နိုင်ငံအသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့လေ့ကျင့်နေတဲ့ မက်ဆီ 

အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီဟာ ဒဏ်ရာပြဿနာကြောင့်

PSG အသင်းရဲ့နောက်ဆုံးပွဲစဉ်(၂)ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် အခု လက်ရွေးစင်

အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ အသင်းဖော်တွေနဲ့ပျော်ပျော်ပါးပါး

လေ့ကျင့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ

မက်ဆီဟာ PSG အသင်းမှာ အခြေကျဖို့ရုန်းကန်နေရပြီး ဒီရာသီပြင်သစ်လီဂူး

ပွဲစဉ်(၅)ပွဲကစားပြီးတဲ့အထိ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိသေးတာကြောင့်

သူ့ရဲ့ကစားသမားဘဝ (၁၅)နှစ်အတွင်းအဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။

မက်ဆီအနေနဲ့ လိုင်လီနဲ့ကစားခဲ့တဲ့ပွဲတုန်းက ဒူးဒဏ်ရာရရှိခဲ့တဲ့အတွက် PSG အသင်း

နောက်ဆုံးကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ချန်ပီယံလိဂ်ပွဲ၊ ဘော်ဒိုးနဲ့ပြင်သစ်လီဂူးပွဲတွေကို

လွဲချော်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ

ကစားမယ့် လက်ရွေးစင်အသင်းလူစာရင်းမှာရွေးချယ်ခဲ့လို့ PSG အသင်း မကျေမနပ်

ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မက်ဆီရဲ့စာချုပ်ထဲမှာ နိုင်ငံအသင်းကစားမယ့်ပွဲတွေရှိရင်

မဖြစ်မနေကစားခွင့်ပြုရမယ်ဆိုတဲ့အချက်ပါဝင်တာကြောင့် PSG အသင်းဟာ

ဒဏ်ရာရှိနေတဲ့ မက်ဆီကို အာဂျင်တီးနားအသင်းအတွက် စေလွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းမှာ မက်ဆီကိုရွေးချယ်ခဲ့တဲ့အပေါ် PSG အသင်းအားကစားဒါရိုက်တာ

လီယိုနာဒိုက “ကြံ့ခိုင်မှုမပြည့်ဝဘဲ ဒဏ်ရာကနေသက်သာလာအောင်ကြိုးစားနေရတဲ့

ကစားသမားတစ်ဦးကို လက်ရွေးစင်အသင်းက ရွေးချယ်ခဲ့တဲ့အပေါ် ကျွန်တော်တို့

သဘောမတူပါဘူး။ ဒါဟာ ဖြစ်သင့်တဲ့အနေအထားမဟုတ်ဘဲ ဒီလိုအခြေအနေမျိုးက

ဖီဖာနဲ့ပဲတိုက်ရိုက်ဆွေးနွေးတာက ပိုကောင်းပါလိမ့်မယ်”လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဂျင်တီးနားအသင်းရဲ့လေကျင့်ခန်းအစီအစဉ်မှာ မက်ဆီဟာ ဒီဘားလား၊

ဒီမာရီယာ၊ ရိုဒရီဂိုဒီပေါလ်စတဲ့ လက်ရွေးစင်အသင်းဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်

လေ့ကျင့်နေတာကြောင့် သူ့ဒူးဒဏ်ရာအခြေအနေက စိုးရိမ်ရတဲ့အနေအထားမရှိဘူးလို့

ယူဆချင်စရာပါပဲ။ အာဂျင်တီးနားအသင်းမှာ မက်ဆီအပြင် ဒဏ်ရာကြောင့် ဒီရာသီမှာ

PSG အသင်းအတွက်တစ်ပွဲမှမကစားရသေးတဲ့ ကွင်းလယ်လူပါရီဒက်စ်လည်း

ရွေးချယ်ခံခဲ့ရပြီး PSG အသင်းအနေနဲ့ ဒီကစားသမားနှစ်ဦး ဒဏ်ရာမရဘဲ အသင်းဆီ

ပြန်လာနိုင်ဖို့ မျှော်လင့်ရမှာပဲဖြစ်ပါတယ်။

Zawgyi

ႏိုင္ငံအသင္းမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ေလ့က်င့္ေနတဲ့ မက္ဆီ

အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီဟာ ဒဏ္ရာျပႆနာေၾကာင့္

PSG အသင္းရဲ႕ေနာက္ဆုံးပြဲစဥ္(၂)ပြဲမွာ မပါဝင္ႏိုင္ခဲ့ေပမယ့္ အခု လက္ေ႐ြးစင္

အသင္းနဲ႔အတူ ေလ့က်င့္ခန္းအစီအစဥ္မွာေတာ့ အသင္းေဖာ္ေတြနဲ႔ေပ်ာ္ေပ်ာ္ပါးပါး

ေလ့က်င့္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

မက္ဆီဟာ PSG အသင္းမွာ အေျခက်ဖို႔႐ုန္းကန္ေနရၿပီး ဒီရာသီျပင္သစ္လီဂူး

ပြဲစဥ္(၅)ပြဲကစားၿပီးတဲ့အထိ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိေသးတာေၾကာင့္

သူ႔ရဲ႕ကစားသမားဘဝ (၁၅)ႏွစ္အတြင္းအဆိုး႐ြားဆုံးရာသီအစနဲ႔ ရင္ဆိုင္ေနရပါတယ္။

မက္ဆီအေနနဲ႔ လိုင္လီနဲ႔ကစားခဲ့တဲ့ပြဲတုန္းက ဒူးဒဏ္ရာရရွိခဲ့တဲ့အတြက္ PSG အသင္း

ေနာက္ဆုံးကစားခဲ့တဲ့ လိုက္ပ္ဇစ္နဲ႔ခ်န္ပီယံလိဂ္ပြဲ၊ ေဘာ္ဒိုးနဲ႔ျပင္သစ္လီဂူးပြဲေတြကို

လြဲေခ်ာ္ခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းနည္းျပစကာလိုနီက ကမာၻ႔ဖလားေျခစစ္ပြဲေတြ

ကစားမယ့္ လက္ေ႐ြးစင္အသင္းလူစာရင္းမွာေ႐ြးခ်ယ္ခဲ့လို႔ PSG အသင္း မေက်မနပ္

ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ မက္ဆီရဲ႕စာခ်ဳပ္ထဲမွာ ႏိုင္ငံအသင္းကစားမယ့္ပြဲေတြရွိရင္

မျဖစ္မေနကစားခြင့္ျပဳရမယ္ဆိုတဲ့အခ်က္ပါဝင္တာေၾကာင့္ PSG အသင္းဟာ

ဒဏ္ရာရွိေနတဲ့ မက္ဆီကို အာဂ်င္တီးနားအသင္းအတြက္ ေစလႊတ္ခဲ့ရတာပဲျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းမွာ မက္ဆီကိုေ႐ြးခ်ယ္ခဲ့တဲ့အေပၚ PSG အသင္းအားကစားဒါ႐ိုက္တာ

လီယိုနာဒိုက “ႀကံ့ခိုင္မႈမျပည့္ဝဘဲ ဒဏ္ရာကေနသက္သာလာေအာင္ႀကိဳးစားေနရတဲ့

ကစားသမားတစ္ဦးကို လက္ေ႐ြးစင္အသင္းက ေ႐ြးခ်ယ္ခဲ့တဲ့အေပၚ ကြၽန္ေတာ္တို႔

သေဘာမတူပါဘူး။ ဒါဟာ ျဖစ္သင့္တဲ့အေနအထားမဟုတ္ဘဲ ဒီလိုအေျခအေနမ်ိဳးက

ဖီဖာနဲ႔ပဲတိုက္႐ိုက္ေဆြးေႏြးတာက ပိုေကာင္းပါလိမ့္မယ္”လို႔ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း အာဂ်င္တီးနားအသင္းရဲ႕ေလက်င့္ခန္းအစီအစဥ္မွာ မက္ဆီဟာ ဒီဘားလား၊

ဒီမာရီယာ၊ ႐ိုဒရီဂိုဒီေပါလ္စတဲ့ လက္ေ႐ြးစင္အသင္းေဖာ္ေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္

ေလ့က်င့္ေနတာေၾကာင့္ သူ႔ဒူးဒဏ္ရာအေျခအေနက စိုးရိမ္ရတဲ့အေနအထားမရွိဘူးလို႔

ယူဆခ်င္စရာပါပဲ။ အာဂ်င္တီးနားအသင္းမွာ မက္ဆီအျပင္ ဒဏ္ရာေၾကာင့္ ဒီရာသီမွာ

PSG အသင္းအတြက္တစ္ပြဲမွမကစားရေသးတဲ့ ကြင္းလယ္လူပါရီဒက္စ္လည္း

ေ႐ြးခ်ယ္ခံခဲ့ရၿပီး PSG အသင္းအေနနဲ႔ ဒီကစားသမားႏွစ္ဦး ဒဏ္ရာမရဘဲ အသင္းဆီ

ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ရမွာပဲျဖစ္ပါတယ္။