
နေမာဟာစနေနေ့တုန်းကနိုက်စ်နှင့်ပွဲတွင် နိုက်စ်တိုက်စစ်မှူးအေမိန်းဂူရီက
ဘရာဇီးစတားရဲ့အမှတ်အသားဘောလုံးလိမ်ခေါက်ကွက်တစ်ခုဖြစ်တဲ့
Rainbow Flick ကိုအသုံးပြုရန်ကြိုးပမ်းမှုအပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာစနေနေ့ညတုန်းကပွဲတွင်နိုက်စ်ကိုမထင်မှတ်ဘဲ
၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာ ယခုရာသီတတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
နိုက်စ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုအင်ဒီဒီလော့ဒ်ကသွင်းယူခဲ့ပြီး
ယင်းနိုင်ပွဲကြောင့်နိုက်စ်ဟာအမှတ်ပေးဇယားအဆင့်၂နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာနေမာဟာပြဿနာရှာခဲ့ပါတယ်။
ဂူရီဟာဒိုင်လူကြီးကပွဲသိမ်းခရာမှုတ်ပြီးနောက်
Rainbow Flick ပဥ္စလက်ကွက်သုံးရန်ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့နေမာဟာသူ့အမှတ်အသားပဥ္စလက်ကွက်ကိုအသုံးပြုတဲ့
နိုက်စ်တိုက်စစ်မှူးကိုတွန်းပြီးရန်ပွဲစတင်ခဲ့ပါတယ်။
ဒါပေမဲ့ကွင်းလယ်ဒိုင်လူကြီးနှင့်စည်းကြပ်ဒိုင်တို့
အချိန်မီရောက်လာကာလူခွဲမှုနဲ့အတူရန်ပွဲမဖြစ်ခဲ့ပါဘူး။
နေမာဟာပြိုင်ဘက်ကစားသမားများကိုပဥ္စလက်ကွက်အသုံးပြုပြီး
အရှက်တကွဲဖြစ်အောင်လုပ်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။
zawgyi
ႏိုက္စ္တိုက္စစ္မႉးက Rainbow Flick ကိုအသုံးျပဳရန္ႀကိဳးပမ္းမႈအေပၚ ေဒါသတႀကီးတုံ႔ျပန္ခဲ့တဲ့ ေနမာ
ေနမာဟာစေနေန႔တုန္းကႏိုက္စ္ႏွင့္ပြဲတြင္ ႏိုက္စ္တိုက္စစ္မႉးေအမိန္းဂူရီက
ဘရာဇီးစတားရဲ႕အမွတ္အသားေဘာလုံးလိမ္ေခါက္ကြက္တစ္ခုျဖစ္တဲ့
Rainbow Flick ကိုအသုံးျပဳရန္ႀကိဳးပမ္းမႈအေပၚ ေဒါသတႀကီးတုံ႔ျပန္ခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာစေနေန႔ညတုန္းကပြဲတြင္ႏိုက္စ္ကိုမထင္မွတ္ဘဲ
၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ကာ ယခုရာသီတတိယေျမာက္ရႈံးပြဲႀကဳံေတြ႕ခဲ့ပါတယ္။
ႏိုက္စ္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုအင္ဒီဒီေလာ့ဒ္ကသြင္းယူခဲ့ၿပီး
ယင္းႏိုင္ပြဲေၾကာင့္ႏိုက္စ္ဟာအမွတ္ေပးဇယားအဆင့္၂ေနရာသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာေနမာဟာျပႆနာရွာခဲ့ပါတယ္။
ဂူရီဟာဒိုင္လူႀကီးကပြဲသိမ္းခရာမႈတ္ၿပီးေနာက္
Rainbow Flick ပၪၥလက္ကြက္သုံးရန္ႀကိဳးပမ္းခဲ့ပါတယ္။
ဒါေပမဲ့ေနမာဟာသူ႔အမွတ္အသားပၪၥလက္ကြက္ကိုအသုံးျပဳတဲ့
ႏိုက္စ္တိုက္စစ္မႉးကိုတြန္းၿပီးရန္ပြဲစတင္ခဲ့ပါတယ္။
ဒါေပမဲ့ကြင္းလယ္ဒိုင္လူႀကီးႏွင့္စည္းၾကပ္ဒိုင္တို႔
အခ်ိန္မီေရာက္လာကာလူခြဲမႈနဲ႔အတူရန္ပြဲမျဖစ္ခဲ့ပါဘူး။
ေနမာဟာၿပိဳင္ဘက္ကစားသမားမ်ားကိုပၪၥလက္ကြက္အသုံးျပဳၿပီး
အရွက္တကြဲျဖစ္ေအာင္လုပ္ခဲ့ဖူးတဲ့သူျဖစ္ပါတယ္။