အချစ်တော် ကြွက်ကလေး ခေါ် အန်ဂိုလိုကန်တီဟာပရီးမီးယားလိဂ်တွင်
အနှိမ့်ချဆုံးစူပါစတားကစားသမားဖြစ်ကြောင်းကို Pizza Express မှာ
ညစာစားပြီးထပ်မံသက်သေထူလာပြန်ပါတယ်။
ချဲလ်ဆီးကွင်းလယ်ကစားသမားဟာဂျင်းဘောင်းဘီနှင့်အနက်ရောင်
Jamper ကိုဝတ်ဆင်ထားပြီးဆိုင်မှစားပွဲထိုးလေးနှင့် Selfie ဓာတ်ပုံ
ရိုက်ကူးပေးခဲ့ပါတယ်။ဒါ့အပြင်ကန်တီဟာစားပွဲထိုးလေးအတွက်
တစ်သက်မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်အောင် လက်ကိုင်ပဝါမှာအမှတ်တရ
လက်မှတ်ထိုးပေးခဲ့သလို လက်ဆွဲနှုတ်ဆက်မှုလည်းပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားဟာလုပ်ခများစွာရရှိတဲ့နာမည်ကျော်
ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့်လည်းဘဝကိုရိုးရှင်းစွာဖြတ်သန်း
တတ်သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ Mr Nice Guys အဖြစ်နာမည်ကြီး
သူလည်းဖြစ်ပါတယ်။ သူဟာ Mini Cooper ကားလေးကိုယ်တိုင်မောင်းကာ
ဈေးဝယ်ထွက်လေ့ရှိသူဖြစ်ပြီးပရီသတ်များအားအမှတ်တရလက်မှတ်ထိုး
ပေးဖို့အတွက်များစွာစိတ်ရှည်သည်းခံပေးသူလည်းဖြစ်ပါတယ်။
သူဟာပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးတုန်းကကမ္ဘာ့ဖလားဆုကို
ကိုင်မြှောက်ဖို့ရှက်ကြောက်နေခဲ့တာတွေ့ခဲ့ရသလိုတခါတုန်းကလည်း
ချဲလ်ဆီးအသင်းလေ့ကျင့်ရေးကွင်းသို့သွားစဉ် ယာဉ်တိုက်မှုဖြစ်မှုကြောင့်
စိတ်ညစ်နေစဉ်အတွင်းပရိသတ်များကလက်မှတ်ထိုးပေးဖို့
တောင်းဆိုလာမှုကိုလည်းကြည်ဖြူစွာလုပ်ဆောင်ပေးခဲ့မှုနဲ့အတူ
လေ့ကျင့်ရေးကွင်းသို့အရောက်နောက်ကျခဲ့ရဖူးပါတယ်။
zawgyi
နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့်လည်းဘဝကိုရိုးရှင်းစွာဖြတ်သန်းတတ်သူ ကြွက်ကလေး