နိုင်ပွဲဆက်နေတဲ့ မန်ယူကြောင့် သရဲနီပရိသတ်တွေ အာဆင်နယ်ကို စိန်ခေါ်ပြီ

ကြာသပတေးညက ကစားခဲ့တဲ့ရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာကို တိုက်စစ်မှူး ဆန်ချိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့

အနိုင်ရခဲ့တာကြောင့် မန်ယူဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါပြီ။

ရာသီအစ ပွဲစဉ် ၂ ပွဲအပြီးမှာ အမှတ်ပေးဇယား အဆင့် ၂၀ ကို ရောက်နေတဲ့ မန်ယူဟာ လက်စတာ၊

ဆောက်သမ်တန်၊ လီဗာပူးတို့ကို ဆက်တိုက် အနိုင်ရခဲ့တာ ကြောင့် အခုလိုမျိုး ကြီးမားတဲ့ ရပ်တည်မှု အပြောင်းအလဲမျိုး ဖြစ်လာခဲ့တာပါပဲ။

ဒီလိုမျိုး အမှတ်ပေးဇယားရပ်တည်မှုနဲ့အတူ သရဲနီပရိသတ်တွေရဲ့ စိတ်ဆန္ဒအာသီသ၊

ဝံ့ကြွားဂုဏ်ယူမှုတွေကလည်း ဆင့်ကဲဖြစ်စဉ်တွေအဖြစ် ပြောင်းလဲလာနေပြီဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲလာတဲ့ ဆင့်ကဲဖြစ်စဉ်တွေ ထဲမှာ ပေါ်လွင်ထင်ရှားတဲ့ အချက်တစ်ချက်ကတော့

သရဲနီစိတ်ဓာတ်လို့ ဖော် ညွှန်းရမယ့် စိန်ခေါ်ရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။

မန်ယူဟာ လာမယ့် တနင်္ဂနွေ ည မြန်မာစံတော်ချိန် ၁၀ နာရီတိတိမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဆိုတာ ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး

အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေသလို ပုံစံ ကောင်းကို ပြသနိုင်နေတဲ့ အသင်းဖြစ်ပါတယ်။

ဒါပေမဲ့ သရဲနီပရိသတ်တွေကတော့ သူတို့ရဲ့ မဟာပြိုင်ဘက်ကြီးကို ပြတ်ပြတ်သားသား စိန်ခေါ်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ခြေစွမ်းပြနေတဲ့ကစားသမားတွေအပြင် ကမ္ဘာ့အဆင့်မီ တောင်ပံတိုက်စစ်မှူး အန်တိုနီကိုပါ

ခေါ်ယူနိုင်ခဲ့တဲ့ မန်ယူ အတွက် ပရိသတ်တွေ မာန်တက်နေပြီလို့ ဆိုရမှာပါပဲ။

ဒါကြောင့် လက်စတာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးသွားတဲ့နောက် အချိန်မဆိုင်းဘဲနဲ့ မန်ယူ ပရိသတ်တွေဟာ

အာဆင်နယ်ကို လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် စိန်ခေါ်ခဲ့တာပါ။

‘’အာဆင်နယ်နဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုကို အန်တိုနီ၊ ဆန်ချိုတို့ နဲ့အတူ တွဲဖက်ပြီး ပွဲထွက်ခွင့်ပေးရမယ်’’ လို့

ပထမတစ်ယောက်က တွစ်တာ မှာ ရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’အန်တိုနီသာ လက်စတာနဲ့ပွဲမှာ ဝင်ကစားခဲ့မယ်ဆိုရင် ၄ ဂိုးလောက် အသာလေးရတယ်။

အာကြီး ရေ အဆင်သင့်လုပ်ထားနော်’’ လို့ ရေးသားခဲ့ပါတယ်။

တတိယ တစ်ယောက် ကတော့ ‘’သုံးပွဲဆက်တိုက် နိုင်တယ်။

အစမကောင်းခဲ့ပေမယ့်လည်း အခု အဆင့် ၅ ကို ရောက်နေပြီ။

အာကြီးနဲ့ ဖြုတ်တော့မယ်’’ ဆိုပြီး ရေးသားခဲ့တာပါ။

zawgyi

ႏိုင္ပြဲဆက္ေနတဲ့ မန္ယူေၾကာင့္ သရဲနီပရိသတ္ေတြ အာဆင္နယ္ကို စိန္ေခၚၿပီ

ၾကာသပေတးညက ကစားခဲ့တဲ့ရီးမီးယားလိဂ္ပြဲစဥ္မွာ လက္စတာကို တိုက္စစ္မႉး ဆန္ခ်ိဳရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔

