
ဒီရာသီမှာတော့ ယူနိုက်တက်ကြယ်ပွင့်ရက်ရှ်ဖို့ဒ်ရဲ့ အောင်ပွဲခံပုံစံက





အတော်လေး ဂယက်ထနေပြီး အခြားသောကစားသမားတွေက
တုပနေကြတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ အရာအားလုံးကို





စောင့်ကြည့်နေခဲ့တဲ့ ပရိသတ်တစ်ယောက်ကတော့ နားထင်ကို
လက်ညှိုးထောက်ပြီးအောင်ပွဲခံတဲ့ပုံစံကို အစောဆုံးလုပ်ခဲ့သူက
ရက်ရှ်ဖို့ဒ်မဟုတ်ဘူးလို့ ထောက်ပြလာတာဖြစ်တယ်။





အသက် ၂၅နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ နည်းပြတန်ဟတ်
လက်အောက်မှာပုံစံကောင်းပြန်ရလာသူဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံမှာ





၁၇ဂိုးသွင်းထားသလို ၆ကြိမ်ဖန်တီးထားနိုင်ပါတယ်။
အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ၃ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ
ပြိုင်ပွဲအပြီး ယူနိုက်တက်ပြန်အလာမှာ သူမတူတဲ့ခြေစွမ်း





ပြသနေတာဖြစ်တယ်။ သူဂိုးပေါက်ရှာတွေ့တဲ့နောက် နားထင်ကို
လက်ညှိုးပြီးအောင်ပွဲခံတာကိုမကြာခဏတွေ့ရမှာပါ။





ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဆာကာ ဂိုးသွင်းယူပြီးတဲ့နောက်
ရက်ရှ်ဖို့ဒ်ပုံစံအတိုင်းအောင်ပွဲခံခဲ့သလို နယူးကာဆယ်ရဲ့
ဂျိုလင်တန်နဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကင်မစ်ရှ်တို့ကလည်း





ထပ်တူအောင်ပွဲခံခဲ့တာတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း
တွေ့ခဲ့ရတာဖြစ်တယ်။ အားလုံးကတော့ ရက်ရှ်ဖို့ဒ်ပုံစံကို





တုပတယ်လို့ ယူဆနေကြပေမဲ့ ပရိသတ်တစ်ယောက်က
တွစ်တာကတစ်ဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကွင်းလယ်လူ
ချိုအာမန်နီအစပြုခဲ့ပုံကိုထောက်ပြလိုက်ပါတယ်။





ကွာတားဖိုင်နယ်မှာ အင်္ဂလန်ဘက်ကိုဂိုးသွင်းပြီးနောက်
ရီးရဲလ်ကွင်းလယ်လူက နားထင်ကိုလက်ညှိုးထောက်ပြခဲ့တာ





ဖြစ်တယ်။ “တရားမျှတမှုရှိဖို့အတွက်ပါ၊ ဒါက ရက်ရှ်ဖို့ဒ်ရဲ့
အောင်ပွဲခံပုံစံမဟုတ်ပါဘူး” လို့ပရိသတ်တစ်ယောက်က
မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က “ချိုအာမန်နီက





ရက်ရှ်ဖို့ဒ်ရှေ့မှာ အဲ့ဒီလိုလုပ်တာမဟုတ်ဘူးလား” လို့တုံ့ပြန်ခဲ့ပါတယ်။
zawgyi





နားထင္ကိုလက္ညႇိဳးထိုးေအာင္ပြဲခံပုံစံကို ပထမဆုံးလုပ္ခဲ့သူက ရက္ရွ္ဖို႔ဒ္မဟုတ္ဘူးလို႔ လင္းယုန္မ်က္လုံးပရိသတ္ေတြ ေဖာ္ထုတ္
ဒီရာသီမွာေတာ့ ယူႏိုက္တက္ၾကယ္ပြင့္ရက္ရွ္ဖို႔ဒ္ရဲ႕ ေအာင္ပြဲခံပုံစံက
အေတာ္ေလး ဂယက္ထေနၿပီး အျခားေသာကစားသမားေတြက





တုပေနၾကတာကိုေတြ႕ရမွာပါ။ ဒါေပမဲ့ အရာအားလုံးကို
ေစာင့္ၾကည့္ေနခဲ့တဲ့ ပရိသတ္တစ္ေယာက္ကေတာ့ နားထင္ကို





လက္ညႇိဳးေထာက္ၿပီးေအာင္ပြဲခံတဲ့ပုံစံကို အေစာဆုံးလုပ္ခဲ့သူက
ရက္ရွ္ဖို႔ဒ္မဟုတ္ဘူးလို႔ ေထာက္ျပလာတာျဖစ္တယ္။
အသက္ ၂၅ႏွစ္အ႐ြယ္ ရက္ရွ္ဖို႔ဒ္ဟာ နည္းျပတန္ဟတ္





လက္ေအာက္မွာပုံစံေကာင္းျပန္ရလာသူျဖစ္ၿပီး ဒီရာသီၿပိဳင္ပြဲစုံမွာ
၁၇ဂိုးသြင္းထားသလို ၆ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။





အဂၤလန္အသင္းနဲ႔အတူ ကမာၻ႔ဖလားမွာ ၃ဂိုးသြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ
ၿပိဳင္ပြဲအၿပီး ယူႏိုက္တက္ျပန္အလာမွာ သူမတူတဲ့ေျခစြမ္း
ျပသေနတာျဖစ္တယ္။ သူဂိုးေပါက္ရွာေတြ႕တဲ့ေနာက္ နားထင္ကို





လက္ညႇိဳးၿပီးေအာင္ပြဲခံတာကိုမၾကာခဏေတြ႕ရမွာပါ။
ၿပီးခဲ့တဲ့ ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ဆာကာ ဂိုးသြင္းယူၿပီးတဲ့ေနာက္





ရက္ရွ္ဖို႔ဒ္ပုံစံအတိုင္းေအာင္ပြဲခံခဲ့သလို နယူးကာဆယ္ရဲ႕
ဂ်ိဳလင္တန္နဲ႔ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ကင္မစ္ရွ္တို႔ကလည္း
ထပ္တူေအာင္ပြဲခံခဲ့တာေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း





ေတြ႕ခဲ့ရတာျဖစ္တယ္။ အားလုံးကေတာ့ ရက္ရွ္ဖို႔ဒ္ပုံစံကို
တုပတယ္လို႔ ယူဆေနၾကေပမဲ့ ပရိသတ္တစ္ေယာက္က





တြစ္တာကတစ္ဆင့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္ကြင္းလယ္လူ
ခ်ိဳအာမန္နီအစျပဳခဲ့ပုံကိုေထာက္ျပလိုက္ပါတယ္။
ကြာတားဖိုင္နယ္မွာ အဂၤလန္ဘက္ကိုဂိုးသြင္းၿပီးေနာက္





ရီးရဲလ္ကြင္းလယ္လူက နားထင္ကိုလက္ညႇိဳးေထာက္ျပခဲ့တာ
ျဖစ္တယ္။ “တရားမွ်တမႈရွိဖို႔အတြက္ပါ၊ ဒါက ရက္ရွ္ဖို႔ဒ္ရဲ႕





ေအာင္ပြဲခံပုံစံမဟုတ္ပါဘူး” လို႔ပရိသတ္တစ္ေယာက္က
မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က “ခ်ိဳအာမန္နီက
ရက္ရွ္ဖို႔ဒ္ေရွ႕မွာ အဲ့ဒီလိုလုပ္တာမဟုတ္ဘူးလား” လို႔တုံ႔ျပန္ခဲ့ပါတယ္။




