နိုင်ပွဲကို မွေးနေ့လက်ဆောင်ပေးအဖြစ်ပေးခဲ့တဲ့ မန်ယူ

ကြာသပတေးညက ကစားခဲ့တဲ့ဘန်လေနဲ့ပွဲမှာ

မန်ယူအသင်းပရိသတ်တွေဟာ သူတို့ရဲ့ဂန္ထဝင်နည်းပြဟောင်း

ဆာအဲလက်စ်ဖာဂူဆန်ကို ကြီးမားတဲ့စာတန်းကိုင်ဆောင်ပြီး

မွေးနေ့ဆုတောင်ပေးခဲ့ကြပါတယ်။

ဘန်လေနဲ့ပွဲဟာ အင်္ဂလန်စံတော်ချိန်အရ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ

ကစားတာဖြစ်ပြီး ဖာဂူဆန်ရဲ့၈၀ ပြည့်မွေးနေ့က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကျရောက်တာပါ။

အဲဒီပွဲကို ဖာဂူဆန်လည်း တက်ရောက်အားပေးခဲ့ပြီး ပရိသတ်တွေရဲ့

ဒီလိုကြီးမားတဲ့စာတန်းနဲ့ သူ့ကို မွေးနေ့ဆုတောင်းပေးကြတာကို

သူ့ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်နေတာလည်း တွေ့ခဲ့ရပါတယ်။

ပရိသတ်တွေက ဖာဂူဆန်ပုံပါတဲ့ HAPPY 80 SIR ALEX ဆိုတဲ့

ကြီးမားတဲ့စာတန်းကို ပွဲမကန်ခင်မှာ ကိုင်ဆောင်ဖော်ပြခဲ့ကြတာပါ။

ဖြစ်ချင်တော့ မန်ယူကလည်း ပထမပိုင်းဂိုးတွေနဲ့ အနိုင်ရပြီး

သူတို့ရဲ့ဂန္ထဝင်နည်းပြဟောင်းကို နိုင်ပွဲနဲ့ မွေးနေ့လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။

၃-၁ နဲ့အနိုင်ရခဲ့တာဖြစ်လို့ နည်းပြရန်းနက်စ်လက်ထက်

မန်ယူရဲ့ပထမဆုံးဂိုးပြတ်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

တိုက်ဆိုင်တာကတော့ စကော့တလန်သားဖာဂူဆန်လာကြည့်တဲ့ပွဲမှာပဲ

စကော့တလန်သား တွမ်မီနေးက အဖွင့်ဂိုးသွင်းပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာပါ။

တွမ်မီနေးဂိုးသွင်းလိုက်ချိန်မှာ အဲဒီမန်ယူဂန္ထဝင်နည်းပြဟောင်းက

လက်ခုပ်တီးအားပေးခဲ့တာ ဖြစ်ပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နည်းပြအဖြစ်

သတ်မှတ်ခံထားရပြီး အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၇ နှစ်တာကာလအတွင်းမှာ

ဆုဖလားပေါင်း ၃၇ ခု ရယူပေးနိုင်ခဲ့တာပါ။

သူဟာ ဘောလုံးသမိုင်းမှာလည်း ဘယ်နည်းပြထက်မဆို ဆုဖလားပိုရခဲ့ပါတယ်။

ဒါ့အပြင် ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံးနဲ့

အအောင်မြင်ဆုံးနည်းပြလည်း ဖြစ်ပါတယ်။

zawgyi

ႏိုင္ပြဲကို ေမြးေန႔လက္ေဆာင္ေပးအျဖစ္ေပးခဲ့တဲ့ မန္ယူ

ၾကာသပေတးညက ကစားခဲ့တဲ့ဘန္ေလနဲ႔ပြဲမွာ

မန္ယူအသင္းပရိသတ္ေတြဟာ သူတို႔ရဲ႕ဂႏၴဝင္နည္းျပေဟာင္း

ဆာအဲလက္စ္ဖာဂူဆန္ကို ႀကီးမားတဲ့စာတန္းကိုင္ေဆာင္ၿပီး

ေမြးေန႔ဆုေတာင္ေပးခဲ့ၾကပါတယ္။

ဘန္ေလနဲ႔ပြဲဟာ အဂၤလန္စံေတာ္ခ်ိန္အရ ဒီဇင္ဘာ ၃၀ ရက္ေန႔မွာ

ကစားတာျဖစ္ၿပီး ဖာဂူဆန္ရဲ႕၈၀ ျပည့္ေမြးေန႔က ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ က်ေရာက္တာပါ။

အဲဒီပြဲကို ဖာဂူဆန္လည္း တက္ေရာက္အားေပးခဲ့ၿပီး ပရိသတ္ေတြရဲ႕

ဒီလိုႀကီးမားတဲ့စာတန္းနဲ႔ သူ႔ကို ေမြးေန႔ဆုေတာင္းေပးၾကတာကို

သူ႔ဖုန္းကင္မရာနဲ႔ မွတ္တမ္းတင္ေနတာလည္း ေတြ႕ခဲ့ရပါတယ္။

ပရိသတ္ေတြက ဖာဂူဆန္ပုံပါတဲ့ HAPPY 80 SIR ALEX ဆိုတဲ့

ႀကီးမားတဲ့စာတန္းကို ပြဲမကန္ခင္မွာ ကိုင္ေဆာင္ေဖာ္ျပခဲ့ၾကတာပါ။

ျဖစ္ခ်င္ေတာ့ မန္ယူကလည္း ပထမပိုင္းဂိုးေတြနဲ႔ အႏိုင္ရၿပီး

သူတို႔ရဲ႕ဂႏၴဝင္နည္းျပေဟာင္းကို ႏိုင္ပြဲနဲ႔ ေမြးေန႔လက္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

၃-၁ နဲ႔အႏိုင္ရခဲ့တာျဖစ္လို႔ နည္းျပရန္းနက္စ္လက္ထက္

မန္ယူရဲ႕ပထမဆုံးဂိုးျပတ္ႏိုင္ပြဲလည္း ျဖစ္ခဲ့တာပါ။

တိုက္ဆိုင္တာကေတာ့ စေကာ့တလန္သားဖာဂူဆန္လာၾကည့္တဲ့ပြဲမွာပဲ

စေကာ့တလန္သား တြမ္မီေနးက အဖြင့္ဂိုးသြင္းၿပီး အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တာပါ။

တြမ္မီေနးဂိုးသြင္းလိုက္ခ်ိန္မွာ အဲဒီမန္ယူဂႏၴဝင္နည္းျပေဟာင္းက

လက္ခုပ္တီးအားေပးခဲ့တာ ျဖစ္ပါတယ္။

ဖာဂူဆန္ဟာ မန္ယူအသင္းသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံး နည္းျပအျဖစ္

သတ္မွတ္ခံထားရၿပီး အသင္းကို ကိုင္တြယ္ခဲ့တဲ့ ၂၇ ႏွစ္တာကာလအတြင္းမွာ

ဆုဖလားေပါင္း ၃၇ ခု ရယူေပးႏိုင္ခဲ့တာပါ။

သူဟာ ေဘာလုံးသမိုင္းမွာလည္း ဘယ္နည္းျပထက္မဆို ဆုဖလားပိုရခဲ့ပါတယ္။

ဒါ့အျပင္ ဖာဂူဆန္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးက်ယ္ဆုံးနဲ႔

အေအာင္ျမင္ဆုံးနည္းျပလည္း ျဖစ္ပါတယ္။