နာပိုလီအိမ်ကွင်းက ဒီယေဂိုမာရာဒိုနာကို ဂုဏ်ပြုထွင်းထုထားတဲ့ ရုပ်တုမှာ အမှားအယွင်းတွေ ရှိနေခဲ့တာကို မြင်တွေ့ခဲ့တဲ့ ဇာဗီ

နာပိုလီအိမ်ကွင်းက အမှားအယွင်းတွေရှိနေတဲ့ မာရာဒိုနာ ရုပ်တု

ဘာစီလိုနာနည်းပြ ဇာဗီဟာ နာပိုလီအိမ်ကွင်းက ဒီယေဂို မာရာဒိုနာကို

ဂုဏ်ပြုထွင်းထုထားတဲ့ ရုပ်တုမှာ အမှားအယွင်းတွေ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ပါတယ်။

မာရာဒိုနာက ၁၉၈၄ ခုနှစ်မှာ ဘာစီလိုနာကနေ နာပိုလီကို

အထင်ကရ အပြောင်းအရွှေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နာပိုလီက မာရာဒိုနာအပေါ် ချစ်မြတ်နိုးမှုကို ပြသမှုအဖြစ်

အာဂျင်တီးနားဂန္တဝင်ကွယ်လွန်ပြီးနောက် ၎င်းတို့ရဲ့အိမ်ကွင်းကို

ဒီယေဂို အာမန်ဒို မာရာဒိုနာကွင်းလို့ အမည်ပြောင်းလဲ ခေါ်တွင်ခဲ့တာဖြစ်ပြီး

ကွင်းထဲမှာလည်း မာရာဒိုနာရဲ့ ရုပ်တုကို ထားရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီရုပ်တုကို ယူရိုပါလိဂ် ဒုတိယကျော့ပွဲစဉ်မတိုင်ခင်

ဘာစီလိုနာနည်းပြ ဇာဗီကို ပြသခဲ့တာဖြစ်ပြီး

ဘာစီလိုနာဂန္တဝင်ကွင်းလယ်ကစားသမားဟာ အရင်တုန်းက

ဘယ်သူကမှ မြင်တွေ့ခဲ့ပုံမရတဲ့ မာရာဒိုနာရဲ့ရုပ်တုက

အလွဲတွေကို ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။

ရုပ်တုမှာ မာရာဒိုနာက ၎င်းရဲ့ ညာဘက်ပေါင်နဲ့ ဘောလုံးကို ထိန်းသိမ်းနေတာ ဖြစ်ပြီး၊

တကယ်တမ်းမှာတော့ မာရာဒိုနာဟာ ဘယ်သန်ဖြစ်ပြီး

ဘယ်ခြေနဲ့ပဲ ဘောလုံးကို ထိန်းသိမ်းဖို့ ပိုအားသန်တာပါ။

မာရာဒိုနာဟာ နာပိုလီအသင်းကို အသင်းသမိုင်းမှာ

ရွှေရောင်အတောက်ပဆုံး ခေတ်တစ်ခေတ်ဆီ ဦးဆောင်ပေးခဲ့ပြီး

စီးရီးအေဖလားကို ၂ ကြိမ် ရယူပေးခဲ့တာဖြစ်ပါတယ်။

zawgyi

နာပိုလီအိမ္ကြင္းက ဒီေယဂိုမာရာဒိုနာကို ဂုဏ္ျပဳထြင္းထုထားတဲ့ ႐ုပ္တုမွာ အမွားအယြင္းေတြ ရွိေနခဲ့တာကို ျမင္ေတြ႕ခဲ့တဲ့ ဇာဗီ

နာပိုလီအိမ္ကြင္းက အမွားအယြင္းေတြရွိေနတဲ့ မာရာဒိုနာ ႐ုပ္တု

ဘာစီလိုနာနည္းျပ ဇာဗီဟာ နာပိုလီအိမ္ကြင္းက ဒီေယဂို မာရာဒိုနာကို

ဂုဏ္ျပဳထြင္းထုထားတဲ့ ႐ုပ္တုမွာ အမွားအယြင္းေတြ ရွိေနခဲ့တာကို ျမင္ေတြ႕ခဲ့ပါတယ္။

မာရာဒိုနာက ၁၉၈၄ ခုႏွစ္မွာ ဘာစီလိုနာကေန နာပိုလီကို

အထင္ကရ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

နာပိုလီက မာရာဒိုနာအေပၚ ခ်စ္ျမတ္ႏိုးမႈကို ျပသမႈအျဖစ္

အာဂ်င္တီးနားဂႏၲဝင္ကြယ္လြန္ၿပီးေနာက္ ၎တို႔ရဲ႕အိမ္ကြင္းကို

ဒီေယဂို အာမန္ဒို မာရာဒိုနာကြင္းလို႔ အမည္ေျပာင္းလဲ ေခၚတြင္ခဲ့တာျဖစ္ၿပီး

ကြင္းထဲမွာလည္း မာရာဒိုနာရဲ႕ ႐ုပ္တုကို ထားရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီ႐ုပ္တုကို ယူ႐ိုပါလိဂ္ ဒုတိယေက်ာ့ပြဲစဥ္မတိုင္ခင္

ဘာစီလိုနာနည္းျပ ဇာဗီကို ျပသခဲ့တာျဖစ္ၿပီး

ဘာစီလိုနာဂႏၲဝင္ကြင္းလယ္ကစားသမားဟာ အရင္တုန္းက

ဘယ္သူကမွ ျမင္ေတြ႕ခဲ့ပုံမရတဲ့ မာရာဒိုနာရဲ႕႐ုပ္တုက

အလြဲေတြကို ေထာက္ျပသြားခဲ့တာျဖစ္ပါတယ္။

႐ုပ္တုမွာ မာရာဒိုနာက ၎ရဲ႕ ညာဘက္ေပါင္နဲ႔ ေဘာလုံးကို ထိန္းသိမ္းေနတာ ျဖစ္ၿပီး၊

တကယ္တမ္းမွာေတာ့ မာရာဒိုနာဟာ ဘယ္သန္ျဖစ္ၿပီး

ဘယ္ေျခနဲ႔ပဲ ေဘာလုံးကို ထိန္းသိမ္းဖို႔ ပိုအားသန္တာပါ။

မာရာဒိုနာဟာ နာပိုလီအသင္းကို အသင္းသမိုင္းမွာ

ေ႐ႊေရာင္အေတာက္ပဆုံး ေခတ္တစ္ေခတ္ဆီ ဦးေဆာင္ေပးခဲ့ၿပီး

စီးရီးေအဖလားကို ၂ ႀကိမ္ ရယူေပးခဲ့တာျဖစ္ပါတယ္။