
မော်ရီတာနီယာကစားသမားများဟာအာဖရိကဖလားပြိုင်ပွဲတွင်
နိုင်ငံတော်သီချင်းသုံးကြိမ်တိုင်တိုင်မှားဖွင့်ခြင်းခံရပြီးနောက်
သီချင်းသံမကြားရမှုနဲ့အတူ သီချင်းသံမပါဘဲအလွတ်သီဆိုမှုပြုလုပ်ခဲ့ရပါတယ်။
ဒိုင်လူကြီးဆုံးဖြတ်ချက်အမှားတွေ၊
ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ အလွဲတွေနဲ့ ရင်ဆိုင်နေရတဲ့
အာဖရိကနိုင်ငံများဖလားပွဲမှာ ဗုဒ္ဓဟူးနေ့ကလည်း နိုင်ငံတော်သီချင်းမှားဖွင့်မိခဲ့လို့
အိမ်ရှင် ကင်မရွန်းတာဝန်ရှိသူတွေအတွက် အရှက်ရစရာဖြစ်ခဲ့ပါတယ်။
ဂမ်ဘီယာကမော်ရီတာနီယာ အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့
အနိုင်ရခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပွဲမှာ ပွဲမစခင် နိုင်ငံတော်သီချင်းဆိုချိန်မှာ
မော်ရီတာနီယာကစားသမားတွေဟာ သူတို့တစ်ခါမှ မကြားဖူးတဲ့
နိုင်ငံတော်သီချင်းကို ကြားခဲ့ရလို့ အံ့အားသင့်ခဲ့ကြရပါတယ်။
သီချင်းကို သုံးကြိမ်အထိ မှားဖွင့်ခဲ့တာကြောင့် နောက်ဆုံးမှာတော့
မော်ရီတာနီယာကစားသမားတွေဟာ သူတို့ရဲ့နိုင်ငံတော်သီချင်းကို
သံစဉ်မပါဘဲ သူတို့ကိုယ်တိုင် သီဆိုခဲ့ကြရပါတယ်။
မော်ရီတာနီယာကစားသမားများကနိုင်ငံတော်သီချင်းပြဿနာနှင့်
ကြုံခဲ့ရပေမဲ့လည်းဂမ်ဘီယာအသင်းသီဆိုချိန်မှာတော့ဘာပြဿနာမှမရှိခဲ့ပါဘူး။
zawgyi
ႏိုင္ငံေတာ္သီခ်င္းမွားဖြင့္မိခဲ့လို႔ အိမ္ရွင္ ကင္မ႐ြန္းတာဝန္ရွိသူေတြအတြက္ အရွက္ရစရာျဖစ္ခဲ့
ေမာ္ရီတာနီယာကစားသမားမ်ားဟာအာဖရိကဖလားၿပိဳင္ပြဲတြင္
ႏိုင္ငံေတာ္သီခ်င္းသုံးႀကိမ္တိုင္တိုင္မွားဖြင့္ျခင္းခံရၿပီးေနာက္
သီခ်င္းသံမၾကားရမႈနဲ႔အတူ သီခ်င္းသံမပါဘဲအလြတ္သီဆိုမႈျပဳလုပ္ခဲ့ရပါတယ္။
ဒိုင္လူႀကီးဆုံးျဖတ္ခ်က္အမွားေတြ၊
ၿပိဳင္ပြဲက်င္းပေရးေကာ္မတီရဲ႕ အလြဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့
အာဖရိကႏိုင္ငံမ်ားဖလားပြဲမွာ ဗုဒၶဟူးေန႔ကလည္း ႏိုင္ငံေတာ္သီခ်င္းမွားဖြင့္မိခဲ့လို႔
အိမ္ရွင္ ကင္မ႐ြန္းတာဝန္ရွိသူေတြအတြက္ အရွက္ရစရာျဖစ္ခဲ့ပါတယ္။
ဂမ္ဘီယာကေမာ္ရီတာနီယာ အသင္းကို တစ္ဂိုး၊ ဂိုးမရွိနဲ႔
အႏိုင္ရခဲ့တဲ့ ဗုဒၶဟူးေန႔ပြဲမွာ ပြဲမစခင္ ႏိုင္ငံေတာ္သီခ်င္းဆိုခ်ိန္မွာ
ေမာ္ရီတာနီယာကစားသမားေတြဟာ သူတို႔တစ္ခါမွ မၾကားဖူးတဲ့
ႏိုင္ငံေတာ္သီခ်င္းကို ၾကားခဲ့ရလို႔ အံ့အားသင့္ခဲ့ၾကရပါတယ္။
သီခ်င္းကို သုံးႀကိမ္အထိ မွားဖြင့္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာေတာ့
ေမာ္ရီတာနီယာကစားသမားေတြဟာ သူတို႔ရဲ႕ႏိုင္ငံေတာ္သီခ်င္းကို
သံစဥ္မပါဘဲ သူတို႔ကိုယ္တိုင္ သီဆိုခဲ့ၾကရပါတယ္။
ေမာ္ရီတာနီယာကစားသမားမ်ားကႏိုင္ငံေတာ္သီခ်င္းျပႆနာႏွင့္
ႀကဳံခဲ့ရေပမဲ့လည္းဂမ္ဘီယာအသင္းသီဆိုခ်ိန္မွာေတာ့ဘာျပႆနာမွမရွိခဲ့ပါဘူး။