နိုင်ဂျီးရီးယားအသင်းရဲ့ စုစည်းမှုရှိတဲ့ကစားပုံကြောင့် ဆာလာ ကြိုးပမ်းမှုတွေက အလကားဖြစ်ခဲ့
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းဟာနိုင်ဂျီးရီးယားကို
ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးတိုက်စစ်မှူး ဆာလာ ကို
ပရိ သတ်တွေက ဆိုရှယ်မီဒီယာထက်ကနေဝေဖန်နေကြတယ်လို့ သိရပါတယ်။
နိုင်ဂျီးရီးယားဟာ လက်စတာတိုက်စစ်မှူး အီဟီ ယာနာချိုရဲ့
လှပတဲ့သွင်းဂိုးနဲ့အီဂျစ်ကို ၁-၀ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဆာလာဟာသူအစွမ်း ရှိသလောက်ကြိုးစားပေးခဲ့ပေမယ့်
ပရိသတ်အချို့ကတော့ ဆာလာ ကပွဲအဖြေပြောင်းလဲပစ်နိုင်တဲ့အထိ
မစွမ်းဆောင်နိုင်ခဲ့တာ ကို အပြစ်တင်နေကြတာပါ။
အထူးသဖြင့်နိုင်ဂျီးရီးယားအသင်းရဲ့ စုစည်းမှုရှိတဲ့ကစားပုံကြောင့်
ဆာလာရဲ့ကြိုးပမ်းမှုတွေက အလကားဖြစ်ခဲ့ရတာပါ။
နိုင်ဂျီးရီးယားတို့ဘယ်လောက်တောင်အားထုတ်ခဲ့သလဲ ဆိုရင်
ဂိုးပေါက်ကန်ချက်ကိုကာကွယ်ဖို့ သူတို့ ခန္ဓာကိုယ်တွေကို
လှဲချပစ်တဲ့အထိ လုပ်ခဲ့တာပါ။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဆာလာ ဟာဒီပွဲမှာမြေမကျ
ကန်ချက်ကိုလှပစွာ ကန်နိုင်ခဲ့သေးပေယ့် စည်းကြပ်ဒိုင်က
လူကျွံအလံထောင်ထားလို့ ဂိုးရနိုင်တဲ့အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။
နိုင်ဂျီးရီးယားအသင်းဟာ ဆာလာ ကိုထိန်းချုပ်ဖို့သေချာစီမံထားတာကြောင့်
သူဟာဘောလုံးထိချက် ၃၅ ကြိမ်ဘဲရှိခဲ့ပြီး ပြိုင်ဘက်ပင်နယ်တီဧရိယာထဲ မှာ
၄ ကြိမ်သာဘောလုံးထိခဲ့ရတာပါ။
ဒါ့အပြင်မှတ်တမ်းအရ သူဟာဂိုးပေါက်တည့်အောင်တစ်ကြိမ်သာကန်နိုင်ခဲ့ပြီး
ဘောလုံးလှည့်စားမှု ၂ ကြိမ်သာပြုလုပ်ခဲ့ရာမှာ တစ်ကြိမ်သာအောင်မြင်ခဲ့တာပါ။
ဒါကြောင့်လည်း တွစ်တာအသုံးပြုသူတွေထဲကတစ်ဦးက
” လီဗာပူးကစားဖော်တွေမပါလို့ ဆာ လာဘာမှအသုံးမဝင်ခဲ့ဘူး” လို့ဆိုခဲ့ပါတယ်။
နောက်တစ်ဦးက ” လူတွေကလည်းအကြောင်းပြချက်မရှိဘဲ
ဆာလာ ကို သွားပုတ်လေလွင့်လိုက်ပြောနေတယ်၊
ဒီကနေ့မှာသူကစားခဲ့ရတာတောင်မဟုတ်ဘူး” လို့အရွဲ့စကားတင်ခဲ့ပါတယ်။
နောက်ထပ် ပို့စ်တွေမှာလည်း ” ဆာလာနဲ့ နိုင်ဂျီးရီးယား တို့ရဲ့
highlights. Egyptian king?လား။ ပစ်မှတ်ရှာမတွေ့တဲ့သူ”၊
” ပြေးစရာနေ ရာလွတ်မရှိ လို့ ဆာလာဟာခက်ခဲတဲ့ပွဲမှာ အသုံးမဝင်ပြန်ဘူး”၊
” ပြိုင်ဘက်ခံစစ်မှူးနှစ်ယောက်က ဆာလာကိုအမြဲထိန်းချုပ် ထားတယ်။
ကျုပ်ငိုရပြီလေ။ အာရိကဆိုတာ ဟာသမဟုတ်ဘူး” လို့ဆိုခဲ့ကြပါတယ်။
ဒီပွဲမှာ အီဂျစ်နည်းပြ ကားလို့စ်ကွီရော့ဇ်က ၅-၅-၀ ကစားကွက်ကို
ကျင့်သုံးခဲ့လို့ ပရိသတ်တွေစိတ်ရှုပ်ခဲ့ကြရပါတယ်။
ဒီပွဲအတွက် ရုပ်သံကထုတ်လွှင့်မှုမှာ နှစ်ဖက်အသင်းရဲ့ကစားကွက်
အခင်အကျင်းကိုပြတဲ့အချိန်မှာ အီဂျစ်က ၅-၅ နဲ့သာကစားမှာဖြစ်လို့
ပရိသတ်တွေ မင်သက်ခဲ့ကြတာပါ။ ဒါပေမယ့်တကယ်ပွဲကစားတဲ့အခါမှာတော့
ဆာလာ ကအထောင်တိုက်စစ်မှူးအဖြစ်ကျန် ရစ်နေပြီး
ပြိုင်ဘက်ခံစစ်ကြောင်းရှေ့မှာ တစ်ယောက်တည်းဖြစ်နေလို့
ကွီရော့ဇ်ရဲ့နည်းစနစ်ပိုင်းလည်း ဝေဖန်ခံနေရပါတယ်။
zawgyi
၎ ကြိမ်သာဘောလုံးထိခဲ့ရတာပါ။