
နာပိုလီအသင်းကို အသက်(၁၄)နှစ်အရွယ်ကတည်းကရောက်ရှိခဲ့တဲ့
အီတလီဝါရင့်တိုက်စစ်ကစားသမားအင်ဆစ်ဂ်နီဟာ (၁၆)နှစ်ကြာ
ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့လမ်းခွဲတော့မှာဖြစ်ပြီး လာမယ့်နွေရာသီကျရင်
မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းဆီပြောင်းရွှေ့ကစားဖို့သေချာသွားပါပြီ။
အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်ဆစ်ဂ်နီဟာ ပြီးခဲ့တဲ့နှစ်က,
ကျင်းပခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီအသင်းဗိုလ်စွဲအောင်
ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး အခု သူက နာပိုလီအသင်းကိုသာမက
အီတလီဘောလုံးလောကကိုပါ စွန့်ခွာတော့မှာဖြစ်ပါတယ်။
၂၀၀၉-၁၀ ရာသီကစတင်လို့ နာပိုလီအသင်းကြီးအတွက်
ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အင်ဆစ်ဂ်နီဟာ နာပိုလီကစားသမားဘဝ
(၁၁)ရာသီနီးပါးကာလအတွင်း (၄၁၆)ပွဲကစား၊ (၁၁၄)ဂိုးသွင်းပြီးတော့
ဂိုးဖန်တီးမှု(၉၁)ကြိမ်ပြုလုပ်ခဲ့ပြီး အသင်းနဲ့အတူ ကိုပါအီတလီယာဖလား(၂)ကြိမ်၊
အီတလီစူပါဖလား(၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နာပိုလီအသင်းသမိုင်းတစ်လျှောက် စတုတ္ထမြောက်
သွင်းဂိုးအများဆုံးကစားသမား အင်ဆစ်ဂ်နီရဲ့စာချုပ်က
ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ထိပ်သီးကလပ်တချို့က
စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာတော့ မေဂျာလိဂ်က
တိုရွန်တိုအသင်းဆီပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အင်ဆစ်ဂ်နီဟာ အခုဇန်နဝါရီကာလအတွင်း ပြည်ပကလပ်အသင်းတစ်သင်းနဲ့
အပြောင်းအရွှေ့အကြိုသဘောတူညီမှုရယူခွင့်ရှိနေတာကြောင့်
တိုရွန်တိုနဲ့အကြိုသဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး
ရာသီကုန်ကျရင် အလွတ်နဲ့ပြောင်းရွှေ့မှာပါ။ အင်ဆစ်ဂ်နီအနေနဲ့
တိုရွန်တိုအသင်းနဲ့(၄)နှစ်စာချုပ်ချုပ်ဆိုခဲ့သလို တစ်ပတ်လစာအဖြစ်
ပေါင်(၁၅၅,၀၀၀)ရရှိမှာဖြစ်ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက်
ပေါင်(၃.၆)သန်းအထိရဖို့ရှိနေပါတယ်။
zawgyi
နာပိုလီအသင္းကိုသာမက အီတလီေဘာလုံးေလာကကိုပါ စြန႔္ခြာေတာ့မယ့္ အင္ဆစ္ဂ္နီ
နာပိုလီအသင္းကို အသက္(၁၄)ႏွစ္အ႐ြယ္ကတည္းကေရာက္ရွိခဲ့တဲ့
အီတလီဝါရင့္တိုက္စစ္ကစားသမားအင္ဆစ္ဂ္နီဟာ (၁၆)ႏွစ္ၾကာ
ကစားခဲ့တဲ့ နာပိုလီအသင္းနဲ႔လမ္းခြဲေတာ့မွာျဖစ္ၿပီး လာမယ့္ေႏြရာသီက်ရင္
ေမဂ်ာလိဂ္ကလပ္ တို႐ြန္တိုအသင္းဆီေျပာင္းေ႐ႊ႕ကစားဖို႔ေသခ်ာသြားပါၿပီ။
အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အင္ဆစ္ဂ္နီဟာ ၿပီးခဲ့တဲ့ႏွစ္က,
က်င္းပခဲ့တဲ့ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ အီတလီအသင္းဗိုလ္စြဲေအာင္
ေျခစြမ္းျပကစားခဲ့သူျဖစ္ၿပီး အခု သူက နာပိုလီအသင္းကိုသာမက
အီတလီေဘာလုံးေလာကကိုပါ စြန႔္ခြာေတာ့မွာျဖစ္ပါတယ္။
၂၀၀၉-၁၀ ရာသီကစတင္လို႔ နာပိုလီအသင္းႀကီးအတြက္
ပြဲထြက္ကစားခြင့္ရခဲ့တဲ့ အင္ဆစ္ဂ္နီဟာ နာပိုလီကစားသမားဘဝ
(၁၁)ရာသီနီးပါးကာလအတြင္း (၄၁၆)ပြဲကစား၊ (၁၁၄)ဂိုးသြင္းၿပီးေတာ့
ဂိုးဖန္တီးမႈ(၉၁)ႀကိမ္ျပဳလုပ္ခဲ့ၿပီး အသင္းနဲ႔အတူ ကိုပါအီတလီယာဖလား(၂)ႀကိမ္၊
အီတလီစူပါဖလား(၁)ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
နာပိုလီအသင္းသမိုင္းတစ္ေလွ်ာက္ စတုတၳေျမာက္
သြင္းဂိုးအမ်ားဆုံးကစားသမား အင္ဆစ္ဂ္နီရဲ႕စာခ်ဳပ္က
ဒီရာသီကုန္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး သူ႔ကို ထိပ္သီးကလပ္တခ်ိဳ႕က
စိတ္ဝင္စားခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ေမဂ်ာလိဂ္က
တို႐ြန္တိုအသင္းဆီေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
အင္ဆစ္ဂ္နီဟာ အခုဇန္နဝါရီကာလအတြင္း ျပည္ပကလပ္အသင္းတစ္သင္းနဲ႔
အေျပာင္းအေ႐ႊ႕အႀကိဳသေဘာတူညီမႈရယူခြင့္ရွိေနတာေၾကာင့္
တို႐ြန္တိုနဲ႔အႀကိဳသေဘာတူညီမႈစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး
ရာသီကုန္က်ရင္ အလြတ္နဲ႔ေျပာင္းေ႐ႊ႕မွာပါ။ အင္ဆစ္ဂ္နီအေနနဲ႔
တို႐ြန္တိုအသင္းနဲ႔(၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သလို တစ္ပတ္လစာအျဖစ္
ေပါင္(၁၅၅,၀၀၀)ရရွိမွာျဖစ္ၿပီး ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္
ေပါင္(၃.၆)သန္းအထိရဖို႔ရွိေနပါတယ္။