အႏိုင္ရခဲ့တာေၾကာင့္ မန္ယူဟာ အမွတ္ေပးဇယား အဆင့္ ၅ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါၿပီ။

ရာသီအစ ပြဲစဥ္ ၂ ပြဲအၿပီးမွာ အမွတ္ေပးဇယား အဆင့္ ၂၀ ကို ေရာက္ေနတဲ့ မန္ယူဟာ လက္စတာ၊

ေဆာက္သမ္တန္၊ လီဗာပူးတို႔ကို ဆက္တိုက္ အႏိုင္ရခဲ့တာ ေၾကာင့္ အခုလိုမ်ိဳး ႀကီးမားတဲ့ ရပ္တည္မႈ အေျပာင္းအလဲမ်ိဳး ျဖစ္လာခဲ့တာပါပဲ။

ဒီလိုမ်ိဳး အမွတ္ေပးဇယားရပ္တည္မႈနဲ႔အတူ သရဲနီပရိသတ္ေတြရဲ႕ စိတ္ဆႏၵအာသီသ၊

ဝံ့ႂကြားဂုဏ္ယူမႈေတြကလည္း ဆင့္ကဲျဖစ္စဥ္ေတြအျဖစ္ ေျပာင္းလဲလာေနၿပီျဖစ္ပါတယ္။

အဲဒီလို ေျပာင္းလဲလာတဲ့ ဆင့္ကဲျဖစ္စဥ္ေတြ ထဲမွာ ေပၚလြင္ထင္ရွားတဲ့ အခ်က္တစ္ခ်က္ကေတာ့

သရဲနီစိတ္ဓာတ္လို႔ ေဖာ္ ၫႊန္းရမယ့္ စိန္ေခၚရဲတဲ့ သတၱိပဲ ျဖစ္ပါတယ္။

မန္ယူဟာ လာမယ့္ တနဂၤေႏြ ည ျမန္မာစံေတာ္ခ်ိန္ ၁၀ နာရီတိတိမွာ အာဆင္နယ္နဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

အာဆင္နယ္ဆိုတာ ဒီရာသီ ပရီးမီးယားလိဂ္ ၅ ပြဲဆက္တိုက္ အႏိုင္ရထားတဲ့အသင္းျဖစ္ၿပီး

အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနသလို ပုံစံ ေကာင္းကို ျပသႏိုင္ေနတဲ့ အသင္းျဖစ္ပါတယ္။

ဒါေပမဲ့ သရဲနီပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ မဟာၿပိဳင္ဘက္ႀကီးကို ျပတ္ျပတ္သားသား စိန္ေခၚေနၿပီ ျဖစ္ပါတယ္။

လက္ရွိမွာ ေျခစြမ္းျပေနတဲ့ကစားသမားေတြအျပင္ ကမာၻ႔အဆင့္မီ ေတာင္ပံတိုက္စစ္မႉး အန္တိုနီကိုပါ

ေခၚယူႏိုင္ခဲ့တဲ့ မန္ယူ အတြက္ ပရိသတ္ေတြ မာန္တက္ေနၿပီလို႔ ဆိုရမွာပါပဲ။

ဒါေၾကာင့္ လက္စတာကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္ၿပီးသြားတဲ့ေနာက္ အခ်ိန္မဆိုင္းဘဲနဲ႔ မန္ယူ ပရိသတ္ေတြဟာ

အာဆင္နယ္ကို လူမႈကြန္ရက္စာမ်က္ႏွာေတြကတစ္ဆင့္ စိန္ေခၚခဲ့တာပါ။

‘’အာဆင္နယ္နဲ႔ပြဲစဥ္မွာ စီေရာ္နယ္ဒိုကို အန္တိုနီ၊ ဆန္ခ်ိဳတို႔ နဲ႔အတူ တြဲဖက္ၿပီး ပြဲထြက္ခြင့္ေပးရမယ္’’ လို႔

ပထမတစ္ေယာက္က တြစ္တာ မွာ ေရးသားခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ ‘’အန္တိုနီသာ လက္စတာနဲ႔ပြဲမွာ ဝင္ကစားခဲ့မယ္ဆိုရင္ ၄ ဂိုးေလာက္ အသာေလးရတယ္။

အာႀကီး ေရ အဆင္သင့္လုပ္ထားေနာ္’’ လို႔ ေရးသားခဲ့ပါတယ္။

တတိယ တစ္ေယာက္ ကေတာ့ ‘’သုံးပြဲဆက္တိုက္ ႏိုင္တယ္။

အစမေကာင္းခဲ့ေပမယ့္လည္း အခု အဆင့္ ၅ ကို ေရာက္ေနၿပီ။

အာႀကီးနဲ႔ ျဖဳတ္ေတာ့မယ္’’ ဆိုၿပီး ေရးသားခဲ့တာပါ။