
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာစိတ်ပျက်လက်ပျက်ဖြစ်ခဲ့တဲ့နောက်





စပါးအသင်းခေါင်းဆောင်လိုရစ်ဟာ နိုင်ငံတကာကစားသမားဘဝကနေ
အနားယူခဲ့ပြီလို့ The Sun သတင်းစာက အတည်ပြုပေးလိုက်ပါတယ်။





အသက် ၃၆နှစ် အရွယ် ဂိုးသမားလိုရစ်ဟာ ပြင်သစ်နဲ့အတူ
ကမ္ဘာ့ချန်ပီယံဆုကိုကာကွယ်ဖို့ စိတ်အားထက်သန်ခဲ့ပေမဲ့
ဖိုင်နယ်မှာ အာဂျင်တီးနားကိုရှုံးပြီး အသည်းကွဲခဲ့ရပါတယ်။





ပြင်သစ်သတင်းစာ L’Equipe ကလည်း လိုရစ်ဟာ သူ့ရဲ့
၁၄နှစ် ကြာနိုင်ငံတကာကစားသမားဘဝကိုအဆုံးသတ်လိုက်ပြီလို့





ဖော်ပြလိုက်တာဖြစ်တယ်။ လိုရစ်ဟာ ၂၀၀၈ မှာ ပြင်သစ်
လက်ရွေးစင်အသင်းနဲ့အတူစတင်ပွဲထွက်ခဲ့တာဖြစ်ပြီး
ပြင်သစ်အသင်းသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားသူအဖြစ်





၁၄၅ ပွဲ အထိပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။
လိုရစ်ဟာ နောက်ခံလူဟောင်း လီလီယံသူရမ်ထက် ၂ပွဲ





ပိုကစားခဲ့ပြီး တတိယနေရာက အွန်နရီထက် ၂၂ ပွဲအထိ
ပိုကစားပေးခဲ့တာပါ။ ၂၀၁၀ ခုနှစ်ကတည်းက ပြင်သစ်
အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တာကြောင့်





နည်းပြဒက်ချမ့်အနေနဲ့ နောက်ထပ်အသင်းခေါင်းဆောင်သစ်
တစ်ယောက်ကိုရှာဖွေရတော့မှာဖြစ်တယ်။





လိုရစ်ဟာ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ကြိမ်
ဝင်ရောက်ကစားခဲ့ပြီး နှစ်ကြိမ်ဗိုလ်လုပွဲရောက်ခဲ့တာပါ။
၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာတော့ ခရိုအေးရှားနဲ့တွေ့ဆုံခဲ့ပြီး





အမှားတစ်ကြိမ်ကျူးလွန်ခဲ့ပေမဲ့ အသင်းဗိုလ်စွဲဖို့အတွက်
လိုအပ်တဲ့အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။





ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ မက်ဆီရဲ့
အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ
အရေးနိမ့်ခဲ့ပြီး ချန်ပီယံကာကွယ်ခွင့်နဲ့လွဲချော်ခဲ့ရတာဖြစ်တယ်။





zawgyi
ႏိုင္ငံတကာကစားသမားဘဝကေန အနားယူၿပီလို႔ ဂိုးသမားလိုရစ္ ထုတ္ျပန္ေၾကညာလိုက္





ကမာၻ႔ဖလားဗိုလ္လုပြဲမွာစိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့တဲ့ေနာက္
စပါးအသင္းေခါင္းေဆာင္လိုရစ္ဟာ ႏိုင္ငံတကာကစားသမားဘဝကေန
အနားယူခဲ့ၿပီလို႔ The Sun သတင္းစာက အတည္ျပဳေပးလိုက္ပါတယ္။





အသက္ ၃၆ႏွစ္ အ႐ြယ္ ဂိုးသမားလိုရစ္ဟာ ျပင္သစ္နဲ႔အတူ
ကမာၻ႔ခ်န္ပီယံဆုကိုကာကြယ္ဖို႔ စိတ္အားထက္သန္ခဲ့ေပမဲ့





ဖိုင္နယ္မွာ အာဂ်င္တီးနားကိုရႈံးၿပီး အသည္းကြဲခဲ့ရပါတယ္။
ျပင္သစ္သတင္းစာ L’Equipe ကလည္း လိုရစ္ဟာ သူ႔ရဲ႕
၁၄ႏွစ္ ၾကာႏိုင္ငံတကာကစားသမားဘဝကိုအဆုံးသတ္လိုက္ၿပီလို႔





ေဖာ္ျပလိုက္တာျဖစ္တယ္။ လိုရစ္ဟာ ၂၀၀၈ မွာ ျပင္သစ္
လက္ေ႐ြးစင္အသင္းနဲ႔အတူစတင္ပြဲထြက္ခဲ့တာျဖစ္ၿပီး





ျပင္သစ္အသင္းသမိုင္းတစ္ေလွ်ာက္ပြဲအမ်ားဆုံးကစားသူအျဖစ္
၁၄၅ ပြဲ အထိပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။
လိုရစ္ဟာ ေနာက္ခံလူေဟာင္း လီလီယံသူရမ္ထက္ ၂ပြဲ





ပိုကစားခဲ့ၿပီး တတိယေနရာက အြန္နရီထက္ ၂၂ ပြဲအထိ
ပိုကစားေပးခဲ့တာပါ။ ၂၀၁၀ ခုႏွစ္ကတည္းက ျပင္သစ္





အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့တာေၾကာင့္
နည္းျပဒက္ခ်မ့္အေနနဲ႔ ေနာက္ထပ္အသင္းေခါင္းေဆာင္သစ္
တစ္ေယာက္ကိုရွာေဖြရေတာ့မွာျဖစ္တယ္။





လိုရစ္ဟာ ျပင္သစ္နဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲ ၄ႀကိမ္
ဝင္ေရာက္ကစားခဲ့ၿပီး ႏွစ္ႀကိမ္ဗိုလ္လုပြဲေရာက္ခဲ့တာပါ။





၂၀၁၈ ကမာၻ႔ဖလားဖိုင္နယ္မွာေတာ့ ခ႐ိုေအးရွားနဲ႔ေတြ႕ဆုံခဲ့ၿပီး
အမွားတစ္ႀကိမ္က်ဴးလြန္ခဲ့ေပမဲ့ အသင္းဗိုလ္စြဲဖို႔အတြက္
လိုအပ္တဲ့အေထာက္အပံ့ေပးႏိုင္ခဲ့ပါတယ္။





ကာတာကမာၻ႔ဖလားဗိုလ္လုပြဲမွာေတာ့ မက္ဆီရဲ႕
အာဂ်င္တီးနားအသင္းကို ပင္နယ္တီအဆုံးအျဖတ္မွာ





အေရးနိမ့္ခဲ့ၿပီး ခ်န္ပီယံကာကြယ္ခြင့္နဲ႔လြဲေခ်ာ္ခဲ့ရတာျဖစ္တယ္။