နိုင်ငံခြားသားအဖြစ် ရော်နယ်ဒိုကိုစာရင်းသွင်းနိုင်ဖို့ အဘူဘာကာနဲ့ အယ်လ်နက်ဆာ စာချုပ်ဖျက်သိမ်းခဲ့

အယ်လ်နက်ဆာအသင်းဟာ တိုက်စစ်မှူးအဘူဘာကာနဲ့

စာချုပ်ဖျက်သိမ်းခဲ့တယ်လို့ ဆော်ဒီသတင်းစာ Al Riyadh က

အတည်ပြုလိုက်ပါတယ်။ တနည်းအားဖြင့်တော့ ရော်နယ်ဒိုကို

စာရင်းသွင်းနိုင်ဖို့အတွက် အဘူဘာကာ စတေးခံလိုက်ရတာဖြစ်တယ်။

အယ်လ်နက်ဆာအသင်းမှာ နိုင်ငံခြားသားကစားသမား

အရေအတွက်ပြည့်နေတာကြောင့် ရော်နယ်ဒိုအတွက်

နေရာလွတ်ရဖို့တစ်ယောက်ယောက်ကို ရှင်းထုတ်ဖို့

လိုအပ်ခဲ့တာပါ။ Al Riyadh ကတော့ ဆော်ဒီကလပ်ဟာ

ကင်မရွန်းတိုက်စစ်မှူး အဘူဘာကာကို လမ်းခွဲခြင်းနဲ့အတူ

ရော်နယ်ဒိုအတွက်တစ်နေရာစာရှာပေးခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

အဘူဘာကာဟာ အယ်လ်နက်ဆာကစားသမားဘဝမှာ

၁၃ ဂိုး၊ ၆ကြိမ် ဖန်တီးထားနိုင်သူဖြစ်ပြီး ကမ္ဘာ့ဖလားမှာ

ဆားဘီးယားဘက်ကို chip ကန်ချက်နဲ့ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့တစ်လုံးတည်းသောသွင်းဂိုးက ကင်မရွန်းအသင်းကို

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးကိုပထမဆုံးအနိုင်ရတဲ့

အာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်စေခဲ့ပါတယ်။

ကင်မရွန်းကြယ်ပွင့်ဟာ လီဗာပူးတိုက်စစ်မှူးဆာလက်လောက်တော့

ကောင်းအောင်ကစားနိုင်တယ်လို့ ခံယူထားသူလည်းဖြစ်တယ်။

“လူတွေသဘောမကျရင်တောင် ငါအရှုံးပေးမှာမဟုတ်ဘူး။

ငါ ဆာလက်ကိုအထင်ကြီးတာမဟုတ်ဘူး။ သူ့လိုပဲ ငါလည်း

လုပ်နိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ကစားသမားဘဝမှာ

ကလပ်အသင်းကြီးနဲ့ကစားဖို့အခွင့်အရေးမရှိခဲ့ဘူး” လို့

အဘူဘာကာ ကဆိုခဲ့ဖူးတာဖြစ်တယ်။

zawgyi

ႏိုင္ငံျခားသားအျဖစ္ ေရာ္နယ္ဒိုကိုစာရင္းသြင္းႏိုင္ဖို႔ အဘူဘာကာနဲ႔ အယ္လ္နက္ဆာ စာခ်ဳပ္ဖ်က္သိမ္းခဲ့

အယ္လ္နက္ဆာအသင္းဟာ တိုက္စစ္မႉးအဘူဘာကာနဲ႔

စာခ်ဳပ္ဖ်က္သိမ္းခဲ့တယ္လို႔ ေဆာ္ဒီသတင္းစာ Al Riyadh က

အတည္ျပဳလိုက္ပါတယ္။ တနည္းအားျဖင့္ေတာ့ ေရာ္နယ္ဒိုကို

စာရင္းသြင္းႏိုင္ဖို႔အတြက္ အဘူဘာကာ စေတးခံလိုက္ရတာျဖစ္တယ္။

အယ္လ္နက္ဆာအသင္းမွာ ႏိုင္ငံျခားသားကစားသမား

အေရအတြက္ျပည့္ေနတာေၾကာင့္ ေရာ္နယ္ဒိုအတြက္

ေနရာလြတ္ရဖို႔တစ္ေယာက္ေယာက္ကို ရွင္းထုတ္ဖို႔

လိုအပ္ခဲ့တာပါ။ Al Riyadh ကေတာ့ ေဆာ္ဒီကလပ္ဟာ

ကင္မ႐ြန္းတိုက္စစ္မႉး အဘူဘာကာကို လမ္းခြဲျခင္းနဲ႔အတူ

ေရာ္နယ္ဒိုအတြက္တစ္ေနရာစာရွာေပးခဲ့တယ္လို႔ အသိေပးခဲ့ပါတယ္။

အဘူဘာကာဟာ အယ္လ္နက္ဆာကစားသမားဘဝမွာ

၁၃ ဂိုး၊ ၆ႀကိမ္ ဖန္တီးထားႏိုင္သူျဖစ္ၿပီး ကမာၻ႔ဖလားမွာ

ဆားဘီးယားဘက္ကို chip ကန္ခ်က္နဲ႔ဂိုးသြင္းခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕တစ္လုံးတည္းေသာသြင္းဂိုးက ကင္မ႐ြန္းအသင္းကို

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးကိုပထမဆုံးအႏိုင္ရတဲ့

အာဖရိကအသင္းအျဖစ္မွတ္တမ္းဝင္ေစခဲ့ပါတယ္။

ကင္မ႐ြန္းၾကယ္ပြင့္ဟာ လီဗာပူးတိုက္စစ္မႉးဆာလက္ေလာက္ေတာ့

ေကာင္းေအာင္ကစားႏိုင္တယ္လို႔ ခံယူထားသူလည္းျဖစ္တယ္။

“လူေတြသေဘာမက်ရင္ေတာင္ ငါအရႈံးေပးမွာမဟုတ္ဘူး။

ငါ ဆာလက္ကိုအထင္ႀကီးတာမဟုတ္ဘူး။ သူ႔လိုပဲ ငါလည္း

လုပ္ႏိုင္တယ္။ ဒါေပမဲ့ ငါ့ရဲ႕ကစားသမားဘဝမွာ

ကလပ္အသင္းႀကီးနဲ႔ကစားဖို႔အခြင့္အေရးမရွိခဲ့ဘူး” လို႔

အဘူဘာကာ ကဆိုခဲ့ဖူးတာျဖစ္တယ္။