နိုင်ငံအသင်းမှာပထမဆုံးအကြိမ်ရွေးချယ်ခံရတဲ့ အာဆင်နယ်အသင်းအတွက်ခြေစွမ်းပြနေတဲ့ စမစ်ရိုး 

အခုနောက်ပိုင်းပွဲတွေမှာ အာဆင်နယ်အသင်းအတွက်ခြေစွမ်းပြကစားနေတဲ့

အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားစမစ်ရိုးဟာ အင်္ဂလန်အသင်းကြီးအတွက်

ပထမဆုံးအကြိမ်ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က

ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောဂိုးသွင်းယူခဲ့တာအပါအဝင်

ပရီးမီးယားလိဂ်(၃)ပွဲဆက်ဂိုးသွင်းခဲ့တဲ့ စမစ်ရိုးဟာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ

အခုတစ်ပတ်အတွင်းလေ့ကျင့်ခန်းဆင်းဖို့ပြင်ဆင်နေတာဖြစ်ပေမယ့်

အင်္ဂလန်စီနီယာအသင်းမှာ ရပ်ရှ်ဖို့ဒ်၊ ဝက်ဒ်ပရောက်စ်၊ မေဆင်မောင့်၊ လုခ်ရှောတို့ဟာ

ဒဏ်ရာတွေရှေိနေတဲ့အတွက် နည်းပြဆောက်ဂိတ်ဟာ စမစ်ရိုးကို

လက်ရွေးစင်အသင်းကြီးအတွက်ရွေးချယ်ခဲ့တာပါ။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့  စမစ်ရိုးဟာ အသင်းအတွက်

နောက်ဆုံးကစားခဲ့တဲ့(၈)ပွဲမှာ (၅)ဂိုးအထိသွင်းယူခဲ့ပေမယ့်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ကစားမယ့်

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကနဦးထုတ်ပြန်တဲ့စာရင်းမှာ စမစ်ရိုးကို မရွေးခဲ့လို့

အ့ံအားသ့င်စရာဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စမစ်ရိုးဟာ

လက်ရွေးစင်အသင်းကြီးအတွက်ပါဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

စမစ်ရိုးက “ကျွန်တော့်အတွက်ကတော့ ကလပ်အသင်းအတွက်ကစားခွင့်ရတဲ့ပွဲတိုင်းမှာ

ခြေစွမ်းပြကစားနိုင်ဖို့က အရေးကြီးဆုံးဖြစ်ပြီး တကယ်လို့ အင်္ဂလန်အသင်းမှာ

ဘယ်သူ့အစားပဲဖြစ်ဖြစ် ရွေးချယ်ခံရမယ်ဆိုရင် အရမ်းပျော်ရွှင်မိမှာပါ”လို့

ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား

ရပ်ရှ်ဖို့ဒ်ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတဲ့အတွက် ကလပ်အသင်းမှာပဲ

ဆက်လက်နေထိုင်ရမှာဖြစ်ပြီး ဆောက်သမ်တန်ကွင်းလယ်လူဝက်ဒ်ပရောကစ်ကတော့

အဖျားဝေဒနာခံစားနေရတာကြောင့် အင်္ဂလန်အသင်းအတွက်ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

မေဆင်မောင့်ကတော့ မကြာသေးခင်က သူ့ရဲ့’သွား’ကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့အတွက်

လာမယ့်ရက်တွေအတွင်း သူ့အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပြီး

လုခ်ရှောကလည်း မန်ချက်စတာဒါဘီပွဲမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့လို့ အင်္ဂလန်အသင်းမှာ

ပါဝင်ကစားဖို့မသေချာသေးတဲ့အနေအထားပါပဲ။ အင်္ဂလန်အသင်းဟာ

နိုဝင်ဘာ(၁၂၊ ၁၅)ရက်တွေမှာ အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့  ကမ္ဘာ့ဖလား

ခြေစစ်ပွဲအဖြစ်ရင်ဆိုင်ရမှာဖြစ်ပြီး (၁)ပွဲနိုင်ရင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာပဲဖြစ်ပါတယ်။

zawgyi

ႏိုင္ငံအသင္းမွာပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံရတဲ့ အာဆင္နယ္အသင္းအတြက္ေျခစြမ္းျပေနတဲ့ စမစ္႐ိုး

အခုေနာက္ပိုင္းပြဲေတြမွာ အာဆင္နယ္အသင္းအတြက္ေျခစြမ္းျပကစားေနတဲ့

အဂၤလန္လူငယ္တိုက္စစ္ကစားသမားစမစ္႐ိုးဟာ အဂၤလန္အသင္းႀကီးအတြက္

ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံလိုက္ရၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က

ဝက္ဖို႔ဒ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာဂိုးသြင္းယူခဲ့တာအပါအဝင္

ပရီးမီးယားလိဂ္(၃)ပြဲဆက္ဂိုးသြင္းခဲ့တဲ့ စမစ္႐ိုးဟာ အဂၤလန္ယူ-၂၁ အသင္းနဲ႔အတူ

အခုတစ္ပတ္အတြင္းေလ့က်င့္ခန္းဆင္းဖို႔ျပင္ဆင္ေနတာျဖစ္ေပမယ့္

အဂၤလန္စီနီယာအသင္းမွာ ရပ္ရွ္ဖို႔ဒ္၊ ဝက္ဒ္ပေရာက္စ္၊ ေမဆင္ေမာင့္၊ လုခ္ေရွာတို႔ဟာ

ဒဏ္ရာေတြေရွိေနတဲ့အတြက္ နည္းျပေဆာက္ဂိတ္ဟာ စမစ္႐ိုးကို

လက္ေ႐ြးစင္အသင္းႀကီးအတြက္ေ႐ြးခ်ယ္ခဲ့တာပါ။ အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့

စမစ္႐ိုးဟာ အသင္းအတြက္ေနာက္ဆုံးကစားခဲ့တဲ့(၈)ပြဲမွာ (၅)ဂိုးအထိသြင္းယူခဲ့ေပမယ့္

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ကစားမယ့္

ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ကနဦးထုတ္ျပန္တဲ့စာရင္းမွာ စမစ္႐ိုးကို မေ႐ြးခဲ့လို႔

အ့ံအားသ့င္စရာျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ စမစ္႐ိုးဟာ

လက္ေ႐ြးစင္အသင္းႀကီးအတြက္ပါဝင္ခြင့္ရရွိခဲ့ၿပီျဖစ္ပါတယ္။

စမစ္႐ိုးက “ကြၽန္ေတာ့္အတြက္ကေတာ့ ကလပ္အသင္းအတြက္ကစားခြင့္ရတဲ့ပြဲတိုင္းမွာ

ေျခစြမ္းျပကစားႏိုင္ဖို႔က အေရးႀကီးဆုံးျဖစ္ၿပီး တကယ္လို႔ အဂၤလန္အသင္းမွာ

ဘယ္သူ႔အစားပဲျဖစ္ျဖစ္ ေ႐ြးခ်ယ္ခံရမယ္ဆိုရင္ အရမ္းေပ်ာ္႐ႊင္မိမွာပါ”လို႔

ဝက္ဖို႔ဒ္နဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမား

ရပ္ရွ္ဖို႔ဒ္ဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈမရွိတဲ့အတြက္ ကလပ္အသင္းမွာပဲ

ဆက္လက္ေနထိုင္ရမွာျဖစ္ၿပီး ေဆာက္သမ္တန္ကြင္းလယ္လူဝက္ဒ္ပေရာကစ္ကေတာ့

အဖ်ားေဝဒနာခံစားေနရတာေၾကာင့္ အဂၤလန္အသင္းအတြက္ပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။

ေမဆင္ေမာင့္ကေတာ့ မၾကာေသးခင္က သူ႔ရဲ႕’သြား’ကို ခြဲစိတ္ကုသမႈခံယူခဲ့ရတဲ့အတြက္

လာမယ့္ရက္ေတြအတြင္း သူ႔အေျခအေနကို ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး

လုခ္ေရွာကလည္း မန္ခ်က္စတာဒါဘီပြဲမွာ ဦးေခါင္းဒဏ္ရာရရွိခဲ့လို႔ အဂၤလန္အသင္းမွာ

ပါဝင္ကစားဖို႔မေသခ်ာေသးတဲ့အေနအထားပါပဲ။ အဂၤလန္အသင္းဟာ

ႏိုဝင္ဘာ(၁၂၊ ၁၅)ရက္ေတြမွာ အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔  ကမာၻ႔ဖလား

ေျခစစ္ပြဲအျဖစ္ရင္ဆိုင္ရမွာျဖစ္ၿပီး (၁)ပြဲႏိုင္ရင္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္မွာပဲျဖစ္ပါတယ္။