နိုင်ငံပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့်များ

ယမန်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ

ယူနိုက်တက်လူငယ်လေးတွေဖြစ်တဲ့ ဒီလန်လီဗစ်နဲ့
အလီယန်ဒရိုဂါနာချိုတို့ဟာ သက်ဆိုင်ရာအသင်းတွေအတွက်
အသီးသီးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။
၂၀၂၁-၂၂ ရာသီက စကော့တလန်ကလပ်
ဒန်ဒီးယူနိုက်တက်မှာ အငှားသွားကစားခဲ့တဲ့

ယူနိုက်တက်ကွင်းလယ်လူ ဒီလန်လီဗစ်ဟာ
ယမန်နေ့ညက ပိုလန်အသင်းကို ၂-၁ ဂိုးနဲ့
အရေးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဝေးလ်အသင်းကြီးအတွက်
ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရခဲ့ပြီး ဝေးလ်က
ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပေးလိုက်ရလို့

အရေးနိမ့်ခဲ့ရပေမယ့် လီဗစ်ကတော့
အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။
သူဟာ အဲဒီပွဲမှာ Rating
အများဆုံးရရှိသူအဖြစ်ပါ ခြေစွမ်းပြနိုင်ခဲ့ပြီး
ဒီပုံစံအတိုင်းဆိုရင် ယူကရိန်းနဲ့

ကစားရမယ့် အရေးကြီး
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
ဆက်လက်ပါဝင်ကစားခွင့်ရဖို့များနေပါတယ်။
လီဗစ်ဟာ ဘောလုံးထိမှု ၇၁ကြိမ်၊
ဖျက်ထုတ်မှု ၇ကြိမ်မှာ ၅ကြိမ်အောင်မြင်ခဲ့သလို

ဘောလုံးပြန်ဆယ်ယူမှု ၁၀ကြိမ်အထိရှိခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ လီဗစ်ဟာ
တစ်ဦးချင်းယှဉ်လုမှု ၇ကြိမ်မှာ
ရာနှုန်းပြည့်အသာရခဲ့ပြီး
ဒန်ဒီးယူနိုက်တက်ပရိသတ်တွေက

ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံး
ကစားသမားဆုလည်း ရရှိထားသူဖြစ်ပါတယ်။
သူဟာ လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့
စာချုပ်သစ်ချုပ်ဆိုဖို့ မသေမချာဖြစ်နေပြီး
ရာသီသစ်မှာလည်း တခြားပရီးမီးယားလိဂ်

ကလပ်အသင်းတစ်သင်းမှာ အငှားကစားရဖွယ်ရှိနေပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ တူလန်ပြိုင်ပွဲမှာ
ပနားမား ယူ ၂၃အသင်းကို ၁-၀ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်လူငယ်တိုက်စစ်မှူး
ဂါနာချိုက အာဂျင်တီးနားယူ ၂၀အသင်းအတွက်

တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနား ယူ၂၀အသင်းနည်းပြ
မာရှေယာနိုအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ပြီး
အသင်းက အခုချိန်မှာ ၂ပွဲကစား ၂ပွဲအနိုင်နဲ့
ဆီမီးဖိုင်နယ် တက်ရောက်ဖို့

အခြေအနေကောင်းနေသလို
အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စနေနေ့မှာ
အိမ်ရှင် ပြင်သစ် ယူ၂၀အသင်းနဲ့
ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ႏိုင္ငံပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ယူႏုိက္တက္လူငယ္ၾကယ္ပြင့္မ်ား
ယမန္ေန႔က က်င္းပခဲ့တဲ့ ႏိုင္ငံတကာပြဲေတြမွာ
ယူႏိုက္တက္လူငယ္ေလးေတြျဖစ္တဲ့ ဒီလန္လီဗစ္နဲ႔

အလီယန္ဒရိုဂါနာခ်ိဳတို႔ဟာ သက္ဆုိင္ရာအသင္းေတြအတြက္
အသီးသီးေျခစြမ္းျပႏိုင္ခဲ့ၾကပါတယ္။
၂၀၂၁-၂၂ ရာသီက စေကာ့တလန္ကလပ္
ဒန္ဒီးယူႏုိက္တက္မွာ အငွားသြားကစားခဲ့တဲ့
ယူႏုိက္တက္ကြင္းလယ္လူ ဒီလန္လီဗစ္ဟာ

ယမန္ေန႔ညက ပိုလန္အသင္းကို ၂-၁ ဂိုးနဲ႔
အေရးနိမ့္ခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ ေ၀းလ္အသင္းႀကီးအတြက္
ပြဲခ်ိန္ျပည့္ပါ၀င္ကစားခြင့္ရခဲ့ၿပီး ေ၀းလ္က
ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြ ေပးလုိက္ရလုိ႔
အေရးနိမ့္ခဲ့ရေပမယ့္ လီဗစ္ကေတာ့

အထူးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
သူဟာ အဲဒီပြဲမွာ Rating
အမ်ားဆုံးရရွိသူအျဖစ္ပါ ေျခစြမ္းျပႏိုင္ခဲ့ၿပီး
ဒီပုံစံအတုိင္းဆိုရင္ ယူကရိန္းနဲ႔
ကစားရမယ့္ အေရးႀကီး

ကမၻာ့ဖလားေျခစစ္ပြဲမွာ
ဆက္လက္ပါ၀င္ကစားခြင့္ရဖို႔မ်ားေနပါတယ္။
လီဗစ္ဟာ ေဘာလုံးထိမႈ ၇၁ႀကိမ္၊
ဖ်က္ထုတ္မႈ ၇ႀကိမ္မွာ ၅ႀကိမ္ေအာင္ျမင္ခဲ့သလုိ
ေဘာလုံးျပန္ဆယ္ယူမႈ ၁၀ႀကိမ္အထိရွိခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ရွိ လီဗစ္ဟာ
တစ္ဦးခ်င္းယွဥ္လုမႈ ၇ႀကိမ္မွာ
ရာႏႈန္းျပည့္အသာရခဲ့ၿပီး
ဒန္ဒီးယူႏုိက္တက္ပရိသတ္ေတြက
ေရြးခ်ယ္တဲ့ တစ္ႏွစ္တာအေကာင္းဆုံး

ကစားသမားဆုလည္း ရရွိထားသူျဖစ္ပါတယ္။
သူဟာ လက္ရွိအခ်ိန္မွာ ယူႏုိက္တက္နဲ႔
စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မေသမခ်ာျဖစ္ေနၿပီး
ရာသီသစ္မွာလည္း တျခားပရီးမီးယားလိဂ္
ကလပ္အသင္းတစ္သင္းမွာ အငွားကစားရဖြယ္ရွိေနပါတယ္။

ျပင္သစ္ႏိုင္ငံမွာ က်င္းပေနတဲ့ တူလန္ၿပိဳင္ပြဲမွာ
ပနားမား ယူ ၂၃အသင္းကို ၁-၀ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏုိက္တက္လူငယ္တုိက္စစ္မွဴး
ဂါနာခ်ိဳက အာဂ်င္တီးနားယူ ၂၀အသင္းအတြက္
တစ္လုံးတည္းေသာအႏုိင္ဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။

အာဂ်င္တီးနား ယူ၂၀အသင္းနည္းျပ
မာေရွယာႏိုအတြက္ေတာ့ စိတ္ေက်နပ္စရာျဖစ္ခဲ့ၿပီး
အသင္းက အခုခ်ိန္မွာ ၂ပြဲကစား ၂ပြဲအႏိုင္နဲ႔
ဆီမီးဖုိင္နယ္ တက္ေရာက္ဖို႔
အေျခအေနေကာင္းေနသလို

အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ စေနေန႔မွာ
အိမ္ရွင္ ျပင္သစ္ ယူ၂၀အသင္းနဲ႔
ရင္ဆုိင္ရမွာျဖစ္ပါတယ္။