒီပွဲမတိုင်မီ ဒဏ်ရာနဲ့ ကိုဗစ်ကစားသမားတွေလည်း ရှိနေပါတယ်။
ဆိုစီဒက်ရဲ့ ကြေးကလည်း ဖြစ်ရိုးဖြစ်စဥ် မဟုတ်ဘဲ ပြင်းနေလို့
ဆိုစီဒက်ကိုပဲ ရွေးသင့်ပါတယ်။
ဆိုစီဒက်
အက်စ်ပန်ညို Vs ဘာစီလိုနာ
အက်စ်ပန်ညိုခံစစ်အားနည်းလာပြီး သူတို့ရဲ့ လာလီဂါနောက်ဆုံး ၇ ပွဲအနက်
၆ ပွဲမှာ တစ်ပွဲအနည်းဆုံး ၂ ဂိုးပေးခဲ့ရတယ်။
ဒါပေမယ့် ဒီပွဲက ကာတာလန်ဒါဘီမို့ အက်စ်ပန်ညို အားစိုက် မှာ သေချာတယ်။
ရာသီအစက ဗီလာရီးရဲ လ္ပွဲမှာ သရေကျခဲ့တာကလွဲလို့
လာလီဂါအိမ်ကွင်းနောက်ဆုံး ၁၁ ပွဲဆက်တိုက် အက်စ်ပန်ညို ဂိုးရခဲ့တယ်။
ဘာစီလိုနာမှာ အဲလ်ဗက်စ်ပွဲပယ်ခံထားရပေမယ့်
တိုက်စစ်ကစားသမားတွေ အစုံအလင်ပြန်ပါနိုင်မှာ ဖြစ်လို့
ဘာစီလိုနာ ဂိုးရဖို့ မပူရလောက်ဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်လည်း
ဘာစီလိုနာဂိုးရခဲ့တယ်။ ၂ သင်းလုံး ဂိုးသွင်းမယ့်ပွဲမျိုးမို့
ဂိုးအပေါ်ပဲ ရွေးချင်ပါတယ်။
ဂိုးအပေါ်
zawgyi
နိုင်ပွဲပြန်ယူမယ့် ဘက်တစ်နဲ့ တနင်္ဂနွေညမှာ အမှန်ခြစ်ထားရမယ့် လာလီဂါ ပစ်မှတ်များ (ကိုရွှေမောင်း )
အလာဗက်စ် Vs ဗလန်စီယာ
ဗလန်စီယာ
လီဗန်တေး Vs ဘက်တစ်
ဆိုစီဒက်
ဂိုးအပေါ